Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, June 16, 2009

ချယ်လ်ဆီးအသင်းမှ ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ပါတို အေစီမှာပဲ ပျော်ရွှင်နေ

ချယ်လ်ဆီး အသင်းကခေါ်ယူရန်စိတ်ဝင်စားနေတဲ့ လူငယ်တိုက်စစ်မှုးလေး ပါတို


ချယ်လ်ဆီး အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် အေစီမီလန် အသင်း၏ လူငယ် တိုက်စစ်မှူးလေး ပါတိုက အေစီမီလန် အသင်းတွင်သာ ဆက်ရှိနေရန် လိုလားပါကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အေစီမီလန် နည်းပြဟောင်း ဖြစ်သူ အန်ဆလော့တီ အနေဖြင့် တပည့်ဟောင်း ပါတိုအား ချယ်လ်ဆီးသို့ အရောက် ခေါ်ယူရန် စိတ်ဝင် စားနေသော်လည်း ပါတိုက ယခုကဲ့သို့ တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၁၉နှစ် အရွယ် ဘရာဇီးလ်သားလေး ပါတိုက "ကျွန်တော် မီလန်မှာ ဆက်ရှိနေရတာကို ပျော်ပါတယ်။ သူတို့တွေ ဘာပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့် အနေနဲ့ မီလန်နဲ့ စာချုပ်ချုပ်ဆို ထားတာ ရှိပါတယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော့် အနေနဲ့ မီလန်နဲ့ အတူ အောင်မြင်မှုတွေ ရယူချင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။

ပါတိုသည် လက်ရှိ အချိန်တွင် ဘရာဇီးလ် အသင်းနှင့် အတူ ၂၀၀၉ ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။



ပြန်ခေါက်ထားရန်

Read More...

Sunday, June 7, 2009

ကာဇတ်စတန်အိမ်ကွင်းတွင် အင်္ဂလန်အားဂိုးပြတ်ရှုံးနိမ့်

ပင်နယ်တီသွင်းယူအပြီးအောင်ပွဲခံနေသူ လမ်းပတ်
တတိယဂိုးသွင်းယူနေပုံ ရွန်နီ
ဒုတိယဂိုးသွင်းယူသူ ဟတ်စကီး
ပထမဆုံးဂိုးအားသွင်းယူသူ ဘယ်ရီ
2010 ကမ္ဘာ့ဖလား အတွက်ခြေစစ်ပွဲများအဖြစ် ကာဇတ်စတန်အသင်းက အိမ်ကွင်းတွင် အင်္ဂလန်အသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ အင်္ဂလန် အသင်းက 0-4 ဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် ယခုပွဲ အနိုင်ကြောင့် 6 ပွဲကစား 6 ပွဲနိုင် 18 မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။ ယခုပွဲတွင် အင်္ဂလန် အသင်းအတွက် ဗွေဆော်ဦးဂိုးကိုတော့ အက်စတွန်ဗီလာအသင်းမှမန်းစီးတီးသို့ ပြောင်းရွှေ့သွားသည့် ဘယ်ရီမှ ပွဲချိန် 40 မိနစ်တွင် ဂျရတ်မတင်ပေးသည့် ဘောလုံးအား ခေါင်းတိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ 45 မိနစ်မှာတော့ ဂျရတ်ကဘဲ အဝေးကြီးမှ ဂိုးသမားအား ကျော်ပြီးမတင်သည့်ဘောလုံးအား ဂိုးသမားထွက်ပုတ်ရာ တိုက်စစ်မှူး ဟတ်စကီးရှေ့  သို့ရောက်ရှိသွားသဖြင့် ဟတ်စကီး အသာအယာ ကန်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယ ပိုင်းတွင် ကာဇတ်စတန် အသင်း ချေပဂိုးပြန်သွင်းရန် ကြိုးပမ်းသော်လည်း ပွဲချိန် 72 မိနစ်တွင် တိုက်စစ်မှူး ရွန်နီက ဘောလုံးအား ခြင်းရိုက်သလို နောက်ပြန်ကန်သွင်းကာသွင်းယူသွားခဲ့သဖြင့် အင်္ဂလန် အသင်းက 0-3 ဖြင့် ပွဲကို ဆက်လက်ဦးဆောင်ခဲ့ရာ ပွဲချိန် 77 တွင် တိုက်စစ်မှူးဟတ်စကီးအား ကာဇတ်စတန် နောက်တန်းမှ ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီရရှိရာ ယင်းပင်နယ်တီအား လမ်းပတ်ကန်သွင်းခွင့်ရာတွင် အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သဖြင့် 0-4 ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲတွင် ပထမ ရရှိသည့် 2 လုံးမှာ ဂျရတ်၏ ဖန်တီးပေးမှုမှာ ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...

Monday, June 1, 2009

မန်ယူအပယ်ခံဥရောပဂိုးသွင်းဘုရင်ဆု ၂ ကြိမ်မြောက်ရရှိ

မန်ယူအသင်းတွင်ကစားခဲ့စဉ်ကဒီယေဂိုဖော်လန်
ဥရောပရွှေဖိနပ်ဆုအားဒုတိယအကြိမ်ရရှိသူဒီယေဂိုဖော်လန်
အက်သလက်တီကိုအသင်း၏ တိုက်စစ်မှူး တစ်ဦးဖြစ်သူ ဒီယေဂိုဖော်လန်မှာ ယခုနှစ် လာလီဂါ ပွဲစဉ်များအပြီးတွင် သွင်းဂိုး ၃၂ ဂိုးထိ သွင်းယူကာ လာလီဂါ ဂိုးသွင်းဘုရင် ဖြစ်သွားခဲ့ယုံသာမက ဥရောပဂိုးသွင်းဘုရင်ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားခဲ့ပြန်ပြီဖြစ်သည်။ ဖော်လန်မှာ အင်္ဂလန်ထိပ်သီး မန်ယူအသင်းတွင် ကစားခဲ့စဉ်က ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့သောကြောင့် စပိန်ကလပ် ဗီလာရီးရဲလ် အသင်းအား ရောင်းချခြင်း ခံခဲ့ရသူဖြစ်ပြီး လာလီဂါကို စရောက်ရောက်ခြင်း နှစ်မှာပင် လာလီဂါ ဂိုးသွင်း ဘုရင်ဆု၊ ဥရောပရွှေဖိနပ်ဆုတို့ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ယခုတစ်ကြိမ်မှာ ၄င်းအတွက် ဒုတိယအကြိမ်မြှောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဥရောပ ဂိုးသွင်းဘုရင်ဆု၊ လာလီဂါ ဂိုးသွင်းဘုရင်ဆုတို့ ရရှိသည့် ကစားသမား တစ်ဦးလည်းဖြစ်လာခဲ့ပြီဖြစ်သည်။ မူလက လာလီဂါ ဂိုးသွင်းဘုရင်ဆုအား ဘာစီလိုနာတိုက်စစ်မှူး အီတိုးမှ အပြတ်အသတ် ဦးဆောင် နေခဲ့သော်လည်း ဖော်လန်မှာ နောက်ဆုံးကစားခဲ့သော ၈ ပွဲတွင် ၁၂ ဂိုးတိတိ သွင်းယူကာ အီတိုးအား ၂ ဂိုးအသာဖြင့် ကျော်ဖြတ်ရယူသွားခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...

2014 ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ဘရာဇီးနိုင်ငံကျင်းပခွင့်ရရှိ

အစည်းအဝေးကျင်းပနေပုံ
၂၀၁၄ တွင် ကမ္ဘာ့ဖလားကျင်းပရန်အတွက် ဘရာဇီးနိုင်ငံရှိဘောလုံးကွင်း ၅ ကွင်းတွင် ကစားရန် ဘလတ္တာက ကြေငြာခဲ့သည်။ ယင်းကစားကွင်းများမှာ Brasilia (Mane Garrincha stadium), Rio de Janeiro (Maracana), Sao Paulo (Morumbi), Belo Horizonte (Mineirao) and Porto Alegre (Beira-Rio) တို့ဖြစ်သည် ။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...

ဒေါ်စုအိမ်သို့ခိုးဝင်သူ၏ကိုယ်ရေးအကြောင်း



ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...

ချဲယ်လ်ဆီးအသင်းအက်ဖ်အေဖလားအားထိုက်ထိုက်တန်တန်ရရှိ


ချဲယ်လ်ဆီးအသင်းသားများ ဆုဖလားနှင့်အတူတွေ့မြင်ရပုံ
အင်္ဂလန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အက်ဖ်အေဖလား ရှုံးထွက် ချန်ပီယံဆုဖလားကြီးအတွက် အဲဗါတန်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် အင်္ဂလန်နိုင်ငံ အမျိုးသား အားကစားကွင်း ၀င်ဘာလေတွင် အက်ဖ်အေဖလား ဖိုင်နယ်လ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ ချယ်လ်ဆီးအသင်းက ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံအဖြစ် ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ချယ်လ်ဆီးအသင်း ရလဒ်ကောင်းများ ရရှိအောင်ဆောင်ရွက်ပေးသည့် နည်းပြကြီး ဟစ်ဒင့်အတွက် ချဲယ်လ်ဆီးအသင်းသားများက အကောင်းဆုံးကြိုးစားပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် ချဲယ်လ်ဆီးအသင်းအား စက္ကန့် ၂၅ စက္ကန့်တွင် (မန်ယူတိုက်စစ်မှူးဟောင်းဖြစ်သူ) လူးဝစ်ဆာဟာက ဘယ်တောင်ပံမှ တင်ပေးသည့် ဘောလုံးအား ချဲယ်လ်ဆီး နောက်ခံလူ နှစ်ယောက်တားသည့် ကြားမှ အပြင်းကန်သွင်းခဲ့ရာ ပီတာချက်၏ ပိတ်ထားသည့် ညာဖက်ထောင့်ထဲသို့ ၀င်သွားခဲ့သဖြင့် ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့သည်။ ချဲယ်လ်ဆီးအသင်းအတွက် ချေပဂိုးကိုတော တိုက်စစ်မှူးဖြစ်သူ ဒရော့ဘာက ပွဲချိန် ၂၁ မိနစ်တွင်ခေါင်းတိုက်ပြီးသွင်းယူသွားခဲ့သဖြင့် ပထမပိုင်းကို ၁-၁ ဖြင့် ပြီးဆုံးခဲ့သည်။ ချဲယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ချဲယ်လ်ဆီးအသင်း၏ ကွင်းလယ်အကောင်းဆုံး ကစားသမားဖြစ်သူ လမ်းပတ်က ဂိုးစည်းဧရိယာ အပြင်ဖက်မှ ပွဲချိန် ၇၂ မိနစ်တွင် သွင်းယူကာ အနိုင်ဂိုးကိုသွင်းယူခဲ့ပြီး ၂ နှစ်အတွင်း ပထမဆုံးသော ဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ နည်းပြ ဟင့်ဒစ်အတွက် အကောင်းဆုံးသော လက်ဆောင်အားပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...

Friday, May 29, 2009

စနေနေ့တွင် အက်ဖ်အေဖလားဗိုလ်လုပွဲ ထိုင်း စံတော်ချိန် ၉ နာရီ

နည်းပြနှစ်ဦးအားပြိုင်မည့် အက်ဖ်အေဖလားလုပွဲ
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် အဲဗာတန် အသင်းနှင့် ချဲယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ စနေနေ့ည ၉ နာရီတွင် ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဖြစ်သည်။ မန်နေဂျာများကပေးသော အကောင်းဆုံးမန်နေဂျာဆုကို ရရှိခဲ့သူ ဒေးဗစ်မိုရက်စ်နှင့် ချဲယ်လ်ဆီးအသင်းကို အနိုင်နှင့်ပိုင်း နှုတ်ဆက်မည့် ဟစ်ဒင့်တို့တွေ့ဆုံအားပြိုင်မည့် ပွဲလည်းဖြစ်သည်။ အဲဗာတန်အသင်း အနေဖြင့် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားရနှိင်မည့် အခွင့်အရေးရရှိခဲ့သလို ချဲယ်လ်ဆီးအနေဖြင့်လည်း ၂ နှစ်ဆက် ဖလားလက်မဲ့ အဖြစ်အားကာကွယ်ရန် အက်ဖ်အေဖလားရရှိရန် အရေးကြီးနေပြီဖြစ်သည်။ ထို့ကြောင့် အပြာရောင် ၂ သင်း၏ အားပြိုင်မှုကို စနေနေ့ ည ၉ နာရီ (ထိုင်းစံတော်ချိန်) စောင့်မျှော်ကြည့်ရှုကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

Read More...