ချဲယ်လ်ဆီးအသင်းအတွက် မရှိမဖြစ် အသင်းခေါင်းဆောင် လမ်းဗတ်
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ဒုတိယအကျော့အဖြစ် ချဲယ်လ်ဆီးအသင်းက အိမ်ကွင်းတွင် လီဗာပူးနှင့် ၄-၄ သရေကျသွားခဲ့သဖြင့် နှစ်ပွဲပေါင်း ၇-၅ ဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ကာ တစ်ဖက်မှ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်း၏အိမ်ကွင်းတွင် ၁-၁ သရေကျကာ နှစ်ပွဲပေါင်း ၅-၁ ဖြင့် ဘာစီလိုနာအသင်းက ဆီမီးဖိုင်နယ်သို့တက်ရောက်ပြီး ချဲယ်လ်ဆီးနှင့်ဆုံတွေ့မည်ဖြစ်သည်။ ယခုပွဲတွင် ဧည့်သည် လီဗာပူးအသင်းက ဦးဆောင်ဂိုးအဖြစ် လီဗာပူးအသင်းက အော်ရယ်လီယိုက ပွဲချိန် ၁၉ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တဆင့်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကို အလွန်ဆိုအား ချဲယ်လ်ဆီးနောက်ခံလူ အီဗန်နိုဗစ်က ဆွဲ လှဲခဲ့သဖြင့် ပင်နယ်တီကန်သွင်းခွင့်ရရှိရာ အလွန်ဆိုက ပွဲချိန် ၂၈ တွင် ကန်သွင်းပြီးပထမပိုင်းကို ၂ ဂိုးအသာဖြင့် ဦးဆောင် ခဲ့သည်။ ဒုတိယပိုင်းတွင် ချဲယ်လ်ဆီးအသင်းမှ တင်ကာလူးနှင့်အနယ်ကာအားလဲကာ တိုက်စစ်ကိုဦးစားပေးကစား ခဲ့ရာ ၅၁ မိနစ်တွင် အနယ်ကာ ဖန်တီးပေးမှုမှတဆင့် ဒရော့ဘာကသွင်းယူခဲ့သဖြင့် ချဲယ်ဆီးအသင်းအတွက် ဗွေဆော်ဦးဂိုးကိုသွင်းယူ ပေးခဲ့သည်။ ၅၇ မိနစ်တွင် အဲလက်စ်မှ ပြစ်ဒဏ်ဘောမှတဆင့် ကန်သွင်းယူနိုင်ခဲ့သဖြင့် ၂-၂ သရေဖြင့် ဆက်လက် ကစားခဲ့ရာ ၇၆ မိနစ်တွင် လမ်းဗတ်မှ ဒရော့ဘာ၏ဖန်တီးပေးမှုမှသွင်းယူခဲ့သဖြင့် ၃-၂ ဖြင့်ဦးဆောင်ကစားခဲ့ရာ ၈၁ တွင်လူးကပ်နှေးမှ အဝေးကြီးမှကန်သွင်းယူနိုင်ခဲ့သဖြင့် ၃-၃ ဖြင့်ဆက်လက် ကစားခဲ့ရာ ၈၃ တွင် လီဗာပူးတိုက်စစ်မှူး ဒါကုတ်မှ ခေါင်းတိုက်ကာ သွင်းယူခဲ့သဖြင့် ၃-၄ ဖြင့် ဆက်လက်ကစား ခဲ့ရာ ၈၉ မိနစ်တွင် လမ်းဗတ်မှ အဆုံးသတ်ဂိုးကို သွင်းယူခဲ့သဖြင့် ၄-၄ ဖြင့် သရေကျခဲ့ရခြင်းဖြစ်သည်။
No comments:
Post a Comment