
လီဗာပူးအသင်းအတွက်ဒုတိယဂိုးသွင်းယူသူ ဘီနာယောင်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ အဖြစ် လီဗာပူးအသင်းက အိမ်ကွင်းတွင် ဆန်းဒါးလန်းအသင်းအား ဧည့်ခံကစားခဲ့ရာ ၂-ဝ ဖြင့် အနိုင်ရရှိခဲ့သော်လည်း ချဲယ်လ်ဆီးထက် ဂိုးနည်းသဖြင့် တတိယနေရာတွင်သာရပ်တည်နိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၅၂ မိနစ်တွင် အသင်းခေါင်းဆောင် ဂျရတ်ခေါင်းတိုက်ချပေးသည့်ဘောလုံးအား လူသစ်ကစားသမား ငေါ့ ကအသာအယာသွင်းယူသွားခဲ့သဖြင့် ဦးဆောင်ဂိုးကိုစတင်ရရှိခဲ့သည်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်တွင် ဆန်းဒါးလန်းဂိုးသမား လက်ထဲမှ ထွက်ကျသည့် ဘောလုံးအား ဘီနာယောင်က ကန်သွင်းယူနိုင်ခဲ့သဖြင့် ၂-ဝ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment