Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, May 12, 2009

အာဆင်နယ် အိမ်ကွင်းတွင် ချယ်ဆီးအသင်းအား ဂိုးပြတ်ရှုံးနိမ့်

ဖာဘရီဂတ်ရဲ့ ထိုးဖေါက်မှုကို တားဆီးရန်ကြိုးစားနေတဲ့ ချယ်ဆီးကွင်းလယ်လူ မိုက်ကယ်အက်ဆီယန်
အာဆင်နယ်အသင်းဘက်သို့ ဂိုးသွင်းအပြီးအောင်ပွဲခံနေတဲ့ ချယ်ဆီးအသင်းသားများ

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲအဖြစ် အိမ်ကွင်းအီမီရိတ်တွင် ချယ်ဆီးအသင်းအား လက်ခံကစားခဲ့ရာ ၁-၄ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။
ဒီကနေ့ ပွဲမှာ အာဆင်နယ်အသင်းဟာ ၄-၁-၄-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ လူငယ်ဂိုးသမားဖြစ်တဲ့ ဖာဗီယန်းစကီးကိုသုံးကာ နောက်တန်းမှာ ဆဂ်နာ၊ တိုရေး၊ ဆီးဗားစတားနှင့် ဂဘ်စ်တို့ ကို အထိုင်ချကစားခဲ့ပြီး နောက်တန်းရဲ့ ရှေ့ မှာ အဖျက်ကစားသမားအဖြစ် ဆောင်း- ကိုထားကစားတာတွေ့ ရပါတယ်။ အလယ်တန်းမှာ ဝဲကော့၊ ဖာဘရီဂတ်စ်၊ နာစရီနှင့် ဒိုင်ယာဘီတို့  ကိုထားကစားပြီး ရှေ့ တန်းမှာ ဗန်ပါစီတဦးတည်းကို အထောင်တိုက်စစ်အဖြစ် တင်ကစားသွားတာကိုတွေ့  ရပါတယ်။
ချယ်ဆီးအသင်းကတော့ ၄-၄-၂ ကစားကွက်ဖြင့်ပွဲထွက်လာခဲ့ပါတယ်။ ဂိုး-ပီတာဆက်ခ်ျ နောက်တန်း-ဘော့ဆင်ဟွာ၊ အဲလက်စ်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးတို့ နှင့် အထိုင်ချပြီး ကွင်းလယ်မှာ အက်ဆီယန်၊ မီခေး၊ လမ်းပတ်၊ မာလူဒါတို့ ဖြစ်ပြီး ရှေ့ တန်းမှာ ဒရော့ ဘာနှင့် အနယ်ကာတို့  ကိုတင်ပြီး ကစားသွားတာကိုတွေ့  ရပါတယ်။ ဒီနေ့ ပွဲမှာ အာဆင်နယ်အသင်းဟာ ချဲဆီးအသင်းထက် ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့ပြီး ကွင်းလယ်ညာအစွန်လူဖြစ်တဲ့ ဝဲကော့ဟာ သေချာပေါက်ဂိုးအတော်များများကို ဖြုန်းတီးခဲ့တာကြောင့်  အိမ်ရှင်အသင်းဂိုးတဂိုးပဲရရှိခဲ့တာပါ။
ပထမပိုင်း ၂၇ မိနှစ်မှာ အာဆင်နယ်ကွင်းလယ်လူဖာဘရီဂတ် ဖျက်တာကြမ်းတဲ့အတွက်ကြောင့် ရတဲ့ပစ်ဒဏ်ဘောကို ချယ်ဆီးတိုက်စစ်မှုး ဒရော့ဘာ ကန်တင်ပေးလိုက်တာမှ တဆင့် နောက်ခံလူ အဲလက်စ်မှ လှလှပပ ခေါင်းတိုက်သွင်းယူပြီး ချယ်ဆီးအသင်း ဘွေဆော်ဦးဂိုးရရှိ သွားတာပါ။ ဒီလိုနဲ့  အကြိတ်အနယ်ကစားနေရင်း ချယ်ဆီးအသင်းအတွက် ဒုတိယဂိုးအဖြစ်တိုက်စစ်မှုး အနယ်ကာမှ အာဆင်နယ်ကွင်းတဝက်လောက်ကနေ မနားတမ်းအပြင်းကန်သွင်းရာ အာဆင်နယ် ဂိုးသမား ဖာဗီယန်းစကီးရဲ့  ဘယ်ဘက်ဒေါင့်ထဲဝင်သွားပြီး ဒုတိယဂိုးကိုပေးလိုက်ရတာပါ။
ဒုတိယပိုင်းပွဲစစချင်းမှာပဲ ချယ်ဆီးနောက်ခံလူ အက်ရှ်လေကိုးရဲ့ ဖြတ်တင်ဘောကို အာဆင်နယ်နောက်တန်းလူ တိုရေးဖြတ်ထုက်ရာမှာ ကိုယ့်ဂိုးကိုသွင်းမိသလိုဖြစ်ပြီး အုံးဂိုးပေးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းဟာ အဒီဘာယော၊ ဒီနယ်ဆင်၊ ဘန်တနာတို့  ကိုလူစားလည်းဝင်ရောက်ကစားစေခဲ့ရာ ပွဲဟာပိုမိုမြန်ဆန်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့  တလုံးတည်းသောချေပဂိုးကိုတော့ ဝဲကော့အစားလူစားဝင်လာတဲ့ တိုက်စစ်မှုး ဘန်တနာကနေ ဒုတိယပိုင်းမိနစ် ၇၀ မှာ ခေါင်းတိုက်သွင်းယူပေးသွားတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့  စတုတ္ထမြောက်ပွဲသိမ်းဂိုးကိုတော့ ကွင်းလယ်ဘယ်အစွန်လူ မာလူဒါကနေ တိုက်စစ်မှုး အနယ်ကာနဲ့  ဝမ်းတူးရိုက်ပြီးသွင်းယူသွားခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့  ကန်သွင်းချက်တွေဟာ ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်ပေမယ့် ချယ်ဆီးဂိုးသမား ပီတာဆက်ခ်ျ လက်စွမ်းပြ ကာကွယ်သွားနိုင်ခြင်းများကြောင့် တဂိုးတည်းနဲ့  သာကျေနပ်ခဲ့ရတာပါ။

KMT

No comments: