
ဒရော့ဘာဂျုဗင်တပ်အသင်းဖက်သို့ဂိုးသွင်းယူနေပုံ

ဘီနာယောင်ရီးရယ်မက်ဒရစ်အသင်းဖက်သို့ခေါင်းတိုက်သွင်းယူအပြီးအောင်ပွဲခံနေပုံ
လီဗာပူးအသင်းက ရီးရယ်မက် ဒရစ်အသင်းအားအဝေးကွင်းတွင် မိနစ် ၈၂ တွင်ဘီနာယောင်ခေါင်းတိုက်သွင်းယူခဲ့သဖြင့် အဝေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။ ချဲယ်ဆီးအသင်းကတော့ အိမ်ကွင်းတွင် ဂျုဗင်တပ်အသင်းအား ပွဲချိန် ၁ဝ မိနစ်တွင် ဒရော့ဘာသွင်းယူသည့်တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။ အာဆင်နယ် အသင်းကတော့ အိမ်ကွင်းတွင် ရိုးမားအသင်းအား ပွဲချိန် ၃၇ မိနစ်တွင် ဗန်ပါစီသွင်းယူသည့်တစ်လုံးတည်းသော အနိုင်ဂိုးကို အိမ်ကွင်းတွင် သွင်းယူနိုင်ခဲ့သဖြင့် အင်္ဂလန်အသင်းများ နောက်တစ်ကျော့တွင် သရေ ကစားနိုင်ရုံဖြင့် ချန်ပီယံလိဂ် ကွားတာအဆင့်အားဖြတ်ကျော်နိုင်လိမ့်မည် ဖြစ်သည်။ မန်ယူအသင်းအနေဖြင့် အင်တာအသင်း၏အိမ်ကွင်းတွင် ဂိုးမရှိသရေ ဖြင့်သဖြင့် မန်ယူအိမ်ကွင်းတွင် အနိုင်ကန်နိုင်မှသာ ကွားတားအဆင့်အား ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
No comments:
Post a Comment