Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Friday, April 17, 2009

ယူအီးအက်ဖ်အေဖလားအားမန်းစီးတီးနူတ်ဆက်

မန်းစီးတီးအသင်းအတွက် အကောင်းဆုံးကစားခဲ့သူအီလာနို
ယူအီးအက်ဖ်အေဖလားတွင် အင်္ဂလန်၏ တစ်သင်းတည်းသော အသင်းအဖြစ် မန်းစီးတီးအသင်းက ဟမ်းဘတ်အား အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော်လည်း အဝေးဂိုး စည်းမျဉ်းအရ မန်းစီးတီးအသင်းရှုံးနိမ့် ခဲ့ရခြင်းဖြစ်သည်။ ယခုပွဲ တွင် မန်းစီးတီးအသင်းက ဂိုးသွင်းခွင့် များစွာ ရရှိခဲ့သော်လည်း အဆုံးသတ်သေချာသည့် တိုက်စစ်မှူးမရှိခြင်းနှင့် အီလာနို၏ ဖရီးကစ် ၂ လုံးတိုင်ထိကာ ထွက်ခဲ့ခြင်းတို့က မန်းစီးတီး အသင်းအား ကံဆိုးစေခဲ့ ခြင်းဖြစ်သည်။ ယူအီးအက်ဖ်အေဖလား ဆီးမီးဖိုင်နယ်သို့ ရှက်တာဒိုးနက်စ်၊ ဒိုင်နမိုကီးရက် ၊ ဟမ်းဘတ် ၊ ၀ါဒါဘရီမင် အသင်းတို့တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ရှက်တာဒိုးနက် အသင်းက မာဆေး အသင်းအား ၂ ပွဲပေါင်း ၄-၁ ၊ ဒိုင်နမိုကီးရက်အသင်းက ပီအက်စ်ဂျီ အသင်းအား ၂ ပွဲပေါင်း ၃-၀ ၊ ဟမ်းဘတ်အသင်းက မန်စီးတီးအသင်း အား ၄-၃ ၊ ၀ါဒါဘရီမင်အသင်းက အူဒီးနီ အသင်းအား ၆-၄ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

No comments: