Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 9, 2009

အဲဗာတန်အသင်းမစ်ဒယ်ဘရော့အားခက်ခက်ခဲခဲဖြင့်အနိုင်ရ


အနိုင်ဂိုးသွင်းယူနေသူ အဲဗာတန်တိုက်စစ်မှူးဆာဟာ


အဲဗာတန်အသင်းမှဖလာနီချေပဂိုးသွင်းယူအပြီးအောင်ပွဲခံနေပုံ

အက်ဖ်အေဖလားကွာတားပွဲစဉ်အဖြစ် အဲဗာတန်အသင်းက မစ်ဒယ်ဘရော့အသင်းအား ဧည့်ခံကစားခဲ့ရာ 2-1 ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီးမီးဖိုင်နယ် အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဧည့်သည် အသင်းဖြစ်သည့် မစ်ဒယ်ဘရော့ အသင်းက ပွဲချိန် 44 မိနစ်တွင် ၀ယ်သာ သွင်းဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အဲဗာတန်အသင်းအတွက် ချေပဂိုးကို တော့ အဲဗာတန်အသင်းက ခေါင်းတိုက်ဘောများဖြင့် အမြဲသွင်းယူ ဖလာနီက ပွဲချိန် 50 တွင်သွင်းယူခဲ့ပြီး အနိုင်ဂိုးကိုတော့ ဆာဟာက 56 မိနစ်တွင် သွင်းယူနိုင်ခဲ့သဖြင့် ဆီးမီးဖိုင်နယ်သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မစ်ဒယ်ဘရော့သွင်းသည့် ဂိုးများကိုတော့ အဲဗာတန် တိုက်စစ်မှူး ဖြစ်သူ တင်ဟောင်းဝပ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သဖြင့် မစ်ဒယ်ဘရော့အသင်း ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။
ဆက်ဖတ်ရန်


ပြန်ခေါက်ထားရန်


No comments: