Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, May 21, 2009

uefa ဖလားအား ယူကရိန်းကလပ် ရှက်တာဒိုးနက်ရရှိ


ဆုဖလားနှင့်အတူ ရှက်တာဒိုးနက်အသင်းအားတွေ့မြင်ရပုံ

တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ယူအီးအက်အေဖလား ဖိုင်နယ်ပွဲစဉ်တွင် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းနှင့် ဂျာမန်ထိပ်သီး ၀ါဒါဘရီမင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်ပြည့်သည်အထိ တစ်ဖက်တစ်ဂီုးစီ သရေကျနေ၍ အချိန်ပိုကစားကြရာ အချိန်ပို ပထမပိုင်းတွင် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းမှ တိုက်စစ်မှူး ဂျက်ဆန်၏ သွင်းဂိုးကြောင့် ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး ချန်ပီယံဆုဖလား ရယူသွားခဲ့သည်။ ရှက်တာဒိုးနက်အသင်းအတွက် ဂျက်ဆန်နှင့် အန်ဒရီယာနိုတို့ ဂိုးများသွင်းယူ ပေးခဲ့ကြပြီး ၀ါဒါဘရီမင်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို နယ်ဒိုမှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၀ါဒီဘရီမင်အသင်း ရှုံးနိမ့်ရခြင်းမှာ ဂိုးသမား၏ ပေါ့ဆမှုမှ ပေးလိုက်ရပြီး ရှက်တာဒိုးနက်အသင်းအား အရှုံး ပေးလိုက်ရခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်မှာ ၄င်းတို့အတွက် ဒုတိယအကြိမ် ဆွတ်ခုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုပွဲစဉ်၏ ထူးခြားချက်မှာ ဂိုးများသွင်းယူသွားခဲ့ကြသည့် အန်ဒရီယာနို၊ နယ်ဒိုနှင့် ဂျက်ဆန်တို့ သုံးဦးစလုံးမှာ ဘရာဇီးသား ကစားသမားများဖြစ်နေကြခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: