အက်ဖ်အေဖလား ကွာတားပွဲစဉ်လက်ကျန်အဖြစ် အာဆင်နယ်အသင်းက ဟူးစီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားခဲ့ရာ 2-1 ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီးမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ယခုပွဲတွင် ဧည့်သည်အသင်းက ပွဲချိန် 13 မိနစ်တွင် ဟူးစီးတီးအသင်းမှဘန်ဘိုင်အပြင်းကန်သွင်းရာ အာဆင်နယ် နောက်ခံလူ အီဘိုရေးခြေထောက်နှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးသမားအားကျော်ကာဂိုးဝင်းသွားသဖြင့် ဟူးစီးတီး ဦးဆောင်ဂိုးအားရရှိကာ အိမ်ရှင်အသင်းအားဖိအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် 74 မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူးဖြစ်သူ ဗန်ပါစီမှ အာရှာဗင်ဖန်တီးပေးသည့် ဘောလုံးအားချေပဂိုးအဖြစ် ပြန်လည် သွင်းယူနိုင်ခဲ့သဖြင့် အာဆင်နယ် အသင်း စိတ်ဓတ်တက်ကြွကာ ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ ပွဲချိန် 84 မိနစ်မှာတော့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂါးလက်မှ ခေါင်းတိုက်သွင်းယူပြီး အနိုင်ဂိုး သွင်းယူကာ ဆီမီးဖိုင်နယ် အဆင့်သို့တက်လှမ်းနိုင်ခဲ့ကာ ချဲယ်လ်ဆီးနှင့် ဆုံတွေ့ခဲ့သဖြင့် လန်ဒန်ဒါဘီ ပွဲစဉ်အား ဧပြီလ 18-19 တွင် အက်ဖ်အေဖလား ဆီမီးပွဲစဉ်များအားစောင့်ကြည့်ကြပါရန် သတင်းကောင်းပေးအပ်ပါသည်။
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်
ဆက်ဖတ်ရန်
ပြန်ခေါက်ထားရန်






No comments:
Post a Comment