Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, May 13, 2009

မန်ယူအသင်းပရီးမီးယားလိဂ်ဖလားရရှိရန်၁မှတ်သာလို

အနိုင်ဂိုးအားသွင်းပေးခဲ့သူမိုက်ကယ်ကားရစ်
မန်ယူအသင်းအတွက်ချေပဂိုးအားနောက်ပေါက်ဖြင့်သွင်းပေးသူတိဗက်စ်


ဝီဂန်အသင်းအတွက် တစ်လုံးတည်းသောဂိုးအားသွင်းယူပေးခဲ့သူရိုဒယ်လီဂါ

ပရီးမီးယားလိဂ်ပွဲစဉ်လက်ကျန်အဖြစ် ၀ီဂန်အသင်းက မန်ယူအသင်းအားအိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲတွင် မန်ယူအသင်းက အဓိက ကစားသများဖြင့် အနိုင်ကစားရန်ပွဲထုတ်လာခဲ့သည်ကိုတွေ့ရှိရသည်။ ဂိုးသမား ဗန်ဒါဆား၊ အိုရှေး ၊ အီဗရာ ၊ ဗီဒစ် ၊ အီဗန် ၊ အလယ်တန်းတွင် အန်ဒါဆန်၊ စီရော်နယ်ဒို ၊ မိုက်ကယ်ကားရစ် ၊ ပေါ့စကိုး ၊ ရှေ့တန်းတွင် ဘာဘာဗ်တော့ ၊ ရွန်နီတို့ဖြင့် ပွဲထုတ်လာခဲ့သည်ကိုတွေ့ရှိရသည်။ ပထမပိုင်း ပွဲအစ မိနစ် 20 အထိ မန်ယူအသင်း ကစားကွက် မတည်နိုင်ဘဲ အိမ်ရှင် ၀ီဂန်အသင်း တိုက်စစ်ဆင်ထိုးဖောက်မှုကိုသာကာကွယ်နေခဲ့ရသည်။ မိုးရွာသွန်းမှုကြောင့် ကစားသမားများ ထိန်းကစားနေခဲ့ရသည်ကိုတွေ့ရှိရသည်။ ပွဲချိန် 28 မိနစ်တွင် ၀ီဂန်တိုက်စစ်မှူးဖြစ်သူ ရိုဒယ်လီဂါက အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော ဂိုးအား မန်ယူနောက်ခံလူဗီဒစ်တားသည့်ကြားမှ ဗန်ဒါဆားပိတ်ထားသည့် ဂိုးကျဉ်းထဲသို့ကန်သွင်းပြီး ဗွေဆော်ဦး ဂိုးကိုသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း ပထမပိုင်းပြီးဆုံးသည်အထိ ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ဒုတိယပိုင်းတွင် နည်းပြ ဖာဂူဆန်က အန်ဒါဆန်အစား တိုက်စစ်မှူးတိဗက်စ်နှင့် ပေါ့စကိုးအစား ဂစ်တို့ဖြင့် လဲလှယ်ကာ အတင်းတိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် 61 မိနစ်တွင် ကားရစ်ပေးပို့မှုမှတဆင့် တိဗက်စ်က နောက်ပြန်သွင်းယူခဲ့သဖြင့် မန်ယူအသင်း ချေပဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။ အနိုင်ဂိုးကိုတော့ ကွင်းယယ်ဖန်တီးရှင် ကားရစ်မှ နောက်တန်း ကစားသမား အိုရှေးပေးပို့မှုမှတဆင့် ပွဲချိန် 86 မိနစ်တွင် သွင်းယူပြီး မန်ယူအသင်းအတွက် အဖိုးတန် 3 မှတ်အားရယူပေးနိုင်ခဲ့သဖြင့် မန်ယူအသင်းအားနောက်မှ ဖိအားပေးနေသည့် လီဗာပူးအတွက်ချန်ပီယံမျော်လင့်ချက် ကုန်ဆုံးခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအနေဖြင့် နောက်လက်ကျန် 2 ပွဲတွင် တစ်မှတ်ရရုံဖြင့် 3 နှစ်ဆက်တိုက် ချန်ပီယံဖလားအားဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုအား မိုက်ကယ်ကားရစ်က ကိုယ်တိုင်တစ်လုံးသွင်းယူပြီး ၊ တိဗက်စ် ဂိုးသွင်းခွင့်ရရှိအောင်လည်းဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: