
ဝက်စ်ဘရောင်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးအားဖရီးကစ်မှသွင်းယူသူ ဘရန့်

အာဆင်နယ်အသင်းခေါင်းဆောင် တိုရေးခေါင်းတိုက်သွင်းယူအပြီးအောင်ပွဲခံနေပုံ

အာဆင်နယ်အသင်းအတွက် 2 ဂိုးသွင်းခဲ့သူ ဘန်တနာ
ပရီးမီးယားလိဂ်၏ပွဲစဉ် ၂၈ အဖြစ်အာဆင်နယ်အသင်းက ဝက်စ်ဘရောင်း၏အိမ်ကွင်းတွင်သွားရောက်ကစားခဲ့သော်လည်း ဘန်တနာ၏ သွင်းဂိုးများဖြင့် ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲအစ ၄ မိနစ်မှာပဲဘန်တနာမှ ဘယ်တောင်ပံမှနေ၍ ဝက်စ်ဘရောင်းနောက်တန်းများ အား လိမ်ခေါက်ကာ ဂိုးသမား၏ညာဖက်ထောင့်ထဲသို့ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပထမဂိုးကို သွင်းယူနိုင်ခဲ့သည်။ ဝက်စ်ဘရောင်းအတွက် ခြေပဂိုးကိုတော့ ပွဲချိန် ၇ မိနစ်တွင် ဝက်စ်ဘရောင်းအသင်းမှ ပြစ်ဒဏ်ဘောကန်သွင်းရာ အာဆင်နယ်နောက်တန်းကစားသမားများ ပြစ်ဒဏ်ဘောကာရာတွင် ခုန်သည့်အောက်မှ ဝက်စ်ဘရောင်းကစားသမား ဘရန့်က ကန်သွင်းယူနိုင်ခဲ့သဖြင့် ချေပဂိုးကို ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်တွင် အာဆင်နယ်ဒေါင့်ကန်ဘောကန်တင်ရာတွင် နောက်တန်းကစားမား အသင်းခေါင်းဆောင်တိုရေးက ခေါင်းတိုက်သွင်းယူသွားသဖြင့် ၂-၁ ဖြင့်ပွဲကိုဦးဆောင်ခဲ့ရာ ပွဲချိန် ၄၄ မှာတော့ ဘန်တနာကပဲ အဆုံးသတ် ဂိုးကို ဝက်စ်ဘရောင်းနောက်တန်းများတားသည့် ကြားမှ အပြင်းကန်သွင်းယူနိုင်ခဲ့သဖြင့် ၃-၁ ဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment