Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, May 6, 2009

မန်ယူအသင်းချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိ

မန်ယူအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သူ စီရော်နယ်ဒို

အာရှသားလေးပတ်ဂျီဆန်ဂိုးသွင်းယူပုံ
ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မန်ယူအသင်းအား အာဆင်နယ် အသင်းက အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ ၁-၃ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် နှစ်ပွဲပေါင်း ၁-4 ဖြင့် ရှုံးနိမ့်ကာ တစ်လုံးတည်းသော ဖလားမျော်လင့်ချက်အား မန်ယူအသင်းက ဖျတ်ဆီးပစ်ခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအတွက် အနိုင်ဂိုးများကိုတော့ ပွဲအစ 8 မိနစ်တွင် ဘယ်တောင်ပံမှ စီရော်နယ်ဒိုဖြတ်တင်ပေးသည့် ဘောလုံးအား အာဆင်နယ် နောက်ခံလူဖြစ်သူ(နံပါတ် 40 )၀တ်ဆင်သူ ဂယ်ပါက ဖြတ်ထုတ်ရန် ပြေးအသွား ချော်လဲသွားသဖြင့် အာရှသားလေး ပတ်ဂျီဆန်က အသာအယာကန်သွင်းယူနိုင်ခဲ့ဖြင့် 0-1 ဖြင့် ဦးဆောင်ခဲ့ရာ ပွဲချိန် 11 မိနစ်တွင် စီရော်နယ်ဒိုဆွဲလာသည့် ဘောလုံးအား ဗန်ဗာစီဖျတ်ထုတ်ရာတွင် ကြမ်းတမ်းသဖြင့် ဖရီးကဒ်ကန်သွင်းခွင့် ပေးခဲ့ရသဖြင့် စီရော်နယ်ဒိုမှ အပြင်းကန်သွင်းရာ ဂိုးသမားဒိုက်ပြစ်သော်လည်း မမီသဖြင့် 11 မိနစ်အတွင်း 2 လုံးပေးလိုက်ရသဖြင့် အာဆင်နယ် ပရိသတ်များနှင့် အာဆင်နယ်ဘောလုံးသမားများ စိတ်ဓတ်ကျခဲ့ရခြင်း ဖြစ်သည်။ ပထမပိုင်းကို မန်ယူအသင်းက 0-2 ဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မန်ယူအသင်းကစားကွက်တည်မရခင် အာဆင်နယ်အသင်းအတင်းတိုက်စစ်ဆင်ကစားခဲ့ရာ ဒုတိယပိုင်းပွဲအစ 3 မိနစ်တွင် ကောင်တာမှတဆင့် ရွန်နီဖြတ်တင်ပေးသည့် ဘောလုံးအား ရော်နယ်ဒိုမှအသာအယာကန်သွင့်းကာ အဆုံးသတ်ဂိုးကိုသွင်းယူခဲ့ခြင်းဖြစ်ည်။ ပွဲချိန် 73 မိနစ်တွင် ဖာဘရီဂတ်အားပင်နယ်င်္ဒီဧရိယာအတွင်း ဖလက်ချာ အဖျတ်ကြမ်းသဖြင့် တိုက်ရိုက်အနီဖြင့် အထုတ်ခဲ့ခဲ့ရခြင်းဖြစ်သည်။ ယင်းရရှိသည့် ပင်နယ်တီအား အာဆင်နယ် တိုက်စစ်မှူးဖြစ်သူ ဗန်ပါစီမှ အမှားအယွင်းမရှိကန်သွင်းကာ တစ်လုံးတည်းသော ဂိုးကိုပြန်လည် သွင်းယူနိုင်ခဲ့ သဖြင့် ၁-၃ ဖြင့် အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း ယခုပွဲ အနိုင်ကြောင့် ချန်ပီယံလိဂ် တွင် ၂၄ လ အတွင်း ရှုံးပွဲမရှိစံချိန် အားဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်သည်။ မန်ယူတို့ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။





ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: