Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, April 23, 2009

မန်ယူအသင်းပို့မောက်စ်အားအိမ်ကွင်းတွင်ဂိုးပြတ်နိုင်

ကားရစ်ဒုတိယဂိုးသွင်းယူနေပုံ
ရွန်နီဂိုးသွင်းယူနေပုံ
ပရီးမီးယားလိဂ်၏ ပွဲစဉ် အဖြစ် မန်ယူအသင်းက ပို့မောက်စ်အသင်းအား အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲ အနိုင်ရရှိသဖြင့် နောက်မှ ကပ်လိုက်နေသည့် လီဗာပူးအားတစ်ပွဲကျန် ၃ မှတ်ဖြတ်ထားနိုင်ခဲ့သဖြင့် ပရ်ီးမီးယားလိဂ်ဖလားအတွက် သေချာသလောက်ဖြစ်နေပြီဖြစ်သည်။ ယနေ့ပွဲအတွက် အနိုင်ဂိုးများကိုတော့ တိုက်စစ်မှူးဖြစ်သူ ရွန်နီက ဂစ်၏ဖန်တီးပေးမှုမှတဆင့် ပွဲချိန် ၉ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းကို ၁-၀ ဖြင့် ဦးဆောင်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် အန်ဒါဆန်နှင့် ကားရစ်အားလဲလှယ်ပြီးချိန်တွင် ကွင်းလယ်ဖန်တီးရှင်ပေါ့လ်စကိုးက ပို့မောက်စ်နောက်ခံလူ သုံးယောက်ကြားမှ ဘောလုံးအားခင်းပေးလိုက်သည့် ဘောလုံးအား မိုက်ကယ်ကားရစ်က ကန်သွင်းပြီးအဆုံးသတ်ဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် ဂစ်နှင့် ဖလက်ချာတို့ ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့ကာ ကန်သွင်းမှုများရခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့်သာ ၂ ဂိုးပြတ်ဖြင့် သက်သာခဲ့ရခြင်းဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: