Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, March 2, 2009

လီဗာပူးအတွက်ချန်ပီယံမျော်လင့်ချက်ရိုက်ချိုးခံရ



အလွန်ဆို သူကြောင့်ဂိုးပေးလိုက်ရသဖြင့် စိတ်ဓတ်ကျနေပုံ



လီဗာပူးအသင်းဖက်သို့ ဒုတိယ အနိုင်ဂိုးသွင်းယူနိုင်ခဲ့သူ ဆမ်လီ

ပရီးယားလိဂ်၏ပွဲစဉ် ၂၇ အဖြစ် မစ်ဒယ်ဘရော့အသင်းက လီဗာပူးအသင်းအား အိမ်ကွင်း၌လက်ခံကစားခဲ့ရာ ၂-ဝ ဖြင့် အနိုင်ယူနိုင်ခဲ့သဖြင့် လီဗာပူးအသင်းမှာချန်ပီယံ ဖြစ်ရန်အတွက် ထိပ်ဆုံးမှ မန်ယူအသင်းနှင့် (မန်ယူတစ်ပွဲကျန် ) လက်ရှိ ၇ မှတ်ကွာဟလျက်ရှိရာ မန်ယူအသင်း အနေဖြင့် လက်ကျန် တစ်ပွဲ အနိုင်ရရှိပါက ၁ဝ မှတ်ကွာဟသွားမည်ဖြစ်သဖြင့် ပရီးမီးယားလိဂ်တွင် တစ်ကောင်တည်းပြေးသော မြင်းအဖြစ် ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် အားဆွတ်ခူးရရှိရန် အလားအလာ အကောင်းဆုံးအနေအထားသို့ ရောက်ရှိသွားပြီဖြစ်သည်။ ယခုပွဲတွင် မစ်ဒယ်ဘရော့အသင်းက ပွဲချိန် ၃၂ မိနစ်တွင် ဒေါင့်ကန်ဘော ကန်ခွင့် ရရှိသဖြင့် ဂိုးရှေ့သို့မတင်ပေးလိုက်ရာ လီဗာပူးကွင်းလယ်ကစားသမား ဖြစ်သူ အလွန်ဆို၏ ပေါင်ပေါ်မှတဆင့် ဂိုးဝင်သွားသဖြင့် ပထမပိုင်းကို မစ်ဒယ် ဘရော့အသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်ခွင့်ရရှိခဲ့သည်။ ဒုတိယဂိုးကိုတော့ မစ်ဒယ်ဘရော့တိုက်စစ်မှူးဖြစ်သူ ဆမ်လီက ပွဲချိန် ၆၃ မိနစ်တွင် သွင်းယူနိုင်ခဲ့သဖြင့် လီဗာပူအသင်း ပြန်လည်မချေပနိုင်ခဲ့သဖြင့် ၂-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ လီဗာပူး တိုက်စစ်မှူးဖြစ်သူ ဖာနန်ဒိုတောရက်စ်မကစားနိုင်ခဲ့ခြင်းက လီဗာပူး အတွက်များစွာအထိနာခဲ့သည်။

No comments: