Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Saturday, April 11, 2009

မန်ယူအသင်းဆန်းဒါးလန်းအားအနိုင်ရရှိသဖြင့်ထိပ်ဆုံးတွင်ဆက်လက်ရပ်တည်

မန်ယူအသင်းအတွက်အဖိုးတန် အနိုင်ဂိုးများသွင်းပေးနေသူမာရှီဒါ
ဆန်းဒါးလန်းတိုက်စစ်မှူး ဂျုန်းချေပဂိုးသွင်းနေပုံ
မန်ယူအသင်းအတွက်အဖွင့်ဂိုးသွင်းနေသူပေါ့လ်စကိုး
ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် ဆန်းဒါးလန်းအသင်းကမန်ယူအသင်းအား အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ ၁-၂ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် မန်ယူအသင်းက တစ်ပွဲလျော့ တစ်မှတ်အကွာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင်ဆက်လက် ရပ်တည်လျက်ရှိသည်။ ယခုပွဲတွင် မန်ယူအသင်းက နိုင်မှဖြစ်မည်ဖြစ်သဖြင့် လူအင်အားအပြည့်အစုံဖြင့် ပွဲထုတ် လာခဲ့သည်ကို တွေ့ရှိရသည်။ ပွဲချိန် ၁၉ မိနစ်တွင်တော့ ရွန်နီမတင်ပေးသည့် ဘောလုံးအားပေါ့လ်စကိုးက ခေါင်းတိုက်ကာသွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းကိုမန်ယူအသင်းက တစ်ဂိုးအသာဖြင့်ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် မန်ယူဂိုးသမားဖော်စတာ ပုတ်ထုတ်သည့်ဘောလုံးမှာ ဆန်းဒါးလန်းတိုက်စစ်မှူး ဂျုန်းနဖူးနှင့်ထိကာ ပြန်ကျလွာသည့် ဘောလုံးအားဂျုန်းကအသာကန်သွင်းယူနိုင်ခဲ့သဖြင့် ဆန်းဒါးလန်းအသင်း ချေပဂိုးရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၆ မိနစ်တွင် မန်ယူအသင်းလူငယ် တိုက်စစ်မှူးဖြစ်သူ မာရှီဒါက ကားရစ်အပြင်းကန်သွင်းသည့် ဘောလုံးအား ခြေထောက်ဖြင့် လမ်းကြောင်း ပြောင်းပေးနိုင်ခဲ့သဖြင့် မန်ယူအသင်းအတွက် အဖိုးတန်သုံးမှတ်အားရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အက်စတွ်န် ဗီလာပွဲ နှင့် ယခုပွဲတွင် အနိုင်ဂိုးများကိုသွင်းယူပေးနိုင်ခဲ့သူ အသက် ၁၇ နှစ်သာရှိသေးသည့် မာရှီဒါ အပြောင်းအရွေ့အား ဖီဖာမှ စတင်စုံစမ်းစစ်ဆေးမည်ဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: