Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, May 19, 2009

မန်ယူအသင်းအတွက် တစ်နှစ်တာ အကောင်းဆုံးဆုအားဗီဒစ်ရရှိ

ချန်ပီယံလိဂ်တွင် အင်တာအသင်းဖက်သို့ ခေါင်းတိုက်ပြီးဂိုးသွင်းယူနေပုံ
ဗီဒစ်အားဆုနှင့်အတူတွေ့မြင်ရပုံ


မန်ယူအသင်းအတွက် တစ်နှစ်တာ အကောင်းဆုံးဆုကိုတော့ မန်ယူအသင်းသားများက ရွေးချယ်မဲပေးခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုနှင့် မန်ယူပရိသတ်များမဲပေးရွေးချယ် ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုနှစ်ဆုကို တစ်ဦးတည်းရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ဖလားရရှိရန်နှင့် ချန်ပီယံလိဂ် တွင်လည်း ၂ နှစ်ဆက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းတို့တွင် ဗီဒစ်၏ စွမ်းဆောင်မှုက အဓိက အခန်းတွင် ပါဝင်ခဲ့သဖြင့် ယခုဆုအား အသင်းသားများနှင့် ပရိသတ်များက ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပရီးမီးယားလိဂ် ပွဲအများဆုံး ၃၃ ပွဲကစား ထားခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခြင်း ချန်ပီယံလိဂ်တွင် အင်တာနှင့် ပွဲ့၌ တစ်ဂိုးသွင်းယူနိုင် သဖြင့် စုစုပေါင်း ၅ ဂိုးသွင်းယူနိုင်သဖြင့် ဂိုးသွင်းစွမ်းရည်ထက်မြက်သူအဖြစ် ဆုပေးရန် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဗီဒစ်သွင်းသည့် ဂိုးများတွင် ခေါင်းတိုက်ပြီး သွင်းသည့် ဂိုးက ပိုများသဖြင့် ခေါင်းတိုက် ကောင်းသူဟု မန်ယူပရိသတ်များက ပြောဆိုနေကြခြင်းဖြစ်သည်။



ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: