Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Saturday, January 31, 2009

မဲဆောက်အနီးကအန္တရာယ်ကျရောက်နေသောရွာကလေးတရွာအကြောင်း




သို့ 

ဆရာဦးဌေးဝင်း

ရခိုင်အမျိုးသားသတင်းစာ

ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ၊ ၊

ဖော်ပြပါပုံတွေဟာမဲဆောက်မြို့ မှ ၄၄ကီလိုအကွာမှာတည်ရှိသော ”၀ါးတောရွာ” ဆိုတဲ့ မြန်မာ ရွှေ့ ပြောင်းအလုပ်သမားတွေ စုစည်းပြီးနေတဲ့ရွာကလေးတရွာဖြစ်ပါတယ်၊ အဲဒီရွာမှာ အိမ်ခြေ ၄၃အိမ်ရှိပြီး လူဦးရေ၂၀၀ကျော်ရှိတယ်၊ အဲဒီရွာကို သက္ကရဇ်၂၀၀၀ခုနှစ်မှစ၍ အလုပ်သမား များ ရွှေ့ ပြောင်းလုပ်ကိုင်ရင်းနေထိုင်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်၊ သူတို့ ဟာ ၄၄ကီလို ပတ် ၀န်းကျင်တ၀ိုက်မှာ နေ့ စား တောင်ယာအလုပ်တွေကို ကြုံသလိုလုပ်ကိုင်နေကြတဲ့သူတွေ ဖြစ် ပါတယ်၊ ထိုရွာကလေးမှာ ရွှေ့ ပြောင်းကလေးတွေကိုအတွက် မူလတန်းကျောင်းတကျောင်း ရှိ ပါတယ်၊ ကျောင်းသားဦးရေ ၁၄၆ယောက်ရှိပါတယ်၊



အခုလိုအဲဒီရွာကိုထိုင်းစစ်သားတွေလာဖျက်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရွာနဲ့ ကျောင်းကို ကမကထဦးဆောင်ပြီးလုပ်ပေးနေတဲ့ ရွာခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်ကြည်ကိုမေးကြည့် ရာ ”သူက ဇန်န၀ါရီလ ၁၄ရက်နေ့ နေ့ လည်တနာရီလောက်မှာ စစ်သား၂ယောက်ရောက်လာ ပြီးတော့ မင်းတို့ ဒီနေ့ အလုပ်မသွားနဲ့ ၊ အိမ်တွေကို မနက်ဖြန်အပြီးဖျက်ပေးရမယ်၊ မနက်ဖြန် လူတွေကိုမတွေ့ ချင်ဘူး၊ တွေ့ ရင်သတ်ပစ်မယ်” ဟုသူကပြောပြီး ပြန်ထွက်သွားတယ်၊ နောက်နေ့ ကျနော်တို့  ရှိတဲ့ပစ္စည်းတွေကိုသိမ်းပြီးထွက်ပြေးရတာပေါ့၊ ကျနော်တို့ ဘ၀တွေက တကယ်ရင်နာဖို့ ကောင်းပါတယ်၊ ကိုယ့်မြန်မာနိုင်ငံမှာ မိမိကိုယ်ကိုနိုင်ငံတော်ဖခင်လို့ ထင်နေ တဲ့(ဖင်ခံကြီး) အော်ဆောရီးနော် ဖခင်ကြီးမကောင်းလို့ လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ သွားလာ ခွင်တွေ ပြောဆိုခွင့်တွေ ပညာသင်ကြားခွင့်တွေ ဘာအခွင့်အရေးမှမရှိလို့ ထိုင်းနိုင်ငံကိုလာပြီး လုပ်ကိုင်စားသောက်သော်လည်း ခွေးလို ၀က်လိုမောင်းထုတ်ခံရတယ်ဗျာ” ဟုဆိုသည်။ ”၂၃။ ၀၁။ ၀၉ ရက်နေ့ ထိ လူ၂၀၀ကျော် တောထဲမှာပုန်းအောင်းတိမ်းရှောင်နေရတယ်၊ အပြင်မှာ ထွက်ပြီး စားနက်ရိက္ခာလေးဘာလေးရှာမယ်လို့ ကြိုးစားသော်လည်း သူတို့ ရန်ကိုကြောက်နေ ရတယ်၊ စားရေးသောက်ရေးအဆင်မပြေလို့ လိုအပ်တာတွေကို အဲန်ဂျီအိုတွေကလှူသော် လည်း နောက်တခါအဆက်အသွယ်မလုပ်ရဘူးလို့ သူတို့ လာပြီးခြိမ်းခြောက်တယ်၊ ကျနော်တို့  ကိုလည်းအဲဒီအုပ်စုတွေနဲ့ နေရင် မင်းတို့ ကိုသတ်ပစ်မယ်ပြောလို့ နေရာပြောင်းကာ ပုန်းရှောင် နေရတယ်၊ အခုလောလောဆယ် ဘာတွေအခက်အခဲရှိသလဲလို့ မေးတော့ ”အခုတော့ ဆန် တွေ သောက်ရေတွေ အဓိကလိုအပ်နေတယ်၊ အခုကျနော်တို့ ငတ်တလှည့် ပြတ်တလှည့်နဲ့  တောထဲမှာနေနေရတာ ၁၀ရက်လောက်ရှိနေပါပြီ၊ နောက်ဘယ်နှစ်ရက်လောက် နေရဦးမလဲ ဘယ်ကိုသွားလို့ ဘယ်မှာနေရမှန်းမသိတော့ဘူ”

၄၈ကီလိုမှ ဆရာကြီးဦးစံထွန်းအောင်ကလည်း ”၄၈ကီလိုရွာမှာနေထိုင်တဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမား အိမ်ခြေပေါင်း၅၀ကျော်ခန့် ကိုလည်း ထိုင်းအာဏာပိုင်များက လာရောက်ပြီး အင်းအဓမျွဖျက်ဆီးပြောင်းခိုင်းသောကြောင့် လူဦးရေ၃၀၀ခန့် ဟာ တောင်ယာတွေ စိုက်ခင်း တွေမှာ သွားရောက်ပြီးနေကြရတယ်”ဟု ပြောသည်၊


”မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘ၀ မြန်မာပြည်သူတွေရဲ့ဘ၀ဟာ ဒို့ ဘ၀ ဒို့ သွေးတွေ ဘဲ

”မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့အရေး မြန်မာပြည်သူတွေရဲ့အရေးဟာ ဒို့ အရေးဘဲ”

”ရွှေ့ ပြောင်းအလုပ်သမားတွေနှင့် မြန်မာပြည်သူလူထုတွေရဲ့ ခိုင်မာသောယုံကြည်မှုကို လိုချင် ရင် သူတို့ တွေရဲ့အရေးကိုလုပ်ပေးရလိမ့်မည်”

လေးစားစွာဖြင့်

ခိုင်လမင်း

ဥက္ကဌ

ရခိုင်အလုပ်သမားများ သမဂ္ဂ

မဲဆောက်မြို့ 

ထိုင်းနိုင်ငံ

.

Summary

Rest of your post

Read More...

Friday, January 30, 2009

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ


ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။

ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။

အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။



Summary

Rest of your post

Read More...

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း


လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)


NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉
line

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။


Summary

Rest of your post

Read More...

ချိုတကူး နှင့် ဂုဏ်ရည်တူသူများ


(မင်းဒင် ရေးသည်)

ဆရာအောင်သင်း၏ " ချိုတကူးနှင့် ဂုဏ်ရည်မတူ " ကို ကျနော် အထက်တန်း ကျောင်းသား ဘဝ က ဖတ်ခဲ့ရဘူးသည်။ဆရာအောင်သင်း၏ စာပေဟောပြောပွဲများတွင်လည်း ချိုတကူးကို ပြန်တွေ့ရပြန်ပါ သည်။တွေ့ဖန်များသော် ချိုတကူးကို ကျနော် ရင်းနှီးလာသည်။ အပြည့်အ စုံမဟုတ်သည့်တိုင် မှတ်မိသမျှ ချိုတကူး၏ အကြောင်း မှာ အောက်ပါအတိုင်း ဖြစ်၏။



Summary

ချိုတကူးမှာ မြေလတ်မြို့ လေးတစ်မြို့မှ ဆယ်သုံးနှစ်ဝန်းကျင်အရွယ်ကုလားလေး ဖြစ်ပါသည်။ ချိုတကူး သည် ထိုမြို့သား မဟုတ်ပါ။ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ချိုတကူးတို့ မိသားစု အိန္ဒိယ ပြည်သို့  ပြန်မည့်  သဘောင်္တစင်း အဆိုပါမြေလတ်မြို့ ဆိပ်ကမ်းတွင် ကပ်နေ စဉ် ချိုတကူး တို့ သားအဖ သုံးယောက် အစားအသောက် ဝယ်ရန် ဆိပ်ကမ်းသို့ အဆင်း ၊ ရုတ်တရက် လေကြောင်းရန် အချက်ပေး ဥသြ သံကြောင့် ကမ်းမှ အရေးပေါ် ထွက်ခွာသွားခဲ့ရာ ချိုတကူးတို့ သားအဖ သုံးယောက် မိသားစုနှင့်  ကွဲလျက် ကျန်ခဲ့ရရှာ သည် ဟုဆိုပါသည်။

................................

မကြာ မတင်မှာပင် ချိုတကူး၏ အဖေနှင့် အကိုမှာ ကာလဝမ်း ရောဂါကြောင့် ရှေ့ဆင့် နောက်ဆင့် ဆုံးပါးကုန်ကြရာ တမြို့တရွာတွင် တ ကောင်ကြွက် တမျက်နှာ ကျန်နေခဲ့ရှာသော ချိုတကူးမှာ တမြို့လုံး ခိုင်းဖတ်ဘဝ ရောက်ရရှာသည်။ တဝမ်းတခါး အတွက် ရေခပ် ထင်းခွဲ မှအစ အောက်ခြေသိမ်း အမှိုက်သိမ်း လူတကာ မလုပ်ချင်သည့် အလုပ်မျိုးစုံဖြင့် အသက်ဆက်ခဲ့ ရသူ ဖြစ်ပါသည်။ လူတကာကို အောက် ကျို့ကာ ဘဝကို ဖြစ်သည့် နည်းဖြင့် ရုန်းကုန် နေရသည့် မိမရှိ ဘ မရှိ ဆွေမျိုး ဥာတကာ နတ္ထိ ချိုတကူးကို တမြို့လုံးက ဂရုဏာသက်ကြ သည် ဟု ဆို၏။ သို့သော် ချိုတကူးကား သူ့ဘဝကို ပျော်ပျော်ပင် ဖြတ်ကျော်နေခဲ့သည် ဆို၏။


အနှီ ချိုတကူးသည် တနေ့သော အခါ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော ရုပ်ရှင်မင်းသမီးကြီး မေသစ် ပါဝင်သည့် ဂုဏ်ရည်မတူ အမည်ရှိ အလွမ်းဇာတ် ဘိုင်စကုပ်ကို ကြည့်နေစဉ် မေသစ်ကြီး၏ ပိုင်နိုင်လှသော သရုပ်ဆောင်ချက်ကြောင့် ရှိုက်ကြီးတငင် ငိုသည် ဟုဆို ပါသည်။ ရုပ်ရှင်ရုံအပြင် ရောက်သည့်တိုင် မေသစ်ကို သနားမဆုံးနိုင် တဖွဖွ ဖြစ်ရသည် ဆို၏။

.....................................
တမြို့လုံးက ဝိုင်းသနားကြသော ဒုက္ခသည်အစစ် ချိုတကူးသည် ဘိုင်စကုပ်ထဲက ဒုက္ခသည် အတု မေသစ်ကို ကြည့်ကာ သနား ခဲ့လေ သောကြောင့် ဆရာအောင်သင်းသည် သူ့ ဇာတ်အဆုံးတွင် လူတို့၏ သဘောသည် အစစ်ထက် အတုကို ပိုမိုမြတ်နိုးတတ်ကြောင်း ကောက် ချက်ဖြင့် နိဂုံးချုပ်ခဲ့ပါသည်။

.......................................

ရေးဖွဲ့မှုပင် သဘာဝကျနပိုင်နိုင်လေသလော။ကျနော်ပင်လျှင် ခံစားတတ်သူပေလော မဝေခွဲနိုင်လင့် ကစား ချိုတကူး၏ ဇာတ်လမ်းသည် ကျနော့်စိတ်အစဉ်တွင် အဆုံးမသတ်နိုင်သေးချေ။ သဘောင်္ကြီး ကမ်းကခွာ သွားယုံမျှဖြင့် ချိုတကူးသည် ဘဝကို စုံးစုံး အမြှုပ်ခံလိုက်လေ သလော။ အောင်လံမြို့တွင်ပင် အရွယ်ရောက်ကာ အိမ်ထောင်ရက်သား ကျသွားလေသလော။ ချိုတကူး၏ သားစဉ် မြေး ဆက်တို့သည် အောင်လံမြို့တွင် ယခုတိုင် ရှိနေသေးသလော။ သို့တည်းမဟုတ် မဟာ ဇနက္ကထုံး နှလုံးမူလျက် ရရာအလုပ်ကို လုပ်ကိုင်လျက် ငွေကြေးစု ဆောင်းကာ လုံလောက် သည့်တနေ့တွင် မိသားစုရှိရာ အိန္ဒိယပြည်ကြီးသို့ တမူး၊ မိုးရေး လမ်းမှ ဖြတ်သန်းပြန် သွားနိုင် ခဲ့လေသလော။

.....................................

စတုတ္တတန်း ဖတ်စာပါ သားတယောက်ကိုသာ မြင်သည် ဟူသော ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်၏။
ဇရပ်အို တခုပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်လျက်နားနေသည်။ မလှမ်းမကမ်းရှိ ရေတွင်းတခု တွင် မိန်းမကြီး သုံးဦး ရေအိုးကိုယ်စီဖြင့် ရေငင်လျက် ရှိကြစဉ် ပထမ မိန်းမကြီးက သူ၏သားသည် သီချင်းဆိုရာ၌ အသံ အလွန်ကောင်းသူဟု ဆို၏။ ဒုတိယ မိန်းမကြီးကမူ သူ၏ သားသည် အပြေးအလွန်သန်သည် ဟု ဆိုပြန်သည်။ တတိယ မိန်းမကြီးကမူ သားဖြစ်သူအကြောင်းတခွန်းမျှ မဟချေ။
ထိုစဉ် ကလေးငယ်သုံးဦးသည် ရေတွင်းရှိရာသို့ လာနေကြ၏။ တဦးသော ကလေးမှာ အလွန် သာယာသော တေးသီချင်း တပုဒ်ကို သီဆို ရင်း လာနေ၏။ အခြားကလေး တဦးမှာမူ သံဂွေတခုကို လှိမ့်လျက် အပြေးလာနေ၏။ ထိုကလေး နှစ်ဦးစလုံးမှာ ရေတွင်းဘက်သို့လှည့် ၍ပင် မကြည့်ချေ။ နောက်ဆုံး ခပ်မှန်မှန် လျှောက်လာနေသော ကလေးငယ်မှာ ရေတွင်းရှိရာ သို့ တန်းတန်းမတ်မတ် ရောက်လာကာ တတိယ မိန်းမကြီး၏ ရေအိုးကို ထမ်းလျက်ထွက်ခွာ သွားလေသည်။
ထိုအခါ ပထမနှင့် ဒုတိယ မိန်းမကြီးတို့က ဇရပ်ပေါ်ရှိ အဘိုးအိုအား မိမိတို့၏ သားများကို မြင်လိုက်ပါသလော? ဟုမေး၏။ ဤတွင်အဘိုးအိုက " ကျွန်ုပ် သားတယောက်ကိုသာ မြင်ပါသည် " ဟု ဆိုသည်။


သည်လို ပုံနှင့် မိုးကြီးချုပ် ပေရော့မည်။
ပြည်ပသို့ ရောက်နေကြသော မြန်မာအားလုံးကို စောင့်ကြည့်နေသည့် အဘိုးအိုတစ်ယောက်သာ ရှိပါမူ ........" မြန်မာပြည်သားများကို မြင်မိပါသလော " မေးသူရှိသည် ဟူငြားအံ့ ။ " ကျွန်ုပ် ချိုတကူး တို့ကိုသာ မြင်သည် " ဟု ဆိုမည် ထင် ၏။ ကမ္ဘာ့အတန်းအစား ဝိဥာဉ် များ တွင် ပုံပန်းချီရေးခြင်းငှာ စာရင်း မဝင်သော ချိုတကူးပုံတူ စာရင်းတွင် ကျနော်သည်လည်း အဝင်အပါ ဖြစ်လေသည်။
...................................


Read More...



Read More...

ကေအင်ယူတော်လှန်ရေးနေ့ နှင့်ကျေးဇူးတရား




၃၁-၁-၁၉၄၉ တွင် ဖ ဆ ပ လ အစိုးရမှာ အင်းစိန်ရှိ KNDO ဗဟိုဌါနချုပ် ကိုဝန်းရံပြီး အင်းစိန်တွင်နေထိုင်သော
ကရင်တိုင်းရင်းသားများအားစတင်တိုက်ခိုက်ရုံသာမကKNDO အားမတရားအသင်း အဖြစ် ကြေညာခဲ့ရာမှစ၍ ကရင်
တိုင်းရင်းသားများမခံမရပ်နိုင်ဖြစ်ကာဇန်န၀ါရီလ(၃၁)ရက်တွင်လက်နက်ဆွဲကိုင်တော်လှန်ခဲ့ရမှုကိုဂုဏ်ပြုသောအားဖြင့်
ဇန်န၀ါရီ (၃၁) အားကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ရာ လာမဲ့ ၃၁ ရက်နေ့ တွင် ကရင့်တော်လှန်ရေး
နှစ် (၆၀)ပြည့်ခဲ့ပါပြီ၊ အဲဒီအချိန်တိုင်းပြည်ဦးဆောင်နေသူတွေရဲ့တွေးခေါ်မှု ဆုံးဖြတ်မှုနိုင်ငံရေးမကျွမ်းကျင်မှု စတဲ့အားနည်းချက်တွေကြောင့်တိုင်းရင်းသား လူမျိုးစုတွေဟာလက်နက်ဆွဲကိုင်ပြီးသူတို့ ကြမ္မာ သူတို့ ဖန်တီးနိုင်ဖို့ တိုက်ပွဲဝင်ခဲ့ကြရတယ် ။။



မည်သို့ ပင်ဆိုစေကာမူ ယနေ့ ထိ ကျမတို့ တိုင်းပြည်ရဲ့ တိုင်းရင်းသား အားလုံး တန်းတူအခွင့်အရေး ရပိုင်ခွင့်တွေ
ဆုံးရှုံးနေကြရဆဲပါ ။။ ဒီထဲမှာလက်နက်ဆွဲကိုင်တော်လှန်မှုကိုစခဲ့တဲ့ အကြီးမားဆုံးသော လူမျိုးစု ကြီးတရပ်ဟာ ကရင်တိုင်းရင်းသား
တွေဖြစ်ပါတယ်။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့ရင် ဒီပြဿနာတွေကို ဒီလောက် နှစ်တွေ မကုန်ဆုံးလောက်ခင်ကတည်းက ဖြေရှင်းနိုင်ပြီပဲ လို့ ကျမ အနေနဲ့ ယုံကြည်နေပါတယ် ။ဒါပေမဲ့ ကျမတို့ တိုင်းရင်းသားပြည်သူတွေရဲ့ ကြမ္မာလို့ ပဲပြောရမလား အာဏာ မက်သူတွေရဲ့ ရက်စက်တဲ့စနက် ကြောင့် လို့ ပဲပြောရမလား ခုထိကို ဗမာတိုင်းရင်းသားအပါအ၀င် ဘယ်တိုင်းရင်းသားမှလွတ်လပ်ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိကြရသေးပါဘူး။ ဒါကို ဘာကြောင့်လဲအဖြေ၇ှာရင် မခက်ပါဘူး အာဏာနေရာယစ်မူးတက်တဲ့ အရှက်မဲ့ လူ့ အန္တ တွေကြောင့်ပါ ဗမာက လူမျိုးအရေအတွက်များလေတော့ ဗမာလူမျိုးကြီးဝါဒဆွဲတွေကြောင့် လို့ ယိုးစွပ် ကြပေမဲ့ စနစ်ဆိုးနဲ့စိတ်ဆိုး စိတ်ရိုင်းတွေရှိတဲ့ အဟိတ်စိတ်လောက်နဲ့ သာ ပဠိသန္ဓေ ဖြစ်တည်ခဲ့ကြတဲ့ လူ့ ငနွါးတွေကြောင့်ပါ ။

ကရင့်ခေါင်းဆောင်တွေမှာကျမ ကြားသိဘူးတဲ့ စောဘဦးကြီး ။ ကွယ်လွန်ချိန်မှာဈာပနကိုပို့ ခွင့်ရခဲ့တဲ့ ဗိုလ်ချုပ်မြ စည်းဝေးပွဲ ဆွေးနွေးပွဲတွေမှာ တွေ့ဆုံလေ့၇ှိပြီး ကျမတို့ အပေါ်ကိုပင်ပြန်လည်အသိအမှတ်ပြု ဆက်ဆံတက်တဲ့ ဖဒိုမန်းရှာလဘန်း ။ အသက် အရွယ်ကြီးရင့်သော်လည်း တော်လှန်ရေးအတွက်မနေမနားကြိုစားနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘော သူ့ တို့ တွေရ့စေတနာ သူတို့ တွေရဲ့ ကရင့်တိုင်းရင်းသားတွေအပေါ် မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ်ထားတဲ့စေတနာ - အနီးကပ် တွေ့ ရှိ ကြားသိတဲ့ အခါမှာ ကျမ ပိုလို့ ကိုလေးစားလာပါတယ် ။။

တစ်ကိုယ်ကောင်းစိတ်ရှိရင် ဒီတော်လှန်ရေး မဟာမိတ်အင်အားစုတွေကိုပစ်ပြီးဗိုလ်ခင်ညွန့်  လက်ထက်ကတည်းက အလင်းဝင် တာကြာပြီပေါ့ ။။ ခုတော့ စစ်အုပ်စု ရဲ့ ခိုင်းစေမှုကြောင့် တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခံရ NGO တွေဆိုတာကလည်း ကို ယ်လာတဲ့ နိုင်ငံဘာလုပ်နေတယ်ဆိုတာသိလျက် နဲ့လက်နက်ဆွဲကိုင်လို့ ဆိုပြီးလေထဲကတော်လှန်ရေးအုပ်စုလောက်သာ ထောက်ပံ့ လက်နက်ကိုင် တွေကိုရှောင်လွဲ အဲဒီ့ဒုက္ခတွေကြားမှာမားမားရပ်နေတာ ကရင့် တော်လှန်ရေးခေါင်းဆောင်တွေပါ ။။



ပြီးခဲ့တဲ့အတိတ်သမိုင်းတွေမှာအထင်အမြင်လွဲမှားမှုတွေနဲ့ အဆုံးအဖြတ် တင်းမာတာတွေရှိခဲ့သော်လည်း တကယ်တန်း (၈၈) လူထု တော်လှန်ရေးကြီးပေါ်ပေါက်လာတော့ တောထဲထွက်ပြေးလာသူ ကျောင်သား အလုပ်သမား လူထုလူတန်းစားမှန်သမျှ နွေးထွေးစွာ ကြိုဆိုပြီး ကျောင်းသားတပ်မတော်ကြီးကိုလည်းရအောင်ဖွဲ့ ပေးခဲ့တယ် ။။ အစိုးရအဖွဲ့ ဆိုတာလည်း ဖြစ်အောင် အသင့် တည်ဆောက်ပေး ခဲ့တယ် ။။ ဒီသမိုင်း တွေကို NGO ပေးငွေတွေ နဲ့ဖုန်းလို့ မရပါဘူး။ ဖျက်လို့ မရဘူး ကရင့်ခေါင်းဆောင်တွေ ကရင်တိုင်းရင်းသားတွေမှ သိ တာ မဟုတ်ဘူး အာဏာရှင် နေရာမက်သူကိုရွံ့မုန်းတဲ့ ဗမာလူမျိုးစုတွေ ကလည်းသိနေတယ်။။ဥပမာ --သက်သေတစ်ရပ် အနေနဲ့ ကိုမိုးသီဇွန် တို့ လို လူမျိုးရှိနေ တယ် ပေါ့ --

ဒီတော့ ကျမတို့ တစ်တွေတာဝန်မကြေနိုင်ခဲ့သေးတဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး တန်းတူအခွင့်အရေးရဖို့ ဘယ်လိုမူနဲ့ ဘယ်လိုပုံစံနဲ့  သွားသင့်သလဲဆိုတာ စစ်အုပ်စု မျက်စိစုံမှိတ်ထားသလို အလိုတူအလိုပါ အာဏာရူးတွေလည်း မသိဟန်ဆောင်ထားမယ် ဆိုရင်တော့ ဟော --၈၈ ကာလကျော်ကနေ ခုထိထားခဲ့တဲ့သူတို့ စေတနာ သူတို့ ရဲ့ ကရင်လူမျိုးတွေ လွတ်လပ်စေ့ချင်တဲ့မျော်လင့်ချက် တွေကိုစော်ကားရာကျပါမယ် ။။

ကျမတို့ ဗမာတွေဟာဒီလိုပါပဲလားလို့  နောက်ထပ် သမိုင်းသစ်မှာထပ်မတွင်ရစ်စေ့ချင်ရင်တော့ ကျေးဇူးတရားဆိုတာသိတက်ဖို့ အောင့် မေ့ဖို့ နဲ့ ပြန်လည်ပေးဆပ်တက်ဖို့ လိုအပ်တယ်သိတ်အရေးကြီးတယ်ဆိုတာတင်ပြရင်းကရင့်ခေါင်းဆောင်များကို အလေးအမြတ်ဂုဏ်ပြု လိုက်ပါတယ် ။။ ကရင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်ပါစေ။။

မေအိခင်(လယ်ဝေး)

Read More...

Thursday, January 29, 2009

အထွေထွေညများ

ငါနဲ့ ငါရန်မဖြစ်တတ်ဘဲ
ကြီးမြတ်သူများနဲ့ ရန်ဖြစ်လိုတဲ့ ကိုယ့်ဘာသာကိုယ်အထင်ကြီးမှုများ
ဘင်္ဂလားပင်လယ်အော်တခုစာမျှ ငါမြိုချခဲ့ဖူးတယ်
အတောင်မပါတဲ့အဲဒီအတွေးတွေဟာ
ရေအောက်မှာ အိပ်စက်လို့ ၊

ပညာပရ၀ုဏ်ထဲက မြို့ ပြသရဲတွေဆွဲချခံရလို့
ရန်ကုန်မြို့ ရဲ့အံဝှက်ကြီးထဲမှာ သက္ကရာဇ်အတန်ကြာ နေခဲ့ရပြီးနောက်
အညှာမခိုင်တဲ့ရွက်ဝါလို့ 
နယ်စပ်ကိုဖြတ်ကျော် အဆင်မပြေတာတွေအားလုံးကို ရင်ဘတ်နဲ့ မွေးဖွါးလို့ 
ဘာမှန်းမသိတဲ့အရာတွေကြားမှာ
ပုဒ်မအတပ်မခံရတဲ့ အကျယ်သားဘ၀ကို ရခဲ့လေရဲ့၊

ဂယ်ပေါက်တွေ မလွယ်ပေါက်တွေကြားက
တဘ၀စာလေးများ လျှာနဲ့ လျှက်စားလို့ ကတော့
သေမသွားလောက်ပါဘူး ဒါပေမဲ့ ငါဒီခရီးကိုနှင်ခဲ့တာ
ငါ့အရေပြားကလေး အရောင်လက်ရုံအတွက်မှမဟုတ်တာ
တကိုယ်စာဆိုရင် ငါအောင်ခဲ့တဲ့ ဆယ့်ခြောက်တန်းအောင်လက်မှတ်က
ဒုက္ခထူပြောတဲ့ ငါ့ဇာတိရွာမှာလည်း အလုပ်ဖြစ်ပါတယ်။
အခုဟာက သိဒ္ဒတ္ထလိုစွန့် စားခန်းမဟုတ်ပေမဲ့
ငါ့ပခုံးနဲ့ နိုင်သလောက်ထမ်းဖို့ ရယ်လာတာ
ငါသာယာရုံဆို
ဘာမှညည်းနေစရာမလိုပါဘူး
သောင်ရင်းမြစ်ဟာ အနော်မာမဟုတ်သလို
ငါတို့ ဟာလည်း မဟာလူသားတွေတော့ မဟုတ်ကြ၊

ခရီးကျွံထွက်ခဲ့ပြီ ခရီးလွန်သွားတာမဟုတ်
နက်ဖြန်ကိုညွှန်ပြတဲ့သင်္ကေတများ
အားလုံးဟာ တစုံတရာကိုမျှော်နေတယ်
ရက်ရှယ်ထားတဲ့အလံကလှပပါရဲ့
အလံကိုင်တယောက်လိုနေတယ်
ပစ်မှတ်ကိုထိအောင်ပစ်တတ်သူပ၊
ငါ့မိတ်ဆွေစာရေးဆရာကတော့
အိပ်ဇိုးဒပ်ကြီးကို ရန်ကုန်မြစ်ထဲကိုမောင်းသွင်းဖို့ 
သမ္မာကျမ်းစာအသစ်ရေးနေတယ်
သူ့ ဇာတ်ညွှန်းမှာ သူသာအယ်ရီဘီကီနင်ဖြစ်တန်ကောင်းရဲ့
ရွှေတိဂုံမှာပြန်ဆုံချင်စမ်းဘိ၊

လူတွေရဲ့နှလုံးသားအရပ်ကို
တတောင့်ချင်းကလောင်နဲ့ ပစ်ရင်း
ရန်သူကိုတတောင့်ချင်းပစ်ခွင်း
ကိုယ့်ကိုယ်ကိုလောင်မြိုက်တဲ့ ဘ၀ရဲ့လွင်တီးခေါင်ထဲမောင်းသွင်း
နှင်းကျတာတောင် အေးမြတယ်မခံစားတတ်တော့တဲ့
ဟောဒီရင်ဘတ်ဟာ ဒဏ်ရာတွေနဲ့ နှစ်ပါးသွားလို့ ၊

မလုံခြုံပေမဲ့
ဧည့်စာရင်းစစ်မှာမကြောက်ရတဲ့ ညများမှာ
ငါ့တိုင်းပြည်မဟုတ်တဲ့နိုင်ငံမှာ
အဲဒီမြို့ ကြီးမှာ
ငယ်ငယ်ကမက်ခဲ့တဲ့အိပ်မက်အားလုံးကို မြှုပ်နှံလို့ 
တဖန်ပြန်လည်မွေးဖွါးတဲ့ ဘ၀အသစ်က
မသစ်မလွင်မလှပ
နီယွန်မီးအောက်မှာနေရင်း
မှုန်ပြပြ
ဆွံ့ အတဲ့အိပ်မက်ကို ဖက်တွယ်ရင်း
မိုးမလင်းတဲ့ညများအောက်မှာ
နောက်ကြောင်းတော့ပြန်မလှည့်ဘူးပ
ဒူးထောက်မဲ့အစား ဒူးနဲ့ တိုက်သွားမယ်
ငါဟာအရှုံပေးဖို့ မွေးဖွါးလာခဲ့တယ်မထင်ပ၊

ဆူညံဆူညံနဲ့ အခုတလောအသံများ
ပျော်ပွဲစားထွက်လာကြတဲ့ အာဏာရမက်တွေ
အရှက်ရစေမဲ့ အနှစ်မဲ့ဟိန်းဟောက်သံတွေ
အွန်လိုင်းပေါ်ကြွေးကြော်ကြ
စိတ္တဇဆရာဝန်မပါတဲ့ ဟောဒီလှေပေါ်မှာ
အရူးဟာ ဒေါက်တာဘဲပေါ့၊ ကောင်းကြရော၊
ဘစောတင်

Read More...

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်

ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉


တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။
သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။
ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။
တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။
လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။
လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။
ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။
နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။
ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။

Read More...

သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ

အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးပျက်အောင် ၀န်ကြီးရာထူးနှင့် ကန့်ကွက်မဲဝယ်ဟု စွပ်စွဲ




NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉

မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။
သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။
တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။
စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။
အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Read More...

ဝီဂန်အသင်းအိမ်ကွင်း၌လီဗာပူးနှင့်အမှတ်ခွဲယူ



တိုက်စစ်မှူးမီဒို


မီဒိုပင်နယ်တီကန်သွင်းနေပုံ


ဘီနာယောင်ဂိုးသမားအားဖြတ်ကျော်ဂိုးသွင်းနေပုံ

ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၃ အဖြစ် ဝီဂန်အသင်းက အိမ်ကွင်းတွင် လီဗာပူးအသင်းအား ဧည့်ခံကစားခဲ့ရာ ၁-၁ သရေဖြင့်ပြီးဆုံးခဲ့သည်။ ယခုပွဲတွင် လီဗာပူးအသင်းက တနင်္ဂနွေ နေ့တွင် ချဲယ်လ်ဆီးနှင့် ကစားရန်ရှိသဖြင့် ရှေ့တွင် တောရက်စ် ၊ ဘာဘယ် ၊ ဘီနာယောင် တို့ဖြင့် ပွဲထုတ်ခဲ့သလို ဝီဂန် အသင်းကလည်း မစ်ဒယ်ဘရော့အသင်းမှ အငှားခေါ်ယူထားခဲ့သည် မီဒို ကိုအထောင်ထားကာ ကောင်တာ ကစားခဲ့သည်ကိုတွေ့ရှိရသည်။ လီဗာပူးအသင်းက ပွဲချိန် ၄၁ မိနစ်တွင် မာရှေရာနို ခင်းပေးသည့် ဘောလုံးအား ဘီနာယောင်က ဝီဂန် ဂိုးသမားကို လိမ်ကာ လှလှပပ သွင်းယူသွားခဲ့သည်။ စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၃ မိနစ်တွင် လီဗာပူး ကွင်းလယ်လူ လူကပ်နေးက ပင်နယ်တီ စည်းအတွင်း ဘောလုံးဖျတ်ထုတ်ရာ ဘောလုံးမထိဘဲ ခြေထောက်အားဖြတ်ရိုက်မိသဖြင့် ပင်နယ်တီပေးခဲ့ရသည်။ ယင်းပင်နယ်တီ အား မစ်ဒယ်ဘရော့ အသင်းမှအငှားလာရောက်ကစားသည့် အီဂျစ်တိုက်စစ်မှူးဖြစ်သူ မီဒိုက ဂိုးသမား၏ ညာဖက်ထောင့်ထဲသို့ အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ဖြင့် ပွဲမှာ သရေဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲတွင် လီဗာပူး အသင်း အသာမရရှိဘဲ ဝီဂန်အသင်းကသာ ဘောလုံးပိုင်ဆိုင်မှုများစွာဖြင့် ကစားနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲသရေကျသွားသဖြင့် လီဗာပူး အနေဖြင့် မန်ယူအသင်းအား (တစ်ပွဲလျော့ ၂ မှတ်ကွာ)ဟသွားခဲ့ပြီဖြစ်သည်။

ယနေ့ည အနိုင်အရှုံးအဖြေများ

ချဲယ်လ်ဆီး ၂-ဝ မစ်ဒယ်ဘရော့ ( ၅၈ ၊ ၈ဝ မိနစ်တွင် ဆော်လမွန် ကာလူးတစ်ဦးတည်း ၂ လုံးသွင်းယူနိုင်ခဲ့သည်)
မန်းစီးတီး ၂-၁ နယူးကာဆယ်
(မန်စီးတီးအသင်းတွင် အသစ်ဝယ်ယူထားသည့် တိုက်စစ်မှူးဘယ်လာမီ ၊ ဒီဂျောင်တို့ကို ထည့်သွင်း ကစားသွားခဲ့သည်ကိုတွေ့ရသည်။ (၁၇ မိနစ်တွင် ရော်ဘင်ဟိုဖန်တီးပေးမှုမှ ရိုက်ဖီးလစ် တစ်လုံး၊ ၇၇ မိနစ်တွင် ဘယ်လာမီ တစ်လုံး(တိုက်စစ်မှူးသစ်) မိနစ် ၈၁ တွင်နယူးကာဆယ်မှ ကာရိုးက သိက္ခာဆယ်တစ်ဂိုးပြန်သွင်းယူနိုင်ခဲ့သည်)
ဘလက်ဘန်း ၂-၂ ဘော်လ်တန်
(ဘလက်ဘန်းမှ ပထမပိုင်းတွင် ဦးဆောင်၂ ဂိုးသွင်းယူထားခဲ့သော်လည်း ဘော်လ်တန်အသင်းမှ ၆၆ မိနစ်နှင့် ၈၇ မိနစ်တွင်ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် အဖိုးတန် ၁ မှတ်ရရှိခဲ့ခြင်းဖြစ်သည်)
အဲဗာတန် ၁-၁ အာဆင်နယ်
(တင်ကာဟေးကခေါင်းတိုက်ပြီး ၆၁ မိနစ်တွင်သွင်းယူ၊ ချေပဂိုးကိုတော့ ၉ဝ မိနစ်တွင် ဗန်ပါစီက သွင်းယူနိုင်ခဲ့သဖြင့် တစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်)

ဝက်စ်ဟမ်း ၂-ဝ ဟောစီးတီး

Read More...

Wednesday, January 28, 2009

“ထူးမခြားနား နိုင်ငံရေးပွဲစားများ”

“စိန်ဝင်းမှတပါး တခြားလူမရှိ” လို့ ဆောင်ပုဒ်တွင်လောက်တဲ့ ထူးမခြားနား နိုင်ငံရေးပွဲစားများနဲ့ ထပ်မံဖွဲ့ စည်းလိုက်ကြ တဲ့လူတစုဂိုဏ်းရဲ့ ထုတ်ပြန်ကြေငြာချက်ကိုအွန်လိုင်းစာမျက်နှာတခုပေါ်မှာဖတ်လိုက်ရတယ်။အပြင်ပန်းအားဖြင့် လူတစု အပေါ်မှာပဲ အခြေတည်ထားပါစေ ပြည်ပအစိုးရဖြစ်လာတာကို အငြင်းပွါးစရာမရှိပေမဲ့ အနှစ်သာရအားဖြင့်တော့ အစိုးရ တရပ်ရဲ့ အင်္ဂါရပ်များနဲ့ ကိုက်ညီပြည့်စုံမှုမရှိတဲ့ ထိုကဲ့သို့ သော အဖွဲ့ အစည်းများဟာ အနာဂတ်ကာလမှာ စိန်ခေါ်မှုများ စွာနဲ့  ရင်ဆိုင်ကြုံတွေ့ လာနိုင်တာတော့သေချာတယ်။ ဝေ့လည်ကြောင်ပတ်နိုင်တဲ့ နိုင်ငံရေးပွဲစားဥာဉ်နဲ့  တာဝန်ခံ တာ ၀န်ယူမှုကင်းမဲ့ပြီးပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့်လူတွေရဲ့ ယုံကြည်မှုများပျောက်ရှနေချိန်မှာ အခုလိုခေါက်ရိုးကျိုး နေတဲ့ မဲပြာပုဆိုးကို ထပ်ပြီးဝတ်ပြလိုက်တော့ ပြောစရာနည်းနည်းရှိလာတယ်။


ဖြစ်သင့်တာက

(၁) ပြည်ပလူထုကို အခြေပြုတဲ့ ဒီမိုကရက်တစ်အစိုးရပီသတဲ့ ပြည်ပအစိုးရ

နိုင်ငံတကာအဖွဲ့  အစည်းများရဲ့ အချက်အလက်တွေအရ ပြည်ပမှာ မြန်မာနိုင်ငံသား ၅ သန်းကျော်လောက် ပုံစံ အမျိုးမျိုးနဲ့  ရောက်ရှိနေထိုင်နေကြတယ်။ ဒီလူတွေထဲမှာ ၉၀ ခု ရွေးကောက်ပွဲကာလတုန်းက မဲမပေးခဲ့ဖူးတဲ့ လူတွေ လည်းအများကြီးပါဝင်နေတယ်။ ၁၉၉၀ ကာလနဲ့ ၂၀၀၉ ကာလဟာထပ်တူမကျဘူးဆိုတာတော့ မျက်နှာသစ်များနဲ့  ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲများကို ကြည့်ရင်သိနိုင်တယ်။ တကယ်လို့  ဒီလူတွေကို ကိုယ်စားပြုတဲ့ အစိုးရမျိုးဖွဲ့  စည်းမယ် ဆိုရင်တော့ ပြည်ပရွေးကောက်ပွဲလုပ်ရလိမ့်မယ်။ အိုင်တီနည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူဦးရေ ငါးသန်းလောက်ရဲ့ သဘောထားဆန္ဒများကို ကောက်ခံယူဖို့  ဆိုတာ သိပ်ပြီးတော့ မခဲယဉ်းပါဘူး။ လူထုဆန္ဒကို အမှီ သဟဲပြုတာကြောင့် လူထုရဲ့ ပံ့ပိုးမှုနဲ့  ထိရောက်ခိုင်မာတဲ့ အစိုးရမျိုးဖြစ်လာနိုင်တယ်။ လူထု၊ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား များကြားမှာ အရင်ဆုံးအမျိုးသားရင်ကြားစေ့ရေး လုပ်ခြင်းမျိုးဖြစ်လာနိုင်ပြီး သွေးစစ်တဲ့ညီညွတ်ရေးအင်အားကြောင့်
တချိန်ချိန်မှာစစ်အုပ်စုနဲ့ စစ်စနစ်ကို အပြီးသတ်နိဂုံးချူပ်ဇာတ်သိမ်းပေးလာနိုင်မယ်။

(၂) ဒီမိုကရေစီအနှစ်သာရနဲ့ ကိုက်ညီတဲ့ ဦးဆောင်နိုင်စွမ်း တာဝန်ယူတာဝန်ခံနိုင်စွမ်းနဲ့ ပြည်စုံတဲ့ အစိုးရ

NCGUB၊ NCUB၊ MPU၊ NLD-LA စတဲ့ ပါတီအဖွဲ့ အစည်းတွေကြားမှာ စစ်ပထွေးမသေခင်အမွေတောင်းပြီး အချင်းချင်းလူချဖို့ စုပေးထားတဲ့ပုံစံမျိုးမဟုတ်ပဲ လက်ရှိလူထုက ရွေးကောက်တင်မြှောက်တဲ့လူထုထဲကလာတဲ့ ခေါင်း ဆောင်မှု အရည်အချင်းများရှိခြင်းကိုအခြေခံထားတဲ့လူပုဂ္ဂိုလ်များနဲ့အစိုးရမျိုးဖွဲ့ စည်းခြင်းဖြင့် မြန်မာလူမျိုးများရဲ့ ပြည်ပ နိုင်ငံရေးပုံစံသစ်တခုအဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်းကပါ လေးစားတန်ဖိုးထားထောက်ခံလာနိုင်တယ်။ အပြောင်းအလဲကို လိုချင်ပေမဲ့ မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရမှာ ကြောက်နေတဲ့ တနပ်စာအတွေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုကိုမှီခိုပြီး ဘ၀ ရပ်တည်နေကြတဲ့ နိုင်ငံရေးပွဲစားများကို အနားပေးပြီး တကယ်အနစ်နာခံကိုယ်ကျိုးစွန့် မယ့် လူသစ်များနဲ့  အနာဂတ် ကိုမျှော်ကာ မျိုးဆက်သစ်ကို လက်တွဲခေါ်ရဲတဲ့ အကျင့်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီရှင်သန်ဖြစ်ထွန်းလာနိုင်သလို လူမဆန်တဲ့ နအဖစစ်အုပ်စုကိုလည်း ပြတ်ပြတ်သားသား နိုင်ငံရေးအရ စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာနိုင်မယ်။





ဖြစ်လာတာက

(၁) လူဦးရေ (၂၀) ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစုအစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို ဆန္ဒခံမဲပေးပြီး အစိုးရဖွဲ့ လိုက်ကြတယ်။ နိုင်ငံရေးပွဲစားအများစုက တစ်လကို ဒေါ်လာနည်းနည်းပါးပါးရနေခြင်း၌ခုံမင်နေကြသော ကြောင့် ဒီမိုကရေစီမျက်နှာကို မမြင်ချင်ယောင်ဆောင်ပြီးပရောဂျက်ရှာပေးနေကျလူကိုပဲ နေရာထပ်ပေးထားလိုက်ကြ တယ်။ လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန်ဖြစ်နေပါစေ လူတစုအဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာဗမာ ပဒေသရာဇ်ဥာဉ်ဆိုးက ၂၁-ရာစုတိုင် အသက်ဝင်နေဆဲပဲ ဆိုတာ ဒီနေရာမှာ သက်သေခံပြနေတယ်။

(၂) ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရဖြစ်လာသောကြောင့် နေရာတိုင်းမှာ ကန့် သတ်မှုတွေရှိနေမယ်။ လူအများရဲ့ ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံးလူတောမတိုးတဲ့ အဆင့် အထိရောက်သွားနိုင်တယ်။ ပိုဆိုးတာက ဒီမိုကရေစီတော်လှန်ရေးမအောင်မြင်ရတာ ဒီလို ဒီမိုကရေစီမျက်နှာကို အိုးမဲ သုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂမကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်းတရားခံဘွဲ့ ပါ အဆစ်ရလာနိုင်တယ်။ သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့  အရေအတွက်ရော အရည်အချင်းပါလိုနေတယ်။ သွေးသစ်လောင်းရမယ့် ကာလ မှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ ပဲ ကျိတ်ဝိုင်းဖွဲ့ ပြီး နိုင်ငံရေးကစားနေတာကို ရပ်သင့်တယ်။

ပြည်တွင်းမှာ ဗိုလ်သန်းရွှေက မသေမချင်းသမ္မတလုပ်သွားဖို့  တာစူနေတယ်။ တဘက်မှာ မဆလလူထွက် ဘောင်းဘီချွတ်များကလည်းမသေမချင်းဗဟိုကော်မတီဝင်လုပ်နေကြတယ်။တချိန်တည်းမှာ ပြည်ပရောက်ထူးမခြားနား နိုင်ငံရေးပွဲစားများကလည်း နှစ် (၂၀) လွန်လာပေမဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးကို အရင်ပုံစံဟောင်းအတိုင်းပဲ အ ရောင်းအ၀ယ်လုပ်ဖို့  ကြိုးပမ်းနေကြတယ်။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်ကြားမှာ ဒုက္ခရောက်ခဲ့ရတဲ့ ဆင်ကြီးတ ကောင်ရဲ့ ပုံပြင်လို ကိုယ့်စိတ်ကူးနဲ့ ခင်းထားတဲ့လမ်းမထက် လက်တည့်စမ်းသွားနေကြတဲ့ လူတွေကြားမှာ တိုင်းပြည် နာတာပဲအဖတ်တင်နေတယ်။တပ်မှူးဟောင်းကြီးဦးအောင်ရွှေ ကတော့ ပြောတယ် “အနာဂတ်မှာ ဘာမျှော်လင့်ချက်မှ မရှိဘူး” တဲ့။ သေချာတယ်။ မျှော်လင့်ချက်ကို သူကိုယ်တိုင် အသေသတ်လိုက်မှတော့ ရက်လည်ဆွမ်းသွတ် အနုခြွေ ကြွေကြေပြီးသား ဖြစ်သွားတာပေါ့။

ဒါပေမဲ့ ဒီနေရာမှာ ဆုံးဖြတ်ပေးနိုင်တာက နိုင်ငံရေးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ လူထုပါပဲ။လူထုထဲက ခင်ဗျားတို့ ကျနော်တို့  နဲ့  မျိုးဆက်သစ်တွေ ဘယ်လိုနိုင်ငံရေးအပြောင်းအလဲမျိုးကို လိုချင်တာလဲ။ လတ်ဆတ်လန်းဆမ်းတဲ့ ခေတ်ရနံ့ နဲ့  နိုင်ငံရေးသစ်လား ဒါမှမဟုတ် ပြန်ဆိုတေးကိုပဲ ထပ်ကာတလဲလဲနားထောင်နေလိုခြင်းလား။ တခုခုကိုတော့ ရွေးချယ် ရလိမ့်မယ်။

မော်ဒန်ကဗျာဆရာကြီးမောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ် စာအုပ်ထဲက ဘာသာပြန်စာသားလေးလို “ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း သည်စိုး သည်သူခိုးနဲ့  သည်မိုး သည်လေ သည်လူတွေ” ကို လက်ပိုက်ကြည့်နေရင်တော့ တိတ်ဆိတ်နေ ခြင်းဟာ ၀န်ခံရာရောက်တယ် ဆိုတဲ့ စကားပုံဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ်သက်ဆိုးရှည်လာခြင်းနဲ့  တိုင်းပြည်ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီးထောက်ခံနေတဲ့ အလိုတူအလိုပါများ ဖြစ်သွားလိမ့်မယ်။ ။ ။


ညီညီထွေး (နယ်သာလန်)
၂၆.၀၁.၂၀၀၉

Read More...

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး ...

ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတ ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော် သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။
အနှစ်သာရ - ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။
ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...
ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့် ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာ ခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း "ကြောက်လို့လား" လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်း နည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီတခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည် ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီး ထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေ ရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။
အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို ဆန်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန် ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူ တူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာ တိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။
အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။
ကျနော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ် လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစုံတရာ လုပ်ယူရ တယ်။ တခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တယောက်နဲ့ တယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာ ပါလိမ့်မယ်။

ယုန်နဲ့လိပ် ပုံပြင်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ...
ခပ်သွက်သွက်၊ ခပ်မြန်မြန်ဖြင့် ပြီးမြောက်အောင် လုပ်ခြင်းသည် ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်ခြင်းထက် သာလွန်မြဲ ဖြစ်၏။
မိမိ၏ ယှဉ်နိုင်စွမ်းရှိသော အားသာချက်ဖြင့် အလုပ်လုပ်ပါ။
အဖွဲ့တဖွဲ့အနေဖြင့် ရှိပြီး အရင်းအမြစ်များအား ခွဲဝေအသုံးချတတ်လျှင် တကိုယ်တည်း စွမ်းဆောင်မြင့်သူထက် သာလွန်သည်သာ ဖြစ်၏။
ဆုံးရှုံးမှုများ တွေ့ကြုံလာသော်လည်း မည်သည့်အခါမျှ အရှုံးမပေးအပ်။
နောက်ဆုံးအနေဖြင့် တခြားသူနှင့် ယှဉ်ပြိုင်နေခြင်းထက် လက်ရှိအခြေအနေကို စိန်ခေါ်အံတု နိုင်ပါစေ။

Read More...

ဝက်စ်ဘရောင်းအိမ်ကွင်း၌ မန်ယူအသင်းအားဂိုးပြတ်ရှုံးနိမ့်



မန်ယူအသင်းအတွက် ပထမဆုံးအနိုင်ဂိုးသွင်းပေးသူဘာဗ်ဘာတော့

ပရီးမီးယားလိဂ်၏ပွဲစဉ် ၂၂ အဖြစ် ဝက်စ်ဘရောင်းအသင်းက အိမ်ကွင်းတွင် မန်ယူအသင်းအား ဧည်ခံကစားခဲ့ရာ ဝ-၅ (၅ဂိုးပြတ်)ဖြင့်ရှုံး နိမ့်ခဲ့သဖြင့် မန်ယူအသင်းက အမှတ်ပေးဇယားတွင် လီဗာပူးအသင်းအား တစ်ပွဲလျော့ ၃ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်ခွင့်ရရှိသွား ခဲ့သည်။ မန်ယူအသင်းအတွက်ပထမဆုံးဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်တွင် မိုက်ကယ်ကားရစ်က ဝက်စ်ဘရောင်း နောက်တန်းလူများကြားမှ ခင်းပေးသည့်ဘောလုံးအား ဘာဗ်ဘာတော့ကဂိုးသမား၏ညာဖက်ထောင့်ထဲသို ကန်သွင်းပြီး ပထမဆုံး ဂိုးကိုသွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၄ဝ မှာတော့ ဝက်စ်ဘရောင်းအသင်းက္ပတိန် ရော်ဘင်ဆန်က ပတ်ဂျီဆန်အား အဖျတ်ကြမ်းသဖြင့် တိုက်ရိုက်အနီဖြင့် အထုတ်ခံခဲ့ရသည်။ ပွဲချိန် ၄၄ မိနစ်တွင် မန်ယူအသင်းမှဒေါင့်ကန်ဘောကန်တင်ရာ ဝက်စ်ဘရောင်းဂိုးသမားခုန်ဖမ်းရာ ဘောလုံးထွက်ကျ လာသဖြင့် တိဗက်စ်က အသာကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၂-ဝ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၆ဝ မိနစ်တွင် မန်ယူအသင်းမှ ဒေါင့်ကန်ဘောကန်သွင်းရာတွင် နောက်တန်းခံစစ်မှူးဖြစ်သူ ဗီဒစ်က ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့သဖြင့် ၃-ဝ ဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၆၅ မှာတော့ ဘယ်တောင်ပံမှ ဂစ်၏ဖန်တီးပေးမှုမှတဆင့် စီရော်နယ်ဒိုက သွင်းယူခဲ့သဖြင့် ၄-ဝ ဖြင့် ပွဲကိုဦးဆောင်စေခဲ့သည်။ ပွဲချိန် ၇၃ မှာတော့ ဘာဗ်ဘာတော့၏ဖန်တီးပေးရာမှ စီရော်နယ်ဒိုက ဂိုးသမား၏ပေါင်ကြားထဲမှတဆင့် နောက်ဆုံး အဆုံးသတ် ဂိုးဖြစ်သည့် ၅ လုံးမြောက်ဂိုးကိုသွင်းယူသွားခဲ့သည်။ ယနေြ အကောင်းဆုံး ကစားသွားသူကတော့ မန်ယူကွင်းလယ်ဖန်တီးရှင်မိုက်ကယ်ကားရစ်ပဲဖြစ်ပါတယ်။ ပထမပိုင်း ၄ မိနစ်တွင် ဝက်စ်ဘရောင်းအသင်းကန်သွင်းသည့် ဘောလုံးအား ဂိုးပေါက်ဝမှ ကားရစ်ဖျတ်ထုတ်နိုင်ခဲ့၍သာ (ပရီးမီးယားလိဂ်တွင်) မန်ယူအသင်း ၁၁ ပွဲမြောက် ပေးဂိုးမရှိ စံချိန် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ ပွဲတွင် ဒဏ်ရာ ကြောင့်နားနေသည့် မန်ယူနောက်တန်းကစားသမား ဖြစ်သူ ဖာဒီနန် နှင့် ဝက်စ်ဘရောင်း တို ပါဝင်ကစားခဲ့သဖြင့် မန်ယူပရိသတ်များအတွက် စိတ်သက်သာရာ ရခဲ့ခြင်းဖြစ်သည်။
ယနေ့ည ပွဲအနိုင်အရှုံးအဖြေများ
ဆန်းဒါးလန်း ၁-ဝ ဖူဟမ်
ပိုစ်မောက်စ် ဝ-၁ အက်စတွန်ဗီလာ (တိုက်စစ်မှူးသစ် ဖြစ်သူ ဟတ်စကီးက တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းပေးခဲ့သည်)
စပါး ၃-၁ (၈ မိနစ် လန်နွန်၊ ၂၁ မိနစ် ဒီဖိုး၊ ၂၅ မိနစ် နောက်တန်းခံစစ်မှူး ဒေါ်ဆင် ၊တစ်လုံးတည်းသောချေပဂိုးကိုတော့ ဘီတီက ၅၇ မိနစ်တွင်သွင်းယူခဲ့သည်)
မန်ယူအသင်း အနိုင်ရရှိခဲ့ခြင်းက လီဗာပူးအသင်းအတွက် ယခုညပွဲအား ဖိအားများကိုဖြစ်ပေါ်စေခဲ့သည်

ဗ္ဓြုွဟူးနေ့ညတွင်
ဘလက်စ်ဘန်း - ဘော်လ်တန် ထိုင်းစံတော်ချိန် ( ည ၃ နာရီ )
ချဲယ်လ်ဆီင်္း - မစ်ဒယ်ဘရော့ (ည ၂-၄၅ မိနစ် )
အဲဗာတန် – အာဆင်နယ် ( ည ၃ နာရီ )
မန်းစီးတီး - နယူးကာဆယ် (ည ၂-၄၅ မိနစ် )
ဝက်စ်ဟမ်း - ဟောစ်စီးတီး ( ည ၃ နာရီ )
ဝီဂန် – လီဗာပူး (ည ၂-၄၅ မိနစ် )

Read More...