Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, May 18, 2009

မန်ယူအသင်းသုံးနှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီ

အသင်းခေါင်းဆောင်ဂစ်ဆုဖလားနှင့်အတူအောင်ပွဲခံနေပုံ
ဖာဂူဆန် ၁၈ ကြိမ်မြောက် ဆုဖလားအား သုံးနှစ်ဆက်ရယူပေးနိုင်ပုံ
ပရီးမီးယားလိဂ်၏ ပွဲစဉ် ၃၇ အဖြစ် မန်ယူအသင်းက အာဆင်နယ်အသင်းအား အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သဖြင့် မန်ယူအသင်း ဒုတိယနေရာမှ လီဗာပူးအား ၄ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် ဖလားအား သုံးနှစ်ဆက်တိုက် (၁၈ကြိမ်မြောက် )ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုရလဒ်ကြောင့် လီဗာပူးလ် အသင်း၏ ၁၈ကြိမ် အမှတ်ပေး ချန်ပီယံ ဖြစ်ဖူးသည့် စံချိန်အား အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး ၃နှစ်ဆက်တိုက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

ပွဲမတိုင်မီကပင် သရေတစ်မှတ် ရရုံမျှဖြင့် အမှတ်ပေး ချန်ပီယံ ဖြစ်မည့် မန်ယူတို့ အနေဖြင့် အိမ်ကွင်း ပရိသတ် ရှေ့ မှောက်တွင် လိုအပ်သည့် သရေ တစ်မှတ်အား အရယူနိုင်ခဲ့ကာ အမှတ်ပေး ချန်ပီယံ ဆုအား ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်နှင့် ပွဲတွင် ရရှိခဲ့သည့် သရေ တစ်မှတ်ကြောင့် မန်ယူတို့ အနေဖြင့် ရမှတ် ၈၇ မှတ်ဖြင့် တစ်ပွဲကျန်ရှိ ချိန်တွင် အမှတ်ပေးချန်ပီယံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်း ပရိသတ် ရှေ့ မှောက်တွင် အောင်ပွဲ ခံနိုင်သည့် ဒုတိယအကြိမ်မြောက် အိမ်ကွင်းတွင် ဖလားအားရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲ အနိုင်ရရှိခဲ့သော်လည်း အာဆင်နယ် အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနှင့် ခြေအသာနှင့် ဦးဆောင်ကစားသွားခဲ့သည်ကို တွေ့ရှိရသည်။ မန်ယူအသင်းက ပွဲစဉ် ၃၇ တွင် ပရီးမီးယားလိဂ်ဖလားအားဆွတ်ခူးရရှိခဲ့သလို စပိန်တွင်လည်း ဘာစီလိုနာအသင်းသည် ပွဲစဉ် ၃၆ အဖြစ် ရီးရယ်မက်ဒရစ် အသင်း ဗီလာရီးရယ်အသင်းအား ၃-၁ ဖြင့် ရှုံးနိမ့်သွားခဲ့သဖြင့် ဘာစီလိုနာ အသင်း ကကန်စရာမလိုဘဲ ရမှတ် ၈၆ မှတ်ဖြင့် ဒုတိယနေရာမှ ရီးရယ်မက်ဒရစ် အသင်းအား ၇၈ မှတ်ဖြင့် ကွားခြားချက် ၈ မှတ်ဖြင့် စပိန်လာလီဂါ ဖလားအား ရရှိခဲ့ခြင်းဖြစ်သည်။ အီတလီတွင် လည်း အင်တာမီလန်အသင်းက ဒုတိယနေရာမှ အေစီမီလန်အသင်းအား ပွဲစဉ် ၃၅ ကစားပြီးချိန် တွင် ရမှတ် ၇၈ မှတ်ရရှိကာ ဒုတိယနေရာမှ အေစီမီလန် အသင်းမှာ ပွဲစဉ် ၃၆ ကစားပြီးချိန်တွင် ရမှတ် ၇၁ မှတ်သာရရှိ သေးသဖြင့် ၇ မှတ်အကွာဖြင့် အင်တာမီလန်အသင်း ၄ နှစ်ဆက်တိုက်ချန်ပီယံဆုအားဆွတ်ခူးရရှိခဲ့သလို မော်ရင်ဟို၏ ဂုဏ်သိက္ခာလည်းအီတလီသို့ ရောက်ရောက်ခြင်း ဆုဖလားရယူပေးနိုင်ခဲ့သဖြင့် မော်ရင်ဟို၏ နာမည်မှာပိုမိုကြီးမားခဲ့ရသည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: