Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, April 13, 2009

မန်းစီးတီးအိမ်ကွင်းတွင်ဖူဟမ်အားဂိုးပြတ်ရှုံးနိမ့်

Align Centerဖူဟမ်အသင်းတိုက်စစ်မှူးဖြစ်သူအီတူဟူ
ဖူဟမ်အသင်းအတွက်နှစ်ဂိုးသွင်းပေးခဲ့သူဒန်ဆီ
မန်းစီးတီးအသင်းအတွက် တစ်လုံးတည်းသောဂိုးသွင်းပေးခဲ့သူ အိုင်ယာလန်
မန်းစီးတီးအသင်းက အိမ်ကွင်းတွင် ဖူဟမ်အသင်းအားဧည့်ခံကစားရာတွင် ၁-၃ ဖြင့်ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် အဆင့် ၁၁ သို့ဆင်းပေးခဲ့ရပြီး ဖူဟမ်အသင်းကတော့ အဆင့် ၈ သို့ခုန်တက်နိုင်ခဲ့ပြီး နောင်နှစ် ယူအီးအက်ဖ်အေ မျော်လင့်ချက်နှင့် နီးစပ်လာခဲ့ပြီဖြစ်သည်။ ယခုပွဲတွင်အိမ်ရှင်အသင်းက ပွဲချိန် ၂၈ မိနစ်တွင် အိုင်ယာလန် သွင်းသည့် ဂိုးဖြင့်ပွဲကိုဦးဆောင်ခဲ့သော်လည်း ဖူဟမ်ကွင်းလယ်ဒန်ဆီက ပွဲချိန် ၅၀ နှင့် ၈၃ တွင် လည်ကောင်း ဖူဟမ်တိုက်စစ်မှူးဖြစ်သူ အီတူဟူက ပွဲချိန် ၅၉ မိနစ် တွင်လည်းကောင်းအသီးသီးသွင်းယူနိုင်ခဲ့သဖြင့် မန်းစီးတီး အသင်း အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့အခြားပွဲစဉ်အနိုင်အရှုံးအဖြေ
ဆောက်သမ်တန် ၃-၃ အဲဗာတန် (အိမ်ရှင်အသင်းနောက်ကျချေပဂိုးများဖြင့် အမှတ်ခွဲဝေယူခဲ့ရခြင်းဖြစ်သည်)

No comments: