Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Wednesday, February 25, 2009

အင်တာအသင်းအိမ်ကွင်း၌ မန်ယူအသင်းအားသရေသာကစားနိုင်



မန်ယူအသင်းအတွက်ဂိုးသွင်းခွင့်ရရှိရန်ကြိုးစားသူစီရော်နယ်ဒို



မန်ယူအသင်းကန်သွင်းသည့် သေချာပေါက်ဂိုးများကိုကာကွယ်နိုင်သူအင်တာဂိုးသမားဆီဇာ

ချန်ပီယံလိဂ်ကွားတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်တာအသင်းက မန်ယူအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားခဲ့ရာ ဝ-ဝ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။ ယခုပွဲတွင် မန်ယူအသင်းက ရှေ့တန်းတွင် တိုက်စစ်မှူး ဘာဘာဗ်တော့အား အထောင်ထားကာ ဂိုးမပေးရရေးအတွက် အဓိက ထားကစားသွားသည်ကိုတွေ့ ရှိရသည်။ နောက်တန်းတွင် ဖာဒီနန် ၊ အီဗန် ၊ အိုရှေးရား ၊ အီဗရာ အလယ်တန်းတွင် ဖလက်ချာ ၊ ပတ်ဂျီဆန် ၊ စီရော်နယ်ဒို ၊ ကားရစ် ၊ ဂစ် တို့ ကစားပြီး ဂိုးသမားကတော့ ဗန်ဒါဆားတို့ ဖြင့် ပွဲထုတ်လာခဲ့သည်ကိုတွေ့ ရှိရသည်။ စီရော်နယ်ဒို၏ ဖရီးကစ် ကန်သွင်းချက် များနှင့် ဂစ် ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့သည့် ကန်သွင်းချက်များကိုတော့ အင်တာ ဂိုးသမားဖြစ်သူ ဆီဇာက လက်စွမ်းပြ ကာကွယ်သွားနိုင်သဖြင့်သာ အင်တာအသင်းမရြံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် အင်တာ နည်းပြဖြစ်သူ မော်ရင်ဟို အသာစီးမရခဲ့ပဲ မန်ယူအသင်း၏ တိုက်စစ်များကိုသာ ကာကွယ်ခဲ့ရသည်ကို တွေရှိရသည်။ မတ်လ ၁၁ ရက်နေ့တွင် မန်ယူအသင်းက အိမ်ကွင်းတွင် အင်တာအသင်းအား ဧည့်ခံကစားရမည် ဖြစ်သည်။

အဂီါနေ့ည ချန်ပီယံလိဂ် အနိုင်အရှုံးပွဲစဉ်များ

အာဆင်နယ် 1-0 ရိုးမား (အာဆင်နယ်အသင်းအတွက်တစ်လုံးတည်းသော ဂိုးကိုတော့တိုက်စစ်မှူးဖြစ်သူ ဗန်ပါစီက ပွဲချိန် 37 မိနစ်တွင်သွင်းယူပေးခဲ့သည်)

အာဆင်နယ်တိုက်စစ်မှူးဗန်ပါစီရိုးမားဖက်သို့ဂိုးသွင်းယူနေပုံ

လိုင်ယွန် 1-1 ဘာစီလိုနာ
အက်စ်သလက်တီကိုမက်စ်ဒရစ် 2-2 ပေါ်တို

No comments: