Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, May 12, 2009

ဒါဘီပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ယူလိုက်တဲ့ မန်ယူ


ပြိုင်ဆိုင်မှုအားပြင်းထန်တဲ့ မန်ချက်စတာဒါဘီမှာ မြို့ ခံပြိုင်ဘက်ဖြစ်တဲ့မန်စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဧည့်ခံကစားခဲ့ရာ၂ - ၀ နဲ့ ဂိုးပြတ်အနိုင်ယူလိုက်ပါတယ်။ မန်ချက်စတာမြို့  ရဲ့ မြို့ ခံ ပြိုင်ဘက်ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံးက လူစုံထုတ်ကစားခဲ့ကြပါတယ်။ ပွဲအစ ၈ မိနစ်မှာဘဲ စီရော်နယ်ဒိုရဲ့ ဖရီးကစ်မှတဆင့် အဖွင့်ဂိုးကိုအိမ်ရှင်မန်ယူအသင်းက သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ တိဗက်စ်ကဘာဘာဗ်တော့ဖန်တီးပေးမှုမှတဆင့် ပွဲချိန၄၅ မိနစ်တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မန်းစီးတီး အသင်းကတိုက်စစ်ဆင်ကစားခဲ့သော်လည်း မန်ယူအသင်းကခံစစ်ကို လုံခြုံအောင်ကစားနိုင်ခဲ့သဖြင့်၂-၀ ဖြင့် မန်ယူအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ယခုပွဲက ချန်ပီယံဆုအတွက် မန်ယူအနိုင်လိုအပ်သလို မန်စီးတီးအသင်းကလည်း ယူအီးအဖ်အေဝင်ရန်အတွက်အမှတ်လိုတဲ့အတွက် နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီနေ့ ပွဲမှာ မန်ယူကွင်းလယ်လူ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဒုတိယပိုင်းပွဲမပြီးခင် တိုက်စစ်မူး ရွန်းနီနဲ့ လူစားလည်းခံလိုက်ရတဲ့အတွက် ကွင်းထဲကနေဒေါသပေါက်ကွဲစွာထွက်သွားတာကိုတွေ့ ရပါတယ်။ ခရစ်စတီယာနိုသည် လာမည့်ရာသီတွင် စပိန်ကလပ် ရီးရဲမက်ဒရစ်သို့ ပြောင်းမည်ဟု သတင်းများထွက်နေသည်။


ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: