
ပတ်ဂျီဆန်ဂိုးသွင်းယူနေပုံ

တတိယမြောက်ဂိုးသွင်းယူအပြီးရွန်နီအောင်ပွဲခံနေပုံ

တိဗက်ခေါင်းတိုက်ပြီးဂိုးသွင်းနေပုံ
အက်ဖ်အေဖလားကွာတားပွဲစဉ်အဖြစ် ဖူဟမ်အသင်းက မန်ယူအသင်းအား အိမ်ရှင်အဖြစ်လက်ခံကစားခဲ့ရာ အိမ်ကွင်းမှတ်တမ်းကောင်း များရှိသူ ဖူဟမ်အသင်းအားမန်ယူအသင်းက 4-0 ဖြင့် အနိုင်ရရှိကာ ကွာတားအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်၊ ပွဲချိန် 20 မိနစ်မှာတော့ မန်ယူအသင်းအတွက် ပထမဆုံးဂိုးကို ထောင့်ကန်ဘောအဖြစ် မိုက်ကယ်ကားရစ်က ဂိုးရှေ့သို့မတင်ပေးရာ ရွန်နီကတဆင့် ခေါင်းတိုက်ပြီး တိဗက်ကဂိုးသမားပိတ်ထားသည့်ထောင့်ထဲသို့ထပ်မံခေါင်းဖြင့် တိုက်ကာသွင်းယူခဲ့သဖြင့် ပထမ ဂိုးရရှိခဲ့ခြင်းဖြစ်သည်၊ ဒုတိယဂိုးကိုတော့ ပွဲချိန် 35 မိနစ်တွင် တိဗက်က တစ်ကိုယ်တော် လိမ်ခေါက်ပြီး ပင်နယ်တီ ဧရိယာ စည်းအပြင်ဖက်မှနေ အပြင်းကန်သွင်းယူရာ ဂိုးသမားရှေ့ထွက်နေသဖြင့် ဘယ်ဖက်ထောင့်ထဲသို့ ၀င်ကာဒုတိယဂိုးပေးလိုက်ရပြီး ပထမပိုင်းကို မန်ယူအသင်းက 2 လုံးအသာဖြင့် ဦးဆောင်နေခဲ့သည်၊ ဒုတိယပိုင်းတွင် နလံထစ တိုက်စစ်မှူးရွန်နီက ဒုတိယပိုင်းအစ ပွဲချိန် 50 မိနစ်တွင်တစ်ဂိုးနှင့် ပွဲချိန် 81 မိနစ်တွင် အာရှသားလေး ပတ်ဂျီဆန်က အဆုံးသတ်ဂိုးကိုသွင်းယူနိုင်ခဲ့သဖြင့် 4-0 ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment