Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, January 28, 2009

ဝက်စ်ဘရောင်းအိမ်ကွင်း၌ မန်ယူအသင်းအားဂိုးပြတ်ရှုံးနိမ့်



မန်ယူအသင်းအတွက် ပထမဆုံးအနိုင်ဂိုးသွင်းပေးသူဘာဗ်ဘာတော့

ပရီးမီးယားလိဂ်၏ပွဲစဉ် ၂၂ အဖြစ် ဝက်စ်ဘရောင်းအသင်းက အိမ်ကွင်းတွင် မန်ယူအသင်းအား ဧည်ခံကစားခဲ့ရာ ဝ-၅ (၅ဂိုးပြတ်)ဖြင့်ရှုံး နိမ့်ခဲ့သဖြင့် မန်ယူအသင်းက အမှတ်ပေးဇယားတွင် လီဗာပူးအသင်းအား တစ်ပွဲလျော့ ၃ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်ခွင့်ရရှိသွား ခဲ့သည်။ မန်ယူအသင်းအတွက်ပထမဆုံးဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်တွင် မိုက်ကယ်ကားရစ်က ဝက်စ်ဘရောင်း နောက်တန်းလူများကြားမှ ခင်းပေးသည့်ဘောလုံးအား ဘာဗ်ဘာတော့ကဂိုးသမား၏ညာဖက်ထောင့်ထဲသို ကန်သွင်းပြီး ပထမဆုံး ဂိုးကိုသွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၄ဝ မှာတော့ ဝက်စ်ဘရောင်းအသင်းက္ပတိန် ရော်ဘင်ဆန်က ပတ်ဂျီဆန်အား အဖျတ်ကြမ်းသဖြင့် တိုက်ရိုက်အနီဖြင့် အထုတ်ခံခဲ့ရသည်။ ပွဲချိန် ၄၄ မိနစ်တွင် မန်ယူအသင်းမှဒေါင့်ကန်ဘောကန်တင်ရာ ဝက်စ်ဘရောင်းဂိုးသမားခုန်ဖမ်းရာ ဘောလုံးထွက်ကျ လာသဖြင့် တိဗက်စ်က အသာကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၂-ဝ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၆ဝ မိနစ်တွင် မန်ယူအသင်းမှ ဒေါင့်ကန်ဘောကန်သွင်းရာတွင် နောက်တန်းခံစစ်မှူးဖြစ်သူ ဗီဒစ်က ခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့သဖြင့် ၃-ဝ ဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၆၅ မှာတော့ ဘယ်တောင်ပံမှ ဂစ်၏ဖန်တီးပေးမှုမှတဆင့် စီရော်နယ်ဒိုက သွင်းယူခဲ့သဖြင့် ၄-ဝ ဖြင့် ပွဲကိုဦးဆောင်စေခဲ့သည်။ ပွဲချိန် ၇၃ မှာတော့ ဘာဗ်ဘာတော့၏ဖန်တီးပေးရာမှ စီရော်နယ်ဒိုက ဂိုးသမား၏ပေါင်ကြားထဲမှတဆင့် နောက်ဆုံး အဆုံးသတ် ဂိုးဖြစ်သည့် ၅ လုံးမြောက်ဂိုးကိုသွင်းယူသွားခဲ့သည်။ ယနေြ အကောင်းဆုံး ကစားသွားသူကတော့ မန်ယူကွင်းလယ်ဖန်တီးရှင်မိုက်ကယ်ကားရစ်ပဲဖြစ်ပါတယ်။ ပထမပိုင်း ၄ မိနစ်တွင် ဝက်စ်ဘရောင်းအသင်းကန်သွင်းသည့် ဘောလုံးအား ဂိုးပေါက်ဝမှ ကားရစ်ဖျတ်ထုတ်နိုင်ခဲ့၍သာ (ပရီးမီးယားလိဂ်တွင်) မန်ယူအသင်း ၁၁ ပွဲမြောက် ပေးဂိုးမရှိ စံချိန် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ ပွဲတွင် ဒဏ်ရာ ကြောင့်နားနေသည့် မန်ယူနောက်တန်းကစားသမား ဖြစ်သူ ဖာဒီနန် နှင့် ဝက်စ်ဘရောင်း တို ပါဝင်ကစားခဲ့သဖြင့် မန်ယူပရိသတ်များအတွက် စိတ်သက်သာရာ ရခဲ့ခြင်းဖြစ်သည်။
ယနေ့ည ပွဲအနိုင်အရှုံးအဖြေများ
ဆန်းဒါးလန်း ၁-ဝ ဖူဟမ်
ပိုစ်မောက်စ် ဝ-၁ အက်စတွန်ဗီလာ (တိုက်စစ်မှူးသစ် ဖြစ်သူ ဟတ်စကီးက တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းပေးခဲ့သည်)
စပါး ၃-၁ (၈ မိနစ် လန်နွန်၊ ၂၁ မိနစ် ဒီဖိုး၊ ၂၅ မိနစ် နောက်တန်းခံစစ်မှူး ဒေါ်ဆင် ၊တစ်လုံးတည်းသောချေပဂိုးကိုတော့ ဘီတီက ၅၇ မိနစ်တွင်သွင်းယူခဲ့သည်)
မန်ယူအသင်း အနိုင်ရရှိခဲ့ခြင်းက လီဗာပူးအသင်းအတွက် ယခုညပွဲအား ဖိအားများကိုဖြစ်ပေါ်စေခဲ့သည်

ဗ္ဓြုွဟူးနေ့ညတွင်
ဘလက်စ်ဘန်း - ဘော်လ်တန် ထိုင်းစံတော်ချိန် ( ည ၃ နာရီ )
ချဲယ်လ်ဆီင်္း - မစ်ဒယ်ဘရော့ (ည ၂-၄၅ မိနစ် )
အဲဗာတန် – အာဆင်နယ် ( ည ၃ နာရီ )
မန်းစီးတီး - နယူးကာဆယ် (ည ၂-၄၅ မိနစ် )
ဝက်စ်ဟမ်း - ဟောစ်စီးတီး ( ည ၃ နာရီ )
ဝီဂန် – လီဗာပူး (ည ၂-၄၅ မိနစ် )

No comments: