Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, April 30, 2009

ဘာကာကွင်းတွင် ချဲယ်လ်ဆီးဂိုးမရှိသရေအရယူ

အကောင်းဆုံးကာကွယ်နိုင်သူပီတာချက်စ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပထမနေ့ ပွဲစဉ်တွင် အိမ်ရှင် ဘာစီလိုနာတို့ အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် တစ်ဖက်သတ် ဖိကစား ခဲ့သော်လည်း ချယ်လ်ဆီး အသင်း ဂိုးပေါက်ထဲသို့ တစ်လုံးမျှပင် ၀င်အောင် မကန်သွင်းနိုင်ခဲ့ သဖြင့် ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ ဘာစီလိုနာတို့ အနေဖြင့် ၎င်းတို့၏ အကောင်းဆုံး တိုက်စစ်တွဲလုံး ဖြစ်သည့် အီတူး၊ အွန်နရီနှင့် မက်ဆီတို့အား တွဲဖက် ကစားစေခဲ့ပြီး ချယ်လ်ဆီး တို့မှာမူ မက်ဆီကို ထိန်းကစားရန် ဘော်စင်ဂါအား ဘယ်ခြမ်းတွင် ကစားစေခဲ့သည်။ ထို့ပြင် ခံစစ် ကစားအား ကောင်းသည့် အက်ဆီယန်၊ မီခေးလ် တို့အား ပွဲထွက် ကစားစေခဲ့ပြီး တိုက်စစ်တွင် ဒရော့ဘာ တစ်ဦးတည်း ကိုသာအထောင်ထား ကစားစေခဲ့သည်။ ပွဲအစ ကတည်းက အိမ်ရှင် ဘာစီလိုနာတို့က ဂိုးရရန် အသဲအသန်တိုက်စစ်ဆင်ခဲ့သော်လည်း ချဲယ်လ်ဆီးအသင်းက ပိတ်ဆို့ ကာကွယ် ကစားခဲ့နိုင်သဖြင့် အဝေးကွင်းတွင် ပေးဂိုးမရှိ သရေဖြင့် အောင်ပွဲဆင်နိုင်ခဲ့သည်။ ၃၄မိနစ်တွင် အွန်နရီ ကန်သွင်းချက်အား ပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့ပြီး ၃၈မိနစ်တွင် ချယ်လ်ဆီး တိုက်စစ်မှူး ဒရော့ဘာ၏ ကန်သွင်း ချက်အား ဘာစီလိုနာ ဂိုးသမား ကာကွယ် နိုင်ခဲ့ပြန်သည်။ ထို့ကြောင့် ပထမပိုင်း ပြီးချိန် အထိ တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ မိနစ် ၇၀ တွင် ချယ်လ်ဆီးတို့ အနေဖြင့် ခြေစွမ်း မပြနိုင် ဖြစ်နေသည့် လမ်းပတ်အား ထုတ်၍ ဘယ်လက်တီအား လူစားဝင် ကစားစေကာ ပိုမို၍ ခံစစ် အားပြု ကစားခဲ့သည်။ မိနစ် ၇၀တွင် အီတူး ကန်သွင်းချက်အား ပီတာဆက်ခ်ျ လှလှပပ ကာကွယ် နိုင်ခဲ့ပြီး ၇၄မိနစ်တွင် အွန်နရီအား ချဲယ်ဆီးနောက်ခံလူဘော်စင်ဂ ဧရိယာအထဲ ဆွဲချ ခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့ခြင်း မရှိခဲ့ပေ။ ယခုပွဲတွင် အကောင်ဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့သူကတော့ ချဲယ်လ်ဆီး ဂိုးသမား ပီတာချက်စ်ပဲဖြစ်ပါတယ်။

No comments: