Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, May 25, 2009

ကံတရားဖေးမမှုနဲ့ တန်းမဆင်းရတဲ့ ဟူးစီးတီးနဲ့  ရှုံးနိမ့်မူတွေကြောင့်တန်းဆင်းသွားရတဲ့ ၃ သင်း

တန်းဆင်းသွားရလို့ စိတ်ပျက်နေကြတဲ့ နယူးကာဆယ်အသင်းသားများ
တန်းမဆင်းရလို့ အောင်ပွဲခံနေတဲ့ ဟူးစီးတီးနည်းပြ
ဟူးစီးတီးအသင်းကတော့ ရာသီနောက်ဆုံးပွဲအထိရင်တမမနဲ့ ကစားခဲ့ရပြီး ချန်ပီယံ မန်ယူကို ရှုံးသွားပေမယ့်လည်းတဖတ်မှာကစားနေတဲ့ နယူးကာဆယ်အသင်းက ရှုံးသွားတာကြောင့် ဟူးစီးတီးတန်းမဆင်းရတော့တဲ့အတွက် အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ဟူးစီးတီးအသင်းဟာ ယခုနှစ်မှပရီးမီးယားလိတ်ကိုတက်လာတာဖြစ်ပြီး ရာသီပြီးဆုံးခါနီးအချိန်မှာ တန်းဆင်းဇုံကိုရောက်သွားတာကြောင့် တန်းမဆင်းရရေးအတွက်ရုန်းကန်းခဲ့ရတာပါ။ တန်းဆင်းဇုံပြိုင်ဘက်ဖြစ်တဲ့ မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်း၊ နယူးကာဆယ်တို့ နှင့်တန်းမဆင်းရဖို့ အတွက် အပြိုင်အဆိုင်ကစားသွားခဲ့ရပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီပွဲမှာသရေကျရင်ပဲ တန်းမဆင်းရမှာဖြစ်ပေမယ့် အက်စ်တန်ဗီလာအသင်းကို (၁-၀) ဂိုးနဲ့ ရှုံးနိမ့်သွားတာကြောင့် လာမည့်နှစ်ရာသီမှာ ပရီးမီးယားလိတ်မှာ တွေ့ မြင်ရတော့မှာမဟုတ်ပါဘူး။ နယူးကာဆယ်အသင်းနဲ့ အတူတန်းဆင်းသွားကြရတဲ့အသင်းတွေကတော့ မစ်ဒယ်ဘရော့၊ ဝက်ဘရွန်းတို့ ဖြစ်ပါတယ်။





ပြန်ခေါက်ထားရန်

No comments: