Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, May 7, 2009

ဘာစီလိုနာအသင်းအဝေးဂိုးစည်းမျဉ်းအရချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိ

ဘာစီလိုနာအသင်းအတွက် အဖိုးတန်ဂိုးသွင်းပေးခဲ့သူ အင်နယ်စတာ
ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချဲယ်လ်ဆီင်္း အသင်းက အိမ်ကွင်းတွင် ဘာစီလိုနာအသင်းအား ဧည့်ခံကစားခဲ့ရာ 1-1 ဖြင့် သရေကျခဲ့သဖြင့် အဝေးဂိုးစည်းမျဉ်းအရ ပထမအကျော့တွင် ဘာစီလိုနာ အိမ်ကွင်းတွင် ချဲယ်လ်ဆီးအသင်းက 0-0 သရေဖြစ်သဖြင့် ချဲယ်လ်ဆီးအသင်း ရှုံးနိမ့်ကာ ဆီးမီးဖိုင်နယ် အဆင့်မှ နုတ်ဆက်ခဲ့ရပြီဖြစ်သည်။ ယခုပွဲတွင် ချဲယ်လ်ဆီးအသင်း ပွဲအစ 9 မိနစ်တွင် အက်စီယန်က ဂိုးဧရိယာ အပြင်မှ မြေမကျဘောအား အပြင်းကန်သွင်းပြီး ချဲယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးအား စတင်သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းပြီးသည့် အထိ ဘာစီလိုနာအသင်း ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့သဖြင့် ပထမပိုင်းကို ချဲယ်လ်ဆီးအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်ကစားခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း ပွဲစပြီး 21 မိနစ်အကြာ (ပွဲချိန် 66 )မိနစ်တွင် ဘာစီလိုနာမှ အဘီဒယ် ၊ အနယ်ကာထံမှ ဘောလုံးအားဖျတ်ထုတ်ရာတွင် ကြမ်းတမ်းသဖြင့် တိုက်ရိုက်အနီဖြင့် ထုတ်ပယ်လိုက်သည်။ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုတွင် ဂိုးဧရိယာ အစပ်မှ မက်စီ၏ ဖန်တီးပေးမှုမှ ဘာစီလိုနာကွင်းလယ်ဖန်တီးရှင် အင်နယ်စတာမှ အပြင်းကန်သွင်းပြီး အဖိုးတန်ချေပဂိုးအား သွင်းယူခဲ့ပြီး အဝေးဂိုးစည်းမျဉ်းအရ ဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ချဲယ်လ်ဆီးအသင်းမှာ တစ်ယောက်လျော့ အသင်းအား ဂိုးထပ်မသွင်းနိုင်ဘဲ ဂိုးပြန်ပေးလိုက်ရသဖြင့် ဆီးမီးဖိုင်နယ် အဆင့်မှ နူတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: