Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, April 17, 2009

မုန်းတိုင်းတစ္ဆေ

မုန်းတိုင်းတစ္ဆေ


မုန်တိုင်းဆိုတဲ့အရာဟာ ကျနော်တို့ အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော လူသတ်ကောင်ဆိုတာ အားလုံးအသိပါ၊ ဘ၀များစွာကို နင်းချေပစ်သလို တိုင်းပြည်ရဲ့ အနာ ဂတ်အားလုံးကို ဖျက်ဆီးချေမှုန်းခဲ့တယ်၊ လာမဲ့သတင်းနှစ်ပတ်အကြာမှာ နာဂစ်တနှစ်ပြည့် တော့မယ်၊ အဲဒီအကြောင်းလေးတွေးနေတုန်း ကျနော်ကွန်ပြူတာဖန်သားပြင်မှာ ပေါ်လာ တဲ့စာသားများက


1:11 PM mek: ရခိုင် ကမ်းရိုးတမ်း ကိုမုန်တိုင်းဖြတ်မယ်
me: ဟုတ်ကဲ့
mek: အမျိုးရှိရင် အသိ၇ှိရင် သတိပေးပါ
ရွေ့ ပြောင်းဖို့ လို ပါတယ်
me: ဟုတ်ကဲ့ အများကြီးဘဲ
11:12 PM mek: www.laminkhinkhin.blogspot.com
me: OK
mek: န အဖ လေတိုက် နုန်း ၇၀ ရာနုန်း ပြောရင်
ဒီထက် မကဘူးမှတ် ပါ
me: ဟုတ်ကဲ့ အခုဘဲ ပြောပေးနေတယ်
11:13 PM mek: ဒီရေ အမြင့် က ၇ ပေ ဆိုမနည်းဘူး ကျမ တော့ စိတ်ပူတယ်
me: ဟုတ်ကဲ့ 7ပေဆိုရင် သေပြီ
ပြေးစရာမရှိတော့ဘူး
mek: မုန်တိုင်း အားပျော့ ပါစေ ဆို ပေမဲ့ အနီရောင် အမှတ် ဖြစ် ဖို့  နည်းနည်းပဲ လို တယ်
11:14 PM စစ်အုပ်စု ကို ၀ိုင်းအော် ပေးပါ ကယ်ဆယ် ရေး လုပ် ဖို့ 
ဒီအချိန် မှာ မီဒီယာတွေ ဘာလုပ် နေတုန်း
me: ဟုတ်ကဲ့
mek: ဖြစ်ပြီးမှ ပိုက်ဆံရဖို့ လိုက်ကြမယ်
me: မီဒီယာတွေ သင်္ကြန်ကျနေတုန်း
ပြန်မလာသေးဘူး
11:15 PM mek: ကိုဌေးဝင်း စာ ဖြန့် သင့် တယ်
အိုကေ ကျမ အ၀တ်လျော် ဦးမယ်
me: ဟုတ်ကဲ့
12:05 AM mek: ကိုဌေးဝင်း ခိုင်လှမင်းကို အင်္ဂလိပ်လို စောစောက အခြေအနေရိုက် ပို့  လိုက် ပါ
12:06 AM မုန်တိုင်း ကို အင်္ဂလိပ် လို ရေးပြ ပါ
12:07 AM me: ပြောလိုက်ပြီးပြီ
12:08 AM ကျနော် လောလောဆယ် ထိုင်းတောင်ပိုင်းကို ဖုန်းနဲ့ လည်းပြောနေတယ် နယ်ကလူတွေကို အင်တာနက်ကလည်း နိုင်ငံတော်တော်များများကို ပြောလိုက်ပြီ
mek: သူတို့ က ဗဟု သုတနည်းတယ် ရပ်ရွာတွေ မစွန့် ချင် ကြဖူး ခုကိစ္စ မဖြစ်ရင်ကောင်းတယ် ပေါ့ ဆလို့ မရဘူး
ကျနော့်သူငယ်ချင်း နိုင်ငံရေးသမား အိရွှေစင်ညွန့် ရဲ့ မုန်းတိုင်ဒဏ်ခံရတော့မယ့် ရခိုင်ပြည် သူတွေအတွက် သောကပါ၊ နာဂစ်ရဲ့ရက်စက်တဲ့ ဒဏ်ရာက မပျောက်သေးခင် ဘိဂျလိက လာဦးမည်ဆိုတော့ ဒုက္ခပင်လယ်စေမှာလား ပင်လယ်ကဒုက္ခကိုဝေနေတာလားလို့  စကား ပုံအသစ်သာ ထွင်လိုက်ချင်တော့တယ်၊
me: ကိုရဲနည်ရေ နာဂစ်ညီလေးကတော့ လာစမ်းပြန်ပြီနော်
ဒီတခါတော့ ရခိုင်ဘက်တဲ့
3:02 PM yeni102: yes.
3:04 PM what do u get?
me: မနက်ဖြန် စစ်တွေကို ဖြတ်မယ်လို့ သိရတယ်
နာဆာကအလန်းလုပ်ထားပြီဆိုတယ်
3:05 PM တနာရီ မိုင်ခုနစ်ကျော်မယ်
yeni102: i know this info..i mean what do u get from Arakan State?
3:06 PM any chit-chat with yr friends?
me: ရခိုင်ပြည်ကလူတွေကို ဒီကသတိပေးတဲ့အလုပ်ကို အလုပ်သမားတွေကတဆင့် ပို့  နေတယ် မနေ့ ညက ဘင်ဂလားမှာမိုးရွာတယ်
yeni102: ok
me: တတ်နိုင်သမျှဖုန်းဆက်ပြီး အလမ်းလုပ်နေတယ်
3:07 PM ကျနော်သိတာတွေကို သိသိချင်းပြောပြပေးမယ်
yeni102: ok...thanx
keep in touch
3:09 PM me: yes
3:28 PM me: ရသေ့တောင်မြို့ နယ်ကို ဒီကနေ့ မနက်က စင်ကာပူမှာ အလုပ်လုပ်နေတဲ့  ကိုတင်ထွန်းဦးက ဆက်သွယ်ရာမှာ သူတို့ ပြန်ပြောတာက ဒီလောက်လောက် ပြင်းပြင်းထန်ထန် မဟုတ်... နှစ်တိုင်း တိုက် နေကျ မုန်တိုင်း လောက်ပါလို့ ပြောပါတယ်
3:29 PM yeni102: he mightbe right. the strom wind is 70 mile per hour
3:30 PM me: တောင်ကုတ်နဲ့ မာန်အောင်တွင် လုံးဝအပြင်မထွက်ရန် အသံချဲ့ စက်ဖြင့်အော်နေသည်ဟုဆိုသည် ယခု
3:31 PM စစ်တွေက အချို့ သူများက ဘီဘီစီမှာပါတာဘဲ ဆိုပီး သိပ်အလေးအနက်မထားဘူးလို့ ဆိုတယ်
3:32 PM ကျနော် ထပ်မေးနေတယ်ဗျာ
yeni102: thnx
me: မြောက်ပိုင်းထက် တောင်ပိုင်းက ပိုပြီး သိကြတယ်
3:33 PM yeni102: we contact sittwe. residents told us they are still fun with thingyan and do not care much abt storm
me: ဟုတ်ကဲ့
3:34 PM အဲဒါ ပြသနာ မနှစ်က ဧရာဝတီလဲ သမားရိုးကျလေတိုက်တာထင်လို့ ခံစားလိုက်ရတယ်
ဘာဘဲဖြစ်ဖြစ် ကျနော်တော့ အွန်လိုင်းရော အလုပ်သမားတွေဆီက တဆင့်ေ၇ာ အတတ်နိုင်ဆုံး ပြည်တွင်းကို အလမ်းလုပ်နေတယ် ဒိုင်ဆက်စတာ
3:46 PM me: တောင်ကုတ်မှာ အသံချဲ့ စက်ဖြင့် အပြင်ကိုလုံးသမထွက်ကြရန် လုံခြုံရာနေရာများတွင် ပုန်းအောင်းနေကြ၇န် အာဏာပိုင်များက အော်လျှက်ရှိ၊ မာန်အောင်နဲ့ ရမ်းဗြဲကျှန်းတွင် လှေများ မော်တော်များ မြစ်ထဲ ပင်လယ်ထဲမထွက်ကြရန် အာဏာပိုင်များက ကြေညာနေသည်ဟု ထပ်ဆင့်သိရ စစ်တွေ မင်းပြားကို ဆက်သွယ်မရသေးပါ
4:01 PM me: အခုပဲ ထပ်ပြောရပါရေ
ရသေ့တောင်မှာ မိုးတော်တော်ရွာနီရေ လောက်ပဲ ပြောပါရေ
4:02 PM yeni102: ok
4:03 PM me: တောင်ပိုင်းကတော့ အသည်းအသန် အလမ်းလုပ်နိန်ရေ
Tin: ရသေ့တောင်မှာ တစ်ခုလည်း မထူးပါ

htay: ပိုအရေးကြီးရေနိန်ရာက မထူးစွာ အံ့ဖို့ ကောင်းရေ

Tin: မိုးတောက်လျှောက် ရွာနီရေ လို့ပဲပြောရေသူရို့တိ အတွိအကြုံအရ မုန်းတိုင်း တိုက်ကေ ယင်းပိုင် မိုးအများကြီး မရွာပါလတ်

htay: ဟုတ်ကဲ့ စိတ်ဝင်စားစရာကောင်းေ၇

Tin: မုန်းတိုင်းတိုက်ပြီးရေ အချိန်ရာ မိုးရွာရေလို့ ပြောပါရေ
ကျွန်တော့ အမိလည်း အယင်အပတ်ကမှ ရသေ့တောင် ပြန်လားခရေ

htay:
အင်း အတွိအကြုံကလည်းစကားပြောရေ

Tin:
အခု ရသေ့တောင်မှာပါလေ

htay:
သိပ်ပံပညာကလည်း
အကိုမြင်ရေအတိုင်းယာ အတိအကျပြနိန်ေ၇

Tin:
မြန်မာ အစိုးရကတော့ တစ်ခုလည်း မပြောသိ ဆိုပါရေ

htay:
သူရို့ ကတော့ သီလီကောင်းလီယာ
ရသေ့တောင် မင်းပြား စသည်ဘက်က တော်လှန်ရေးသမားတိ အများကြီးထွက်တေမဟုတ်လား

Sent at 3:59 PM on Friday

Tin:
အပြင်လားလိုက်ပါဦးမေ

htay:
အိုကေ ထူးကေပြောပါ
ကျနော်တို့ တတ်နိုင်သလောက်ကူကတ်ဖို့ ပ

Tin:
ညစာဖက်တော့ ကျွန်တော့ ဘလော့မှာ review တစ်ခုခု တင်နိုင်အောင် လုပ်လိုက်ပါမေ
ရပါရေ ရခိုင်ပြည်အတွက် ဘ၀ကို ပီးထားရေ လို့ မပြောနိုင်ခင်မှာ... တတ်နိုင်သလောက် လုပ်ဖို့ ကျွန်တော် ၀န်မလီးပါ
:)
ကိုရဲနီ ရခိုင်စကားနဲ့ ပို့ ထားတာမို့ နားမလည်တာ၇ှိပြောပါ
နားလည်မယ်ထင်တယ်
သိပ်မခက်ပါဘူး
yeni102: no prob. i can understand
မနေ့ ညကတည်းက မုန်းတိုင်းရဲ့အလယ်ကိုရောက်သွားတဲ့ကျနော်ဟာ အခုတော့ ရခိုင်ပြည်မှာ မုန်းတိုင်းတိုက်မည် မတိုက်မည်ကို အငြင်းပွါးကာ မယုံသူ ယုံသူနှင့် ဆုတောင်းသူများလည်း မနည်း၊ ယင်းအထဲတွင် ကိုမင်းဒင်လည်းပူရှာသည်၊
mindin3000: မုန်တိုင်းကိစ္စကို စဉ်းစားကြည့်တော့
မြန်မာပြည်သူတွေက မုန်တိုင်းလာရင် ဘာလုပ်ရမယ်ဆိုတာ သေချာမှ သိကြရဲ့လား မသိဘူးဗျ
လာရင် လာတယ်မှတ် နေကြမယ်ထင်တယ်
htay: ဘယ့်နှယ် စနစ်တကျသိမလဲ
စနစ်မရှိတဲ့အရပ်မှာ လူဖြစ်လာခဲ့တဲ့
ကျုပ်တို့ မှာ မသိတာတွေဘဲ ချမ်းသာတယ်
အခုက ကြိုသိနေတဲ့ ကျုပ်တို့ က အရင် ခံစားနေရတယ်
mindin3000: လက်မရွံ့ ရှစ်ခေါပဏီတပ်ကြီးက ဘာလုပ့်နေလဲ
နှမစောင်းတွေ
htay: သူတို့ က လူသေအလောင်းတွေဆီက
လုဖို့ စောင့်နေတယ်
နာဂစ်မှမီးမငြိမ်းခင် ဘိဂျလိက လက်စွမ်းပြချင်နေပြန်သည်၊ ဦးထွန်းလွင်ကြိးကလည်း မကြာမီကကြေညာထားသည်၊ မေ ဂျွန်မှာ မုန်းတိုင်းကိုးလုံးဝင်ဆောင့်မတဲ့ဗျာ၊ ဘုရား ဘုရား အကုသိုလ်လုပ်တာက သန်းရွှေ ပယ်ပယ်နယ်နယ်ခံနေရတာက ပြည်သူ၊ ကူပါ ကယ်ပါ တစာစာနှင့် နက်ဖြန်ထပ်ကြားရဦးမည်၊



No comments: