
စပါးတိုက်စစ်မှူ ပတ်ပလူချင်ကို မန်ယူအသင်းဖက်သို့ဂိုးသွင်းအြ့ပီးအောင်ပွဲခံနေပုံ

မန်ယူအသင်းအတွက်ချေပဂိုးသွင်းယူခဲ့သူပေါလ့်စကိုးအားဝိုင်းဝန်းဂုဏ်ပြုနေပုံ

သန်း 30 တန် တိုက်စစ်မှူးဘာဗ်ဘာတော့ဗ်အသင်းဟောင်းဖက်သို့ဂိုးသွင်းပြီးအောင်ပွဲခံနေပုံ
အက်ဖ်အေဖလား စတုတ္တ အကျော့ ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် အသင်းအချင်းချင်းတွေ့ဆုံမှုပွဲစဉ်အဖြစ် မန်ယူအသင်းကအိမ်ကွင်းတွင် စပါး အသင်းအားဧည်ခံကစားခဲ့ရာ ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲတွင် မန်ယူအသင်း၏ နောက်တန်းကစားများ ဒဏ်ရာ ရရှိနေ သဖြင့် နောက်တန်းတွင် ဂယ်ရီနဗီး ၊ ဗီဒစ် ၊ အိုရှေးရား ၊ (အီဗန်)၏အမွာညီအကို ဖာဘီယို အလယ်တန်းတွင် ကားရစ်၊ ပေါလ်စကိုး ၊ စီရော်နယ်ဒို ၊ ဝဲဘက် ၊ ရှေ့တန်းတွင် ဘာဗ်ဘာတော့ဗ် ၊ တိဗက် ၊ ဂိုးသမားအဖြစ် ဘင်ဖော်စတာ တို့ဖြင့် ပွဲထုတ်လာခဲ့သည်။ ပထမပိုင်း ပွဲအစ ၅ မိနစ်တွင် စပါးအသင်းမှ ဟတ်တယ်စတုန်းမတင်ပေးလိုက်သည့် ဘောလုံးအား ပတ်ပလူချင်ကိုက ဗီဒစ်ကပ်ထားသည့်ကြားမှ ခေါင်းတိုက်ပြီးသွင်းယူသွားသဖြင့် စပါးအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သည်။ မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၃၅ မိနစ်မှာ မန်ယူအသင်းမှဒေါင့်ကန်ဘောရရှိသဖြင့် ယင်းဒေါင့်ကန်ဘောအား ကန်မတင်ဘဲ ပေါ့လ်စကိုးကိုခင်းပေးသဖြင့် ပေါ့လ်စကိုး အပြင်း ကန်သွင်းရာ စပါးနောက်တန်းနှင့်ထိပြီးလမ်းကြောင်းပြောင်းကာ ဝင်သွားသဖြင့် ချေပဂိုးရရှိခဲ့သည်။ အနိုင်ဂိုးကိုတော့ စပါးအသင်းမှဝယ်ယူထားခဲ့သည့် သန်း ၃ဝ တန် တိုက်စစ်မှူး ဖြစ်သူ ဘာဗ်ဘာတောဗ့်က ပွဲချိန် ၃၆ မိနစ်တွင် ကားရစ် မတင်ပေးသည့် ဘောလုံးအား ဆွဲပြေးသွား ပြှီးဂိုးသမား၏ညာဖက်ထောင့်ထဲသို့ အဆုံးသတ်သေချာစေသည့် အနိုင်ဂိုးကိုသွင်းယူသွားခဲ့ခြင်းဖြစ်သည်။ တိဗက် ကန်သွင်းသည့် နှစ်လုံးမှာ တစ်လုံးတိုင်တိပြီး တစ်လုံး ဂိုးသမား ကာကွယ်လိုက်နိုင်သဖြင့် စပါးအသင်းသက်သာခဲ့ရခြင်းဖြစ်သည်၊ ပထမပိုင်းကို ၂-၁ ဖြင့် ပြီးဆုံးစေခဲ့သည်။ ဒုတိယ ပိုင်းတွင် မန်ယူ အသင်းက အနိုင်တစ်လုံးအား ထိန်းကစားခဲ့သလို စပါးအသင်းကလည်း တိုက်စစ်မဆင်ရဲဘဲ နှစ်သင်းစလုံးကွင်းလယ်တွင် အချိန်ကုန်ကာ ပွဲမှာပြီးဆုံးသွားခဲ့သည်။ ဖာဂူဆန်အတွက် ယခုပွဲ အနိုင်ရရှိခဲ့သော်လည်း နောက်တန်းကစားသမား ဖာဘီယို ဒဏ်ရာ ရရှိခြင်းက ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။
ယခုည အက်ဖ်အေဖလားအနိုင်အရှုံးအဖြေများ
ချဲယ်လ်ဆီး ၃-၁ အက်ဆွစ် (ချဲယ်လ်ဆီးအသင်းအတွက် ဂိုးများကိုတော့ မိုက်ကယ်ဘောလက် ၂ ဂိုး လမ်းပတ် ၁၊ ချဲယ်လ်ဆီး အသင်း ယခုတစ်လော အနိုင်ရရှိခဲ့သည့်ပွဲများ၌ မိုက်ကယ်ဘောလက်၏သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။)
ဒွန်ကာစတာ ဝ-ဝ အက်စတွန်ဗီလာ
ဟတ်လီပိုး ဝ-၂ ဝက်စ်ဟမ်း
ဟော်စ်စီးတီး ၂-ဝ မီဝေါလ်
ကတ်တယ်ရင်း ၂-၄ ဖူဟမ်
ပို့စ်မောက်စ် ဝ-၂ ဆွမ်စီး( ပရီးမီးယားလိဂ်၏ နာမည်ကြီးပို့မောက်စ်အသင်းအိမ်ကွင်းတွင် ၂ ဂိုးအရှုံးဖြင့် အရှက်ကွဲ)
ရှဖီး ၂-၁ ချာလ်တန်
ဆန်းဒါးလန်း ဝ-ဝ ဘလက်စ်ဘန်း
တိုကွယ်ရီ ဝ-၁ ကိုဗန်ထရီ
ဝက်စ်ဖို့လ် ၄-၃ ခရစ်စတယ်ပဲလေ့လ်
ဝက်စ်ဘရောင်း ၂-၂ ဘန်လေ
ဝုလ်ဘယ်တန် ၁-၂ မစ်ဒယ်ဘရော့
No comments:
Post a Comment