
စပါးတိုက်စစ်မှူးပတ်ပလူချင်ကိုအောင်ပွဲခံနေပုံ

စပါးတိုက်စစ်မှူးသစ်ဒီဖိုးဂိုးသွင်းယူနေပုံ
စပါးအသင်းသည် ကာလင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်၏ အိမ်ကွင်းတွင် ၄-၁ ဖြင့် အနိုင်ရရှိထားသဖြင့် ဒုတိယ ပွဲစဉ်အဖြစ် ဘန်လေ အသင်း၏ အိမ်ကွင်းတွင် ကစားခဲ့ရာ ပွဲချိန် မိနစ် ၉ဝ တွင် ဘန်လေအသင်းက ၃-ဝ ဖြင့် အနိုင်ရရှိခဲ့သဖြင့် အချိန်ပို ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်းတွင် စပါးတိုက်စစ်မှူး ပတ်ပလူချင်ကိုနှင့် ပို့စ်မောက်ဝယ်ယူထားသည့် ဒီဖိုးတို့၏ သွင်းဂိုးများဖြင့် ခက်ခက်ခဲခဲ ၆-၄ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ စပါးအသင်းသည် စနေနေ့တွင် အက်ဖ်အေဖလားပွဲစဉ်တွင် မန်ယူအသင်းနှင့် ကစားရန်ရှိသဖြင့် ယခုပွဲတွင် ပတ်ပလူချင်ကိုအား အနားပေးထားခဲ့သော်လည်း ပထမ ပိုင်တွင် ၁-ဝ ဖြင့် ရှုံးနိမ့်နေသဖြင့်သာ ထည့်ကစားခဲ့ခြင်းဖြစ်သည်။ ဘန်လေအသင်းက ပထမပိုင်း ၃၄ မိနစ်တွင် ဘန်လေကစားသမားဘလိတ်ကသွင်းယူသွားသဖြင့် ပထမပိုင်းအား တစ်လုံးအရှုံးဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်တွင် ဘန်လေအသင်း၏ဘယ်တောင်ပံကစားမား အားစပါးနောက်တန်းများ မထိန်းနိုင်သဖြင့် တောင်ပံကစားသမားခင်းပေးသည့် ဘောလုံးအား ကက်စ်ကန်က အပိတ်သွင်းယူသွားခဲ့သဖြင့် ၂-ဝ ဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၈၈ မှာတော့ ဘန်လေအသင်းမှ ပြစ်ဒဏ်ဘောကန်သွင်းရာ စပါးဂိုးသမား ထွက်ပုတ်ရာ စပါးနောက်တန်းနှင့်တိုက်မိ၍ ဘောလုံးထွက်ကျရာ ဘန်လေ အသင်းမှ ရိုဒယူးက ကန်သွင်းယူခဲ့သဖြင့် ၃-ဝဖြင့် ပြီးဆုံးခဲ့သဖြင့် ၄-၄ သရေဖြစ်နေသဖြင့် အချိန်အားဆက်လက် ကစားစေခဲ့ရာ ပထမပိုင်းတွင် မည်သူမျှ ဂိုးမသွင်းနိုင်ဘဲ ပွဲချိန် ၁၁၈ မိနစ်တွင် ပတ်ပလူချင်ကိုက အနိုင်ဂိုးကိုစတင်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အနိုင်သေချာ စေမည့်ဂိုးကိုတော့ စပါးတိုက်စစ်မှူးသစ်ဖြစ်သူ ဒီဖိုးက သွင်းယူပေးခဲ့သဖြင့် ကားလင်းဖလားဗိုလ်လုပွဲသို့ ခက်ခက်ခဲခဲ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment