
နောက်တန်းကစားသမားဖြစ်သူအီဘိုယေးအဆုံးသတ်ဂိုးသွင်းယူနေပုံ

ကာလရှည်ကြာနားနေရသူအီကွာဒိုဒါဆေးဗားဂိုးသွင်းအပြီးအောင်ပွဲခံနေပုံ
အက်ဖ်အေဖလားကွာတားအဆင့်သို့တက်ရောက်ရန်အတွက် ပွဲကျန်အဖြစ် အာဆင်နယ်အသင်းက ဘန်လေအသင်းအားဧည့်ခံကစားခဲ့ရာ ၃-ဝ ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဟောစီတီးနှင့် ကွာတားအဆင့်တွင်ကစားရမည်ဖြစ်သည်။ ယခုပွဲတွင် အာဆင်နယ်အတွက် ဂိုးများကိုတော့ ဗီလာက ၂၅ မိနစ်တွင်ပထမဦးကို ဂိုးကိုတစ်ဖက်နောက်တန်း ၃ ယောက်အားလိမ်ခေါက်ပြီးသွင်းယူသွားခဲ့ခြင်းဖြစ်သည်။ ဒုတိယ ဂိုးကိုတော့ ခြေထောက်ကျိုးနေသဖြင့် တစ်နှစ်ကျော်နားနေရသည့် တစ်ကျော့ပြန် တိုက်စစ်မှူးဖြစ်သူ အီကွာဒိုဒါဆေးဗားက ၅၁ တွင်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် ဒဏ်ရာကြောင့်နားနေသူ လူငယ်တိုက်စစ်မှူးဝဲကောလ့်လဲပါဝင်ကစားသွားသည်ကိုတွေ့ရှိရသည်။ တတိယဂိုးကိုတော့ နောက်တန်းကစားသမား အီဘိုယေးက ၈၄ မိနစ်တွင် အဆုံးသတ်ဂိုးကိုသွင်းယူပြီး ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အက်ဖ်အေဖလားဆီးမီးအဆင့်သို့ တက်ရောက်ခဲ့သည့် အသင်းများ
မန်ယူ
ချဲယ်လ်ဆီး
အဲဗာတန်
အာဆင်နယ်- ဟောစီးတီး(အနိုင်ရရှိသူ)
No comments:
Post a Comment