Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Thursday, May 28, 2009

ချန်ပီယံလိဂ်ဖလားအား ဘာစီလိုနာအသင်း ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိ

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုရရန်သေချာနေသည့်ဘာစီလိုနာနည်းပြကွာဒီရိုလာ
ဘာစီလိုနာအသင်းအားဆုဖလားနှင့်အတူတွေ့မြင်ရပုံ
တိုက်စစ်မှူးမက်စီခေါင်းတိုက်ပြီးသွင်းယူနေပုံ

တိုက်စစ်မှူးအီတူး ပထမဆုံးအလုံးအားသွင်းယူနေပုံ
ချန်ပီယံလိဂ်ဖိုင်နယ်ဖလား ပွဲစဉ် အဖြစ် အီတလီနိုင်ငံရှိ ရိုးမားကွင်းတွင် ဖိုင်နယ် ပွဲအားကျင်းပခဲ့ရာ ဘာစီလိုနာ အသင်းက ချန်ပီယံလိဂ်ချန်ပီယံ မန်ယူအသင်းအား 2-0 ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားအား အရယူကာ ယမန်နှစ်က ရှုံးကြွေးအား ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် ဒဏ်ရာကြောင့် မကစားနိုင်ဟု ထင်ထားသည့် တိုက်စစ်မှူးဖြစ်သူ ဟင်နရီနှင့် ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာတို့ ပါဝင်ကစားသွားခြင်းက ပွဲအဖြေကို သိသာစေခဲ့သည်။ မန်ယူအသင်းဖက်တွင် ပထမပိုင်းတွင် စီရော်နယ်ဒိုအား အထောင်ထားကစားသွားခဲ့ပြီး ခံစစ် ကစားသွားခြင်းက မန်ယူအသင်းကို ရှုံးနိမ့်စေခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာ အသင်းအတွက် ဗွေဆော်ဦး ဂိုးကိုတော့ တိုက်စစ်မှူးဖြစ်သူ အီတူးက မန်ယူနောက်ခံလူ ဗီဒစ်အားလိမ်ခေါက်ကာ ဂိုးသမား ဗန်ဒါဆား ပိတ်ထားသည့် အကျဉ်း ထဲသို့ကန်သွင်းပြီး ပထမဆုံးဂိုးကိုသွင်းယူသွားခဲ့သဖြင့် မန်ယူအသင်း ပထမပိုင်းအား တစ်ဂိုးအရှုံးဖြင့် နောက်မှလိုက်ကစားနေခဲ့ရသည်။ ဒုတိယပိုင်းတွင် မန်ယူအသင်း အန်ဒါဆန်နဲ့ တိဗက်စ်အား စတင်လဲလှယ်ကာ ကစားခဲ့သော်လည်း ကွင်းလယ်ကစားကွက် မရသဖြင့် ပတ်ဂျီဆန်အားထပ်ထုတ်ကာ တိုက်စစ်မှူးဘာဘာဗ်တော့ အားထည့်ကာ တိုက်စစ်မှူး 4 ဦးဖြင့် စတင်ကစားခဲ့ချိန်တွင် ပွဲချိန် 66 မိနစ် ရှိပြီဖြစ် သဖြင့် မန်ယူအသင်းနောက်မှ လိုက်ကစားခဲ့ရသော်လည်း ကွင်းလယ်တွင် မယှဉ်နိုင်သဖြင့် ပွဲချိန် မိနစ် 70 တွင် ဇာဗီမတင်ပေးလိုက်သည့် ဘောလုံးအား မက်စီမှ လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ကာ သွင်းယူသွားခဲ့သဖြင့် ဘာစီလိုနာ အသင်း 2-0 ဖြင့် အနိုင်ရရှိခဲ့ကာ 1990 ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ပြန်လည်ရယူနိုင်ခဲ့ပြီး ယခုနှစ်တွင် ဘာစီိလိုနာ အသင်းက တစ်နှစ်တည်း ဖလားသုံးလုံးရရှိတဲ့စံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့အကောင်းဆုံး ဆုကိုတော့ မက်စီ ရရှိရန်သေချာသလောက် ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး နည်းပြကိုတော့ ဘာစီလိုနာ နည်းပြ ကွာဒီရိုလာ ရရှိရန်သေချာ သလောက်ဖြစ်နေပြီဖြစ်သည်။ ယခုပွဲ မန်ယူရှုံးနိမ့်ခဲ့ခြင်းကတော့ မန်ယူနည်းပြ ဖာဂူဆန်၏ လူထုတ်ပုံ အမှားအယွင်းကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။


ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: