Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Tuesday, May 26, 2009

ချယ်ဆီးအသင်း၏ တစ်နှစ်စာအကောင်းဆုံးဘောလုံးသမားဆုကို ကွင်းလယ်လူ လမ်းပတ်ရရှိ

ချယ်ဆီးအသင်း၏ ယခုနှစ်အကောင်းဆုံးဘောလုံးသမားဆုရှင် ဖရန့် လမ်းပတ်
ချယ်ဆီးအသင်း၏ ကွင်းလယ်လူလမ်းပတ်သည် ချယ်ဆီးအသင်းတွင်တနှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပါတယ်။ လမ်းပတ်သည် ဒီဆုကို ၂၀၀၄၊၂၀၀၅ ခုနှစ်တွင်ရရှိခဲ့ဘူးပြီး ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်တွင် ချယ်ဆီးအသင်းအတွက် (၁၂) ဂိုးသွင်းယူပေးခဲ့ပြီး အသင်းဖေါ်ကစားသမားများကိုလည်း ဂိုးရအောင်အကြိမ်များစွာဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ပြိုင်ပွဲများအားလုံးတွင် ဂိုး(၂၀) သွင်းယူပေးခဲ့သောကြောင့် ယခုနှစ်ချဲဆီးပရိသတ်များကလမ်းပတ်အား ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ချယ်ဆီးအသင်း၏ တနှစ်တာအကောင်းဆုံးဂိုးသွင်းရှင်ဆုကိုတော့ ဂါနာလက်ရွေးစင် ကွင်းလယ်လူ မိုက်ကယ်အက်ဆီယန်က ရရှိသွားပါတယ်။ ချယ်ဆီးပရိသတ်များက ချန်ပီယံလိတ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာဘက်သို့  အက်ဆီယန်သွင်းယူခဲ့သောဂိုးမှာ အကောင်းဆုံးဖြစ်သည်ဟု ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းနိုင်တဲ့ဂိုးသွင်း ဘုရင်ဆုကိုတော့ ချယ်ဆီးတိုက်စစ်မူး အနယ်ကာမှ ရရှိသွားပါတယ်။ အနယ်ကာဟာ ပရီးမီးယားလိတ်ရာသီးသွင်းဂိုး (၁၉)ဖြင့် မန်ယူကစားသမား စီရော်နယ်ထက်တစ်ဂိုးအသာနဲ့ ဒီဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ KMT
ယခုနှစ်ရာသီတွင်ချယ်ဆီးအသင်းအတွက် ပရိသတ်ရွေးချယ်ခဲ့သော အကောင်းဆုံးဂိုးသွင်းဆုရှင် အက်ဆီယန်
ယခုနှစ်အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုရရှိသူ ချယ်လ်ဆီးတိုက်စစ်မှုး အနယ်လ်ကာ
ပြန်ခေါက်ထားရန်

No comments: