Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, June 1, 2009

မန်ယူအပယ်ခံဥရောပဂိုးသွင်းဘုရင်ဆု ၂ ကြိမ်မြောက်ရရှိ

မန်ယူအသင်းတွင်ကစားခဲ့စဉ်ကဒီယေဂိုဖော်လန်
ဥရောပရွှေဖိနပ်ဆုအားဒုတိယအကြိမ်ရရှိသူဒီယေဂိုဖော်လန်
အက်သလက်တီကိုအသင်း၏ တိုက်စစ်မှူး တစ်ဦးဖြစ်သူ ဒီယေဂိုဖော်လန်မှာ ယခုနှစ် လာလီဂါ ပွဲစဉ်များအပြီးတွင် သွင်းဂိုး ၃၂ ဂိုးထိ သွင်းယူကာ လာလီဂါ ဂိုးသွင်းဘုရင် ဖြစ်သွားခဲ့ယုံသာမက ဥရောပဂိုးသွင်းဘုရင်ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားခဲ့ပြန်ပြီဖြစ်သည်။ ဖော်လန်မှာ အင်္ဂလန်ထိပ်သီး မန်ယူအသင်းတွင် ကစားခဲ့စဉ်က ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့သောကြောင့် စပိန်ကလပ် ဗီလာရီးရဲလ် အသင်းအား ရောင်းချခြင်း ခံခဲ့ရသူဖြစ်ပြီး လာလီဂါကို စရောက်ရောက်ခြင်း နှစ်မှာပင် လာလီဂါ ဂိုးသွင်း ဘုရင်ဆု၊ ဥရောပရွှေဖိနပ်ဆုတို့ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ယခုတစ်ကြိမ်မှာ ၄င်းအတွက် ဒုတိယအကြိမ်မြှောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဥရောပ ဂိုးသွင်းဘုရင်ဆု၊ လာလီဂါ ဂိုးသွင်းဘုရင်ဆုတို့ ရရှိသည့် ကစားသမား တစ်ဦးလည်းဖြစ်လာခဲ့ပြီဖြစ်သည်။ မူလက လာလီဂါ ဂိုးသွင်းဘုရင်ဆုအား ဘာစီလိုနာတိုက်စစ်မှူး အီတိုးမှ အပြတ်အသတ် ဦးဆောင် နေခဲ့သော်လည်း ဖော်လန်မှာ နောက်ဆုံးကစားခဲ့သော ၈ ပွဲတွင် ၁၂ ဂိုးတိတိ သွင်းယူကာ အီတိုးအား ၂ ဂိုးအသာဖြင့် ကျော်ဖြတ်ရယူသွားခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: