Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, April 8, 2009

မန်ယူအသင်းအိမ်ကွင်းတွင် ပေါ်တိုနှင့်သရေသာကစားနိုင်

နောက်ဆုံးချေပဂိုးသွင်းယူခဲ့သူပေါ်တိုအသင်းမှဂွန်ဇာလက်စ်
ဒုတိယဂိုးသွင်းယူပေးခဲ့သူတိဗက်စ်
မန်ယူအသင်းအတွက်ချေပဂိုးသွင်းယူသူတိုက်စစ်မှူးရွန်နီ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူအသင်းက ပေါ်တိုအသင်းအား အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ 2-2 ဖြင့်သရေသာကစားနိုင်ခဲ့သဖြင့် နောက်တဆင့်တက်ရန်အခြေအနေ မလှဖြစ်သွားခဲ့ရသည်။ ယခုပွဲတွင် နောက်ခံကစားသမား ဖြစ်သူ အီဗန်ဘောလုံးဖျတ်ထုတ်ရာတွင် ပေါ်တို အသင်း တိုက်စစ်မှူး ရိုဒရီဂတ်ရရှိသွားပြီး အီဗန်အား လိမ်ခေါက်ခါ ကန်သွင်းသွားခဲ့သဖြင့် ဧည့်သည်အသင်း ဦးဆောင်ဂိုးအားပွဲချိန် 4 မိနစ်တွင် စတင်ရရှိသွားခဲ့သည်။ မန်ယူ အသင်း အတွက် ချေပဂိုးကိုတော့ ရွန်နီက ပွဲချန် 15 မိနစ်တွင် တစ်ဖက်နောက်တန်း ကစားသမား ဂိုးသမားပြန်ပေးသည့် ဘောလုံးအား ဖျတ်ယူပြီး ဂိုးသမားအား လိမ်ပြီး အသာအယာသွင်းယူနိုင်ခဲ့သဖြင့် ပထမ ပိုင်းကို 1-1 ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် ပတ်ဂျီဆန်နှင့် တိဗက်စ်အား လဲလှယ်ပြီးတိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် 85 မိနစ်တွင် ဂယ်ရီနဗီး လက်ပစ်ဘော ပစ်တင်ပေးသည့် ဘောလုံးအား ရွန်နီမှ နောက်ပေါက်ဖြင့် တိဗက်စ်အားချပေးရာ တိဗက်စ်က ဂိုးသမားပိတ်ထားသည့် အကျဉ်းထဲသို့ ကန်သွင်းယူနိုင်ခဲ့သဖြင့် 2-1 ဖြင့် ပွဲကို ဦးဆောင်ခဲ့ရာ 89မိနစ်တွင် ပေါ်တို ကစားသမား ဂွန်ဇာလက်စ်မှ ချေပဂိုးသွင်းယူသွားခဲ့သဖြင့် 2-2 ဖြင့် သရေ ကျခဲ့သဖြင့် မန်ယူအသင်း အနေဖြင့် အဝေးကွင်းတွင် နိုင်မှ့သာ ဆီမီးဖိုင်နယ်ပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သည်။
ဆက်ဖတ်ရန်

ပြန်ခေါက်ထားရန်

No comments: