Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, January 21, 2009

မန်ယူအသင်းဒါဘီ အသင်းအား ဂိုးပြတ်ဖြင့်နိုင်၍ ကားလင်းဖလား ဖိုင်နယ်သို့ရောက်


စီရိုနယ်ဒိုမန်ယူအသင်းအတွက်ပင်နယ်တီကန်သွင်းနေပုံ


မန်ယူအသင်းမှ ဂိုးသွင်းယူခဲ့သည် တိဗက်စ်နှင့်အိုရှေးရား
မန်ယူအသင်းမှ ဒုတိယ အကျော့ အဖြစ် အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ မန်ယူအသင်းက ဧည့်သည် ဒါဘီ အသင်းအး ၄-၂ ဖြင့် အနိုင်ရရှိခဲ့ သဖြင့် ကားလင်းဖလား ဖိုင်နယ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ယခုပွဲတွင် မန်ယူအသင်းမှ ရှေ့တန်းတွင် တိဗက်စ် ၊ ဝဲလ်ဘတ် ၊ အလယ်တန်းတွင် အန်ဒါဆန်၊ ဂစ် ၊ နာနီ ၊ လူသစ်ကစားသမားဂစ်ဆင် နောက်တန်းတွင် အိုးရှေးရား၊ ရာဖေး၊ ဂယ်ရီနဗီး၊ အီဗန်နှင့် ဂိုးသမားအဖြစ် ဖော်စတာတို့အား အသုံးပြုသွားသည်ကိုတွေ့ရှိရသည်။ ပွဲချိန် ၁၆ မိနစ်မှာဘဲ နာနီက အမှတ်မထင် ဂိုးဧရိယာ အပြင်ဖက်မှ အပြင်းကန်သွင်းကာ ဗွေဆော်ဦးအားသွင်းယူသွားခဲ့သည်။ ဒုတိယဂိုးကိုတော့ နောက်တန်းကစားသမား ဂျွန်အိုရှီးရားက ပွဲချိန် ၂၂ မိနစ်(ယခုရာသီ အတွင်း ပထမဦးဆုံးအကြိမ် )ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ တတိယဂိုးကိုတော့ ပြစ်ဒဏ်ဘောမှတဆင့် ရာဖေးက မတင်ပေးသည့် ဘောလုံးအား တိဗက်စ်က ပွဲချိန် ၃၄ မိနစ်တွင်သွင်းယူပေးနိုင်ခဲ့သဖြင့် ပထမပိုင်းကို ၃ ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဒါဘီအသင်းမှ တိုက်စစ်ဖွင့်ကစားလာသဖြင့် ပွဲချိန် ၈ဝ အီဗန်ကဂိုးဧရိယာစည်းအတွင်း ဖျတ်ထုတ်ရာရာ ကြမ်းတမ်းသဖြင့် ဒါဘီအသင်းပင်နယ်တီမှ တဆင့် အဖွင့်ဂိုးကိုရရှိခဲ့သည်။ ပွဲချိန် ၈၉ မိနစ်မှာတော့ တိဗက်စ်ကြောင့် ရရှိသည့် ပင်နယ်တီ အား စီရော်နယ်ဒိုက ကန်သွင်းယူပေးခဲ့သဖြင့် ၄-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၉ဝ မှာတော့ မန်ယူအသင်း ဂိုးဧရိယာ အစပ်တွင် ပြစ်ဒဏ်ဘော ပေးရသဖြင့် ပင်နယ်တီသွင်းယူခဲ့သည် ဘားနက်စ်က ဂိုးသမား၏ ညာဖက်ထောင့်ထဲသို ကန်သွင်းယူနိုင်ခဲ့သဖြင့် ၄-၂ ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ကားလင်းဖလားဗိုလ်လုပွဲတွင် စပါးအသင်းနှင့် တွေ့ဆုံမည် ဖြစ်သည်။ ၂၄-၁-၂ဝဝ၉ စနေနေ့တွင် စပါးအသင်းနှင့် အက်ဖ်အေတွင်လည်းဆုံတွေ့ရမည်ဖြစ်သည်။

No comments: