Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, March 18, 2009

ရခိုင်နိုင်ငံရေး တော်လှန်ရေးအင်အားစုများစုပေါင်း၍ မလေးရှားတွင် လူထုဆွေးနွေးပွဲတရပ် ကျင်းပ



ကျော်ဝင်းလှိုင် (ကွာလာလမ်ပူ) ၁၇ မတ်လ ၂ဝဝ၉

မလေးရှားနိုင်ငံရှိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရုံးခွဲတွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးရှား (ALD) ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ( ARRC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ခိုင်ရဲခိုင်တို့ဦးဆောင်ကာ မလေးရှားရှိ ရခိုင်လူထု နှင့်တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို မတ်လ ၁၅ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ မလေးရှားတွင် အခြေစိုက်လှုပ်ရှားနေသော ရခိုင်အဖွဲ့အစည်းသုံးရပ်နှင့် မလေးရှားရောက် ရခိုင်ပြည်သူ ပြည်သား များ စုပေါင်းကာတွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် အနာဂတ်ရခိုင်ပြည်အချုပ်အချာအာဏာ ပိုင်ဆိုင်ရေးအတွက် စည်းလုံးခြင်းကိုပြသည့် အ လင်းရောင်ခြေလှမ်းသစ်များကို ပြခြင်းဖြစ်သည်ဟု ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးအသင်းမှ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

ထိုအစည်းအဝေးသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ခိုင်ရဲခိုင်ကိုယ်တိုင် တက်ရောက်ပြီး သြဝါဒမိန်းခွန်း ပြောရာတွင် “အဖရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့သည် ယခုအချိန်ထိ သူတပါး၏ ကျွန်ပြုမှုအောက်တွင် ရောက်ရှိနေပြီး ရခိုင်ပြည်မှထွက်ရှိသော သယံဇာ တအားလုံးကို ယူကြသည့်အပြင် ရခိုင်လူထုကိုပါ နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးလျှက်ရှိကြောင်း။ အခုဆိုလျှင် အရွယ်ရောက် ရခိုင်လူငယ်များ သည် တိုင်းတပါးသို့ ထွက်ပြေးနေကြရကြောင်း။ ထို့ကြောင့် လက်ရှိတွင် အရာအားလုံး ချွတ်ခြုံကျလျှက်ရှိခြင်းကြောင့် ရခိုင်တမျိုးသားလုံး စည်းလုံးမှု အမျိုးသားတော်လှန်ရေးစိတ်ဓါတ် အမြဲတမ်းနိုးကြားရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ ၄င်းအပြင် လက်ရှိ ဗ္စူ အ ခြေအနေနှင့် စစ်အစိုး ရ၏ ၂ဝ၁ဝရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကိုပါ ပြည်သူလူထုနှင့် အပြန်အလှန်တိုက်ရိုက်ဆွေးနွေးခဲ့ ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးရှားမှ ဥက္ကဌ ဦးသန်းဖေမှလည်း “ယခုအချိန်တွင် ရခိုင်လူမျိုးတို့သည် အသက်ရှင် လျှက်နှင့် သေနေသူများဖြစ်ကြောင်း။ ရခိုင်ပြည်ထဲတွင် ပွင့်ပွင့်လင်းလင်းသိရှိခွင့်မရရှိသော သမိုင်းအမှန်နှင့် အကြောင်းအရာများကို လည်း ပြည်ပရောက်ရခိုင်သားများ သိရှိခွင့်ရပြီး အဖရခိုင်ပြည်အတွက် တတ်နိုင်သည့်ဘက်မှ တာဝန်ယူရန်အချိန်ကျရောက်လာပြီဖြစ် ကြောင်း။ သမိုင်းမှာပါသည့်အတိုင်း ရခိုင်ဆိုသည့်အဓိပ္ပါယ်ကို ပြည့်စုံအောင်လုပ်ဖို့လိုကြောင်းနှင့် တော်လှန်ရေး နိုင်ငံရေးစိတ်ဓါတ် အမြဲ တမ်းနိုးကြားဖို့လိုကြောင်း” ဖြင့် ဆွေးနွေးတင်ပြသွားသည်။
အလားတူ ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ (ARRC)မှ ဒုဥက္ကဌ ကိုကျော်ဝင်းလှိုင်က လက်ရှိမလေးရှားတွင် ကြုံတွေ့နေကြရသော ရခိုင်ဒုက္ခသည်များ၏အရေးကို အကျယ်တဝင့်ရှင်းပြသွာသည်။ “ARRC အနေဖြင့် တတိယနိုင်ငံကို အမြန်ဆုံး နေရာချထားပေးရန UN နှင့်လက်တွဲပြီး ကြိုးစားသွားပေးမည်ဖြစ်ကြောင်း ယင်းသို့ တတိယနိုင်ငံသို့ရောက်ရှိသွားခြင်းသည် ရောက်ရှိ နေသူများအဖို့ အစစ်အမှန်လွတ်လပ်မှုမဟုတ်ကြောင်း။ ရခိုင်ပြည်နှင့် ရခိုင်လူထုတရပ်လုံး လူမျိုးခြား၏ကျွန်ပြုမှုအောက်မှ လွတ်မြောက် အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောဆိုသွားသည်။

၎င်းအပြင် စစ်အစိုးရ၏ ၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများ နိုင်ငံ ရေးအင်အားစုများ ပညာရှင် များ ရဟန်းသံဃာတော်များ ကျောင်းသားများနှင့် ပြည်သူလူထုတရပ်လုံး၏ အခန်းကဏ္ဍများကို ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်လာသူများက အပြန်အလှန် တက်တက်ကြွကြွဆွေးနွေးပြောဆိုသွားကြသည်။ နေ့လည်(၁၂)နာရီမှစတင်သော ယင်းဆွေးနွေးပွဲ သည် ညနေလေးနာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။ မလေးရှားတွင်ရှိသော အခြားရခိုင်အဖွဲ့အစည်းတခုဖြစ်သည့် ANC ထောက်ပံ့ရေးအသင်းမှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။

No comments: