အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်အဖြစ် မန်ယူအသင်းနှင့် အဲဗာတန် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မည်သူမျ ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဆုံးဖြတ်ရာတွင် ၄-၂ ဖြင့် မန်ယူအသင်း ရှုံးနိမ့်ခဲ့သဖြင့် အက်ဖ်အေဖလားအားနှုတ်ဆက်ခဲ့ရပြီး ဖလားငါးလုံးအိမ်မက်မှာလည်း ပျက်ပြယ်ခဲ့ရပြီဖြစ်သည်။ ယခုပွဲ မန်ယူအသင်း ရှုံးနိမ့်ခဲ့ရခြင်းမှာ မန်ယူနည်းပြ ဖာဂူဆန်၏ လူထုတ်ပုံမှားယွင်းပြီး တစ်ဖက်အသင်းအား လျော့တွက်လွန်းသဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ တစ်သင်းလုံးလူငယ်ကစားသမားဖြင့်သာ ပွဲထုတ်ခဲ့ပြီး အဓိက ကစားသမားအဖြစ် ဖာဒီနန် ဗီဒစ် ပေါ့စကိုး တိဗက်စ် တို့ဖြင်သာ ပွဲထုတ်လာခဲ့ပြီး ပွဲပြီးခါနီးမှ ဘာဘာဗ်တော့အားလူစားလဲ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ အဲဗာတန်အသင်း၏ ဂိုးသမား တင်ဟောင်းဝပ် လက်စွမ်းပြပြီး ဘာဘာဗ်တော့နှင့် ဖာဒီနန်တို့၏ ကန်သွင်းမှုများအား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သဖြင့် မန်ယူအသင်း ဖလားငါးလုံး အိမ်မက်ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
No comments:
Post a Comment