Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, May 29, 2009

စနေနေ့တွင် အက်ဖ်အေဖလားဗိုလ်လုပွဲ ထိုင်း စံတော်ချိန် ၉ နာရီ

နည်းပြနှစ်ဦးအားပြိုင်မည့် အက်ဖ်အေဖလားလုပွဲ
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် အဲဗာတန် အသင်းနှင့် ချဲယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ စနေနေ့ည ၉ နာရီတွင် ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဖြစ်သည်။ မန်နေဂျာများကပေးသော အကောင်းဆုံးမန်နေဂျာဆုကို ရရှိခဲ့သူ ဒေးဗစ်မိုရက်စ်နှင့် ချဲယ်လ်ဆီးအသင်းကို အနိုင်နှင့်ပိုင်း နှုတ်ဆက်မည့် ဟစ်ဒင့်တို့တွေ့ဆုံအားပြိုင်မည့် ပွဲလည်းဖြစ်သည်။ အဲဗာတန်အသင်း အနေဖြင့် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဖလားရနှိင်မည့် အခွင့်အရေးရရှိခဲ့သလို ချဲယ်လ်ဆီးအနေဖြင့်လည်း ၂ နှစ်ဆက် ဖလားလက်မဲ့ အဖြစ်အားကာကွယ်ရန် အက်ဖ်အေဖလားရရှိရန် အရေးကြီးနေပြီဖြစ်သည်။ ထို့ကြောင့် အပြာရောင် ၂ သင်း၏ အားပြိုင်မှုကို စနေနေ့ ည ၉ နာရီ (ထိုင်းစံတော်ချိန်) စောင့်မျှော်ကြည့်ရှုကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: