Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, April 30, 2009

မန်ယူအသင်းချန်ပီယံလိဂ်ဖိုင်နယ်တက်ရန်အလားအလာကောင်း

အိုရှေးရားဂိုးသွင်း ပြီးအောင်ပွဲခံနေပုံ
အိုရှေးရားအသင်းဖော်များနှင့်အောင်ပွဲခံနေပုံ
ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် မန်ယူအသင်းက အာဆင်နယ် အသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ မန်ယူအသင်းက ဧည့်သည် အာဆင်နယ် အသင်းအား ၁-၀ အနိုင်ရရှိသဖြင့် နောက်တစ်ဆင့် ဖြစ်သည့် ဖိုင်နယ် သို့ တက်ရောက်ရန် အတွက် အခွင့်အရေး တစ်ရပ် ရရှိခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် မန်ယူ အသင်းက ရှေ့တန်းတွင် တီဗက်စ်နှင့် ရွန်နီ တို့ အတွဲအားတင်ထားကာ အလယ်တွင် ကားရစ် ၊ အက်ဒါဆန် ၊ ဖလက်ချာ ၊ စီရော်နယ်ဒိုတို့ဖြင့် ပွဲထုတ်လာခဲ့ပြီး နောက်တန်းတွင် အိုရှေးရှား အီဗရာ ဗီဒစ် ဖာဒီနန် တို့ကစားခဲ့ပြီး ဂိုးသမား ဗန်ဒါဆားတို့ဖြင့် ပွဲထုတ်လာခဲ့သည်။ အာဆင်နယ် အသင်းကတော့ အဒီဘာရောအား အထောင်ထားကာ တစ်သင်းလုံး ခံစစ်ကစားခဲ့သည်ကို တွေ့ ရှိရသည်။ ရွန်နီ ခေါင်းတိုက်ပြီးသွင်းသည့် ဘောလုံးအား အာဆယ်နယ် ဂိုးသမား အယ်မူနီးယား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သဖြင့် ဂိုးစောစော မပေးခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် ၁၈ မိနစ်တွင်တော့ မိုက်ကယ်ကားရစ် မတင်ပေးလိုက်သည့် ဘောလုံးအား အိုရှေးရားက မြေမကျ ကန်သွင်းယူနိုင်ခဲ့သဖြင့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အိုရှေးရားခင်းပေးည့်ဘောလုံးအား တိဗက်စ် အပိုင်ပိတ်ရာတွင် ဂိုးသမား အယ်မူနီးယားက ဒိုက်ပစ်ကာ ကာကွယ်ခဲ့နိုင်သဖြင့် မန်ယူအသင်း နစ်နာခဲ့ရခြင်း ဖြစ်သည်။ မန်ယူအသင်းအတွက် သေချာပေါက် ဂိုးဖြစ်စေမည့် ဘောလုံးများအား အယ်မူနီးယား လက်စွမ်းပြ ကာကွယ်ခဲ့သဖြင့် မန်ယူအသင်း အနိုင်ဂိုးတစ်ဂိုးဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ပြန်ခေါက်ထားရန်

No comments: