Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, May 25, 2009

ပထမအကြော့ရှုံးကြွေးကို ဂိုးပြတ်သွင်းပြီး အနိုင်ယူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအတွက် တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့သူ တိုက်စစ်မှုး ဗန်ပါစီ
ပထမအကြော့မှာ အာဆင်နယ်ကို (၂-၁) ဂိုးနဲ့  အနိုင်ယူထားတဲ့ စတုတ်စီးတီးအသင်းအား ဒီနေ့  ညအာဆင်နယ်တို့  အိမ်ကွင်းမှာ (၄-၁) ဂိုးနဲ့ ပြန်ပြီးအနိုင်ယူလိုက်ပါတယ်။ နှစ်သင်းစလုံးဟာ အမှတ်မလိုပေမယ့်လည်း ပထမအကြော့က ရှုံးကြွေးကိုပြန်ဆပ်ဖို့  အာဆင်နယ်တို့  လူစုံထုတ်ကစားလာတာကို တွေ့ ရပါတယ်။ ဒီနေ့ ပွဲမှာအာဆင်နယ်အသင်းက ပွဲချိန်ပြည့်ကစားကွက် အသာစီးကနေကစားနိုင်ခဲ့ပြီး ပထမပိုင်း ၁၀ မိနစ်မှာ ဖာဘရီဂတ်ရဲ့ ဖြတ်တင်ဘောကို စတုတ် အသင်း တိုက်စစ်မူး ဂျိမ်းဘီတီမှ ဖြတ်ထုတ်ရာမှာ ဂိုးဝင်သွားတဲ့အတွက် အာဆင်နယ်တို့  ဘွေဆော်ဦးဂိုးရရှိသွားပါတယ်။ ပထမပိုင်း ၁၆ မိနစ်မှာပဲ အာဆင်နယ်တိုက်စစ်မူး ဗန်ပါစီကြောင့်ရတဲ့ပယ်နယ်သီကို ဗန်ပါစီကိုတိုင်ကန်သွင်းပြီး ဒုတိယ ဂိုးအဖြစ် ရရှိခဲ့ပါတယ်။ စတုတ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကိုမထိန်းနိုင်ဘဲ ကစားကွက် တည်မရအောင်ဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ တတ္တိယမြောက်ဂိုးကိုတော့ ၁၈ မိနစ်မှာ ဗန်ပါစီကန်တင်ပေး လိုက်တဲ့ ဖရီးကစ်မှတဆင့် အဒီယာဘီကနေ ခေါင်းတိုက်သွင်းယူပေးသွားပြီး စတုတ်အသင်းရဲ့ တစ်လုံးထည်းသော ခြေပဂိုးကို တိုက်စစ်မူး ဖူလာက ပယ်နယ်သ်ီမှတဆင့် ကန်သွင်းသွားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လေးဂိုး မြောက်ဂိုးကိုတော့ တိုက်စစ်မှုးဗန်ပါစီကပဲ စတုက်နောက်ခံလူတွေအမှားမှတဆင့် မနားတမ်းတမ်းမြေမကြဘောအဖြစ် လှလှပပ ကန်သွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂိုးဟာအာဆင်နယ်တိုက်စစ်မှုးဗန်ပါစီရဲ့  ယခုနှစ်ရာသီသွင်းဂိုး (၂၀) မြောက် ဂိုးဖြစ်ပါတယ်။ဒီနေ့  ပွဲမှာ အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါး လူထုတ်ပုံမှန်ကန်ခဲ့ပြီး ပထမအကြော့အဝေးကွင်းရှုံး ကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။KMT



ပြန်ခေါက်ထားရန်

No comments: