Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, January 29, 2009

ဝီဂန်အသင်းအိမ်ကွင်း၌လီဗာပူးနှင့်အမှတ်ခွဲယူ



တိုက်စစ်မှူးမီဒို


မီဒိုပင်နယ်တီကန်သွင်းနေပုံ


ဘီနာယောင်ဂိုးသမားအားဖြတ်ကျော်ဂိုးသွင်းနေပုံ

ပရီးမီးယားလိဂ်၏ ပွဲစဉ် ၂၃ အဖြစ် ဝီဂန်အသင်းက အိမ်ကွင်းတွင် လီဗာပူးအသင်းအား ဧည့်ခံကစားခဲ့ရာ ၁-၁ သရေဖြင့်ပြီးဆုံးခဲ့သည်။ ယခုပွဲတွင် လီဗာပူးအသင်းက တနင်္ဂနွေ နေ့တွင် ချဲယ်လ်ဆီးနှင့် ကစားရန်ရှိသဖြင့် ရှေ့တွင် တောရက်စ် ၊ ဘာဘယ် ၊ ဘီနာယောင် တို့ဖြင့် ပွဲထုတ်ခဲ့သလို ဝီဂန် အသင်းကလည်း မစ်ဒယ်ဘရော့အသင်းမှ အငှားခေါ်ယူထားခဲ့သည် မီဒို ကိုအထောင်ထားကာ ကောင်တာ ကစားခဲ့သည်ကိုတွေ့ရှိရသည်။ လီဗာပူးအသင်းက ပွဲချိန် ၄၁ မိနစ်တွင် မာရှေရာနို ခင်းပေးသည့် ဘောလုံးအား ဘီနာယောင်က ဝီဂန် ဂိုးသမားကို လိမ်ကာ လှလှပပ သွင်းယူသွားခဲ့သည်။ စပါးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၃ မိနစ်တွင် လီဗာပူး ကွင်းလယ်လူ လူကပ်နေးက ပင်နယ်တီ စည်းအတွင်း ဘောလုံးဖျတ်ထုတ်ရာ ဘောလုံးမထိဘဲ ခြေထောက်အားဖြတ်ရိုက်မိသဖြင့် ပင်နယ်တီပေးခဲ့ရသည်။ ယင်းပင်နယ်တီ အား မစ်ဒယ်ဘရော့ အသင်းမှအငှားလာရောက်ကစားသည့် အီဂျစ်တိုက်စစ်မှူးဖြစ်သူ မီဒိုက ဂိုးသမား၏ ညာဖက်ထောင့်ထဲသို့ အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ဖြင့် ပွဲမှာ သရေဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲတွင် လီဗာပူး အသင်း အသာမရရှိဘဲ ဝီဂန်အသင်းကသာ ဘောလုံးပိုင်ဆိုင်မှုများစွာဖြင့် ကစားနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။ ယခုပွဲသရေကျသွားသဖြင့် လီဗာပူး အနေဖြင့် မန်ယူအသင်းအား (တစ်ပွဲလျော့ ၂ မှတ်ကွာ)ဟသွားခဲ့ပြီဖြစ်သည်။

ယနေ့ည အနိုင်အရှုံးအဖြေများ

ချဲယ်လ်ဆီး ၂-ဝ မစ်ဒယ်ဘရော့ ( ၅၈ ၊ ၈ဝ မိနစ်တွင် ဆော်လမွန် ကာလူးတစ်ဦးတည်း ၂ လုံးသွင်းယူနိုင်ခဲ့သည်)
မန်းစီးတီး ၂-၁ နယူးကာဆယ်
(မန်စီးတီးအသင်းတွင် အသစ်ဝယ်ယူထားသည့် တိုက်စစ်မှူးဘယ်လာမီ ၊ ဒီဂျောင်တို့ကို ထည့်သွင်း ကစားသွားခဲ့သည်ကိုတွေ့ရသည်။ (၁၇ မိနစ်တွင် ရော်ဘင်ဟိုဖန်တီးပေးမှုမှ ရိုက်ဖီးလစ် တစ်လုံး၊ ၇၇ မိနစ်တွင် ဘယ်လာမီ တစ်လုံး(တိုက်စစ်မှူးသစ်) မိနစ် ၈၁ တွင်နယူးကာဆယ်မှ ကာရိုးက သိက္ခာဆယ်တစ်ဂိုးပြန်သွင်းယူနိုင်ခဲ့သည်)
ဘလက်ဘန်း ၂-၂ ဘော်လ်တန်
(ဘလက်ဘန်းမှ ပထမပိုင်းတွင် ဦးဆောင်၂ ဂိုးသွင်းယူထားခဲ့သော်လည်း ဘော်လ်တန်အသင်းမှ ၆၆ မိနစ်နှင့် ၈၇ မိနစ်တွင်ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် အဖိုးတန် ၁ မှတ်ရရှိခဲ့ခြင်းဖြစ်သည်)
အဲဗာတန် ၁-၁ အာဆင်နယ်
(တင်ကာဟေးကခေါင်းတိုက်ပြီး ၆၁ မိနစ်တွင်သွင်းယူ၊ ချေပဂိုးကိုတော့ ၉ဝ မိနစ်တွင် ဗန်ပါစီက သွင်းယူနိုင်ခဲ့သဖြင့် တစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်)

ဝက်စ်ဟမ်း ၂-ဝ ဟောစီးတီး

No comments: