
ချန်ပီယံလိဂ်၏ ကွာတား ဒုတိယ ပွဲစဉ်အဖြစ် ပေါ်တိုအသင်းက မန်ယူအသင်းအား ဧည့်ခံကစားခဲ့ရာ မန်ယူအသင်းက ၀-၁ ဖြင့် အနိုင်ရရှိခဲ့သဖြင့် နှစ်ပွဲပေါင်း ၃-၂ ဖြင့် ဆီးမီးဖိုင်နယ် အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ချန်ပီယံလိဂ် ချန်ပီယံအသင်းမှာ ကွာတားအဆင့်ကို မဖြတ်ကျော်နိုင်သည့် အစဉ်အလာအား မန်ယူအသင်းက ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ပေါ်တိုအသင်း၏ အိမ်ကွင်းတွင် ပထမဆုံး အနိုင်ရရှိသော အင်္ဂလန်အသင်းအဖြစ် မန်ယူအသင်းက မှတ်တမ်းဝင်နိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် မန်ယူအသင်းအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ မန်ယူအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သူ ခရစ်တီယာနိုရော်နယ်ဒို က ပွဲအစ ၆ မိနစ်တွင် ကွင်းလယ်ဘီးကုပ်အကျော်မှ ဆွဲပြေးပြီး အပြင်းကန်သွင်းရာ ပေါ်တိုဂိုးသမား၏ ညာဖက်ထောင့်ထဲသို့ ကန်သွင်းပြီး တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းပေးနိုင်ခဲ့သဖြင့် မန်ယူအသင်း ဆီးမီးဖိုင်နယ် အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ တစ်ဖက်တွင်လည်း အာဆင်နယ် အသင်းက အိမ်ကွင်းတွင် ဗီလာရီးရယ် အသင်းအား အိမ်ကွင်းတွင် ၃-၀ ဖြင့် အနိုင်ရရှိသဖြင့် နှစ်ပွဲပေါင်း ၄-၁ ဖြင့်ဆီးမီးဖိုင်နယ်တွင် မန်ယူအသင်းနှင့်ဆုံတွေ့မည်ဖြစ်သည်။ ဆီးမီးဖိုင်နယ်တွင် အင်္ဂလန် ၃ သင်းနှင့် စပိန် ၁ သင်းတို့ဆုံတွေ့ပြီး အင်္ဂလန်အသင်းများ ၂ နှစ်ဆက် ချန်ပီယံလိဂ် ဖလားရရှိအောင် စွမ်းဆောင်နိုင်မည်လား ဆိုတာကိုတော့ စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်ရမည်ဖြစ်သည်။
No comments:
Post a Comment