
အဲဗာတန်ခံစစ်မှူးဖြစ်သူ လက်ကော့စ် ခေါင်းတိုက်ပြီးဂိုးသွင်းယူနေပုံ

ဂျရတ်ချေပဂိုးသွင်းယူပြီးအောင်ပွဲခံနေပုံ
အက်ဖ်အေဖလား စတုတ္တအကြိမ်အဖြစ် လီဗာပူးအသင်းက မြို့ခံပြိုင်ဖက်အဲဗာတန် အသင်းအား အိမ်ကွင်းတွင် ၁-၁ ဖြင့် သရသာ ကစားနိုင် ခဲ့သဖြင့် အဲဗာတန်အသင်း၏အိမ်ကွင်းတွင်ထပ်မံကစားရမည်ဖြစ်သည်။ အဲဗာတန် အသင်းက နောက်တန်းခံစစ်မှူးဖြစ်သူ လက်ကော့က ဒေါင့် ကန်ဘောကန်တင်သည့် ဘောလုံးအား ခေါင်းတိုက်ပြီးသွင်းခဲ့သဖြင့် ဗွေဆော်ဦးဂိုးရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် လီဗာပူးက ပြန်လည်မချေ ပနိုင်သဖြင့် တစ်ဂိုးအသာဖြင့် အဲဗာတန်က ပထမပိုင်းကိုဦးဆောင်ခဲ့သည်။ လီဗာပူးအတွက် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် ဂျရတ်က ဒုတိယပိုင်းပွဲစပြီး ၁ဝ မိနစ်အကြာ(ပွဲချိန် ၅၈ )တွင်ဂျရတ် ၁၆ ကိုက်အကွာမှ အပြင်းကန်သွင်းပြီး ချေပဂိုးကိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု မြို့ခံနှစ်သင်းတွေ့ဆုံမှုတွင် မည်သူမျှ အသာမရဘဲ ၂ ခါတွေ့ တိုင်း သရေ ဖြင့်သာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကာဒစ် 0-0 အာဆင်နယ်(နာမည်ကြီး အာဆင်နယ်ကတော့ အသင်းငယ်လေးအား သရေသာ ကစားနိုင်ခဲ့သည်)
No comments:
Post a Comment