Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Sunday, June 7, 2009

ကာဇတ်စတန်အိမ်ကွင်းတွင် အင်္ဂလန်အားဂိုးပြတ်ရှုံးနိမ့်

ပင်နယ်တီသွင်းယူအပြီးအောင်ပွဲခံနေသူ လမ်းပတ်
တတိယဂိုးသွင်းယူနေပုံ ရွန်နီ
ဒုတိယဂိုးသွင်းယူသူ ဟတ်စကီး
ပထမဆုံးဂိုးအားသွင်းယူသူ ဘယ်ရီ
2010 ကမ္ဘာ့ဖလား အတွက်ခြေစစ်ပွဲများအဖြစ် ကာဇတ်စတန်အသင်းက အိမ်ကွင်းတွင် အင်္ဂလန်အသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ အင်္ဂလန် အသင်းက 0-4 ဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် ယခုပွဲ အနိုင်ကြောင့် 6 ပွဲကစား 6 ပွဲနိုင် 18 မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။ ယခုပွဲတွင် အင်္ဂလန် အသင်းအတွက် ဗွေဆော်ဦးဂိုးကိုတော့ အက်စတွန်ဗီလာအသင်းမှမန်းစီးတီးသို့ ပြောင်းရွှေ့သွားသည့် ဘယ်ရီမှ ပွဲချိန် 40 မိနစ်တွင် ဂျရတ်မတင်ပေးသည့် ဘောလုံးအား ခေါင်းတိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ 45 မိနစ်မှာတော့ ဂျရတ်ကဘဲ အဝေးကြီးမှ ဂိုးသမားအား ကျော်ပြီးမတင်သည့်ဘောလုံးအား ဂိုးသမားထွက်ပုတ်ရာ တိုက်စစ်မှူး ဟတ်စကီးရှေ့  သို့ရောက်ရှိသွားသဖြင့် ဟတ်စကီး အသာအယာ ကန်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယ ပိုင်းတွင် ကာဇတ်စတန် အသင်း ချေပဂိုးပြန်သွင်းရန် ကြိုးပမ်းသော်လည်း ပွဲချိန် 72 မိနစ်တွင် တိုက်စစ်မှူး ရွန်နီက ဘောလုံးအား ခြင်းရိုက်သလို နောက်ပြန်ကန်သွင်းကာသွင်းယူသွားခဲ့သဖြင့် အင်္ဂလန် အသင်းက 0-3 ဖြင့် ပွဲကို ဆက်လက်ဦးဆောင်ခဲ့ရာ ပွဲချိန် 77 တွင် တိုက်စစ်မှူးဟတ်စကီးအား ကာဇတ်စတန် နောက်တန်းမှ ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီရရှိရာ ယင်းပင်နယ်တီအား လမ်းပတ်ကန်သွင်းခွင့်ရာတွင် အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သဖြင့် 0-4 ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲတွင် ပထမ ရရှိသည့် 2 လုံးမှာ ဂျရတ်၏ ဖန်တီးပေးမှုမှာ ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: