ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဗီလာရီးရယ် အသင်းက အိမ်ကွင်းတွင် အာဆင်နယ် အသင်းအား လက်ခံကစားခဲ့ရာ အာဆင်နယ်တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသွင်းဂိုးဖြင့် 1-1 ဖြင့်သရေဖြင့်ပြီးဆုံးခဲ့သည်။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ အသင်းခေါင်းဆောင်ဆန်နာက ပထမပိုင်း 10 မိနစ်တွင် အဝေးကြီးမှ လှမ်းမပြီး ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကို 1 လုံးအသာဖြင့် ဦးဆောင်ကစားခဲ့ရာ ဒုတိယပိုင်း 66 မိနစ်တွင် အာဆင်နယ်အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်မတင်ပေးသည့် ဘောလုံးအား အဒီဘာရောမှ ရင်ဘတ်ဖြင့်ဖမ်းပြီး နောက်ပြန်ကန်သွင်းကာ လှလှပပသွင်းယူနိုင်ခဲ့သဖြင့် 1-1 သရေဖြင့် ပြီးဆုံးခဲ့သဖြင့် အဝေးဂိုး အားသာချက်ရရှိခဲ့ခြင်းဖြစ်သဖြင့် အိမ်ကွင်းတွင် ၀-0 သရေ ရရှိလျင် ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်မည်ဖြစ်သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်





No comments:
Post a Comment