ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းတိုင် လီဗာပူးအသင်းကလက်ခံကစားခဲ့ရာ အိမ်ကွင်းတွင် ၁-၃ ဖြင့်ရှုံးနိမ့်သွားခဲ့သည်။ ယခုပွဲ အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်သွားသဖြင့် နောက်တစ်ဆင့်တက်ရန်အတွက် အလွန် ခက်ခဲသွားခဲ့သည်။ ယနေ့ညပွဲတွင် တစ်ဖက်အုပ်စုမှ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းအား ၄-၀ ဖြင့် အိမ်ကွင်းတွင် အနိုင်ရရှိခဲ့သဖြင့် ဆီးမီးဖိုင်နယ်တွင် ချဲယ်လ်ဆီးနှင့် ဘာစီလိုနာတို့ ဆုံတွေ့ရန် သေချာသလောက် ဖြစ်နေပြီဖြစ်သည်။ ယနေ့ညပွဲတွင် လီဗာပူးအသင်းမှ တိုက်စစ်မှူးတောရက်စ်က ကူရစ်ဖန်တီးပေးသည့် ဘောလုံးအား အပြင်းမြေမကျကန်သွင်းနိုင်ခဲ့သဖြင့် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို ရရှိခဲ့သည်။ ချဲယ်လ်ဆီးအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန် ၃၉ မိနစ်တွင် နောက်တန်းညာအစွန်လူ အီဗန်နိုဗစ်မှ ဒေါင့်ကန်ဘောမှ တဆင့် ခေါင်းတိုက်ကာသွင်းယူသွားခဲ့သဖြင့် ပထမပိုင်းတွင် ၁-၁ သရေဖြင့် သာပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ၆၂ မိနစ်တွင် နောက်တန်းကစားသမား အီဗန်နိုဗစ်မှ ဘဲဒေါင့်ကန်ဘောမှတဆင့် ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သဖြင့် ၁-၂ ဖြင့် ဦးဆောင်ကစားခဲ့ကာ ပွဲချိန် ၇၄ မိနစ်တွင် ဒရော့ဘာက ဘယ်တောင်ပံမှဖြတ်တင်ပေးသည့် ဘောလုံးအား အပိတ်ကန်သွင်းယူသွားခဲ့သဖြင့် ၁-၃ ဖြင့် လီဗာပူးအသင်းရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
No comments:
Post a Comment