
ဒရော့ဘာဂိုးသွင်းအပြီးအောင်ပွဲခံနေပုံ
အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား ၀င်ဘလေကွင်းတွင် ကျင်းပခဲ့ရာ ချဲယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းအား ဒရော့ဘာ၏ွသွင်းဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် အာဆင်နယ် အသင်းက ဦးဆောင်ဂိုးအား ပွဲချိန် ၁၈ မိနစ်တွင် သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးအား မာလူဒါက ပွဲချိန် ၃၃ မိနစ်တွင် လမ်းပတ်၏ဖန်တီးပေးမူမှ သွင်းယူနိုင်ခဲ့သဖြင့် ပထမပိုင်းအား ၁-၁ ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြီးခါနီး ၈၄ မိနစ်တွင် လမ်းပတ်၏ မတင်ပေးမှုမှ ဒရော့ဘာက အာဆင်နယ် နောက်ခံလူ နှစ်ယောက်ဖြစ်သည့် ဆေးဗားစတားနှင့် တိုရေးတို့ထိန်းချုပ်ထားသည့် ကြားမှ အတင်းတိုးထွက်ကာ ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့ကာ အသာကန်သွင်းယူခဲ့ပြီး ချဲယ်လ်ဆီးအသင်းအား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် အာဆင်နယ် ရှုံးနိမ့်ရခြင်းမှာ အာဆင်နယ် ဂိုးသမားဖြစ်သူပိုလန်ဂိုးသမား ဖေဘီယန်စကီး၏ အတွေ့အကြုံနု ခြင်းနှင့် နောက်ခံလူများ အသုံးမကြ ခြင်းကြောင့် ချဲယ်လ်ဆီး အသင်းအား ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ဆက်ဖတ်ရန်
ဆက်ဖတ်ရန်
No comments:
Post a Comment