
ချဲယ်လ်ဆီး တိုက်စစ်မှူးဖြစ်သူ ဒရော့ဘာဘောလုံးယှဉ်လုနေပုံ
ရာသီဥတုဆိုးရွားနေသည့်ကြားထဲမှ ပို့မောက်စ်အသင်းနှင့်ချဲယ်လ်ဆီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပို့မောက်စ်အသင်း၏ အိမ်ကွင်းတွင် ချဲယ်လ်ဆီး အသင်းခက်ခက်ခဲခဲ ဒရော့ဘာသွင်းသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ဆက်လက်ရပ်တည်နေနိုင်ခဲ့သည်။ ပထမပိုင်းတွင် ပို့မောက်စ်အသင်းက ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း ချဲယ်ဆီး ဂိုးသမားပီတာချက်စ် လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့်သာ ပို့မောက်စ် အသင်းဂိုးမရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ချဲယ်လ်ဆီးအသင်း တင်ကာလူးအားထုတ်ကာ ကွာရက်မာနှင့်လဲပြီးနောက်ပိုင်း ချဲယ်လ်ဆီးက တိုက်စစ်ဆင်ကစားလာခဲ့ရာ ပွဲချိန် ၇၉ မိနစ် မှာတော့ ချဲယ်လ်ဆီး တိုက်စစ်မှူးဖြစ်သူ ဒရော့ဘာက ညာတောင်ပံမှ ဘိုဆင်ဝါမတင်ပေးလိုက်သည့် ဘောလုံးအား ဒေးဗစ်ဂျိမ်း၏ဘယ်ဖက်ထောင့်ထဲသို့ ကန်သွင်းနိုင်ခဲ့သဖြင့် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။



No comments:
Post a Comment