Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, April 23, 2009

ချဲယ်လ်ဆီးအသင်းအိမ်ကွင်းတွင်အဲဗာတန်နှင့်အမှတ်ခွဲယူ

ချဲယ်လ်ဆီးကွင်းလယ်ဖန်တီးရှင်လမ်းဘတ်စိတ်ဓတ်ကျနေပုံ

ပရီးမီးယားလိဂ် ဖလားလိုချင်တယ်ဆိုတဲ့ ဟစ်ဒင့်ရဲ့ အိမ်မက်တွေဟာ ဒီနေ့ ပရီးမီးယားလိပ် ပွဲစဉ် ၃၃ ဖြစ်တဲ့ အိမ်ကွင်း စတန်းဖို့ ဘရစ်မှာ အဲဗာတန်ကို အနိုင်မကစားနိုင်ဘဲ သရေကျသွားခဲ့တဲ့အတွက် ဟစ်ဒင့်ရဲ့ အိမ်မက်တွေ မှေးမှိန်ပျက်ပြယ်သွားခဲ့ရပါတယ်။ အက်ဖ်အေဖလားမှာ မန်ယူကို ပယ်နယ်တီနဲ့ နိုင်ထားပြီး စိတ်ဓါတ်တက်ကြွနေတဲ့ အဲဗာတန်ကို ချဲဆီးတို့ အနိုင်ရအောင်မကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ချဲယ်လ်ဆီးတို့  ဖိကစားနိုင်ပေမယ့် ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ဒရော့ဘာ အနယ်ကာ လမ်းပတ်တို့  ဟာရှေ့ တန်းမှာ နားလည်မှုတွေလွဲနေတဲ့အတွက် အပိုင်ဂိုးသွင်းခွင့်တွေဆုံးရှုံးခဲ့ရပြီး ၀-၀ သရေပွဲတစ်ပွဲအဖြစ်နဲ့  ကျေနပ်ခဲ့ရ တာပါ။ ဒီပွဲအနိုင်မရလိုက်တဲ့အတွက် ရမှတ် ၂ မှတ် ဆုံးရှုံးသွားပြီး ထိပ်ဆုံးက မန်ယူနဲ့  ၆ မှတ်ကွာဟသွားတဲ့ အပြင် ဒုတိယနေရာက လီဗာပူးနဲ့ လည်း ၃ မှတ်ကွာဟ သွားပါတယ်။




ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: