Subscribe

RSS Feed (xml)



Powered By

Powered by Blogger

Monday, February 23, 2009

မန်ယူအသင်းဘလက်ဘန်းအသင်းအားခက်ခက်ခဲခဲဖြင့်နိုင်



မန်ယူအတွက်အဖိုးတန် အနိုင်ဂိုးအားဖရီးကဒ်ဖြင့်သွင်းယူနေသူစီရော်နယ်ဒို



မန်ယူအသင်းတင်ထားသည့်ပေးဂိုးမရှိစံချိန်ကိုချိုးဖျတ်နိုင်သူ ဘလက်ဘန်းတိုက်စစ်မှူးဖြစ်သူ ဆန်တာခရု



နာနီဖန်တီးပေးသဖြင့် ဂိုးသွင်းအပြီးရွန်နီအောင်ပွဲခံနေပုံ

မန်ယူအသင်း အိမ်ကွင်းတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် ဘလက်ဘန်းအသင်းအား ဧည့်ခံကစားခဲ့ရာ ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ပထမဂိုးကိုတော့ပွဲချိန် ၂၃ မိနစ်တွင် နာနီ၏ဖန်တီးပေးမှုမှ တိုက်စစ်မှူးဖြစ်သူ ရွန်နီက ကန်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဂိုးအသာဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ဘလက်ဘန်းအသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်တွင် တိုက်စစ်မှူး ဆန်တာခရုက ဂိုးသမား ကုဇတ်အား လိမ်ခေါက်ကာ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်၏ ၁၄ ပွဲဆက်တိုက် ပေးဂိုးမရှိစံချိန် ကိုချိုးဖျတ်နိုင်ခဲ့သည်။ မန်ယူအသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၆ဝ တွင် ကမBာ့အကောင်းဆုံးဆုရရှိထားသူ စီရော်နယ်ဒိုမှ ပြစ်ဒဏ်ဘောမှ တဆင့် လှလှပပ ဖရီးကဒ်မှတဆင့်သွင်းယူသွားခဲ့သဖြင့် အမှတ်ပေး ဇယားတွင် ဒုတိယနေရာမှ လီဗာပူးအား ၇ မှတ်ဖြတ်ကာ ဂိုးကွာခြားချက် ၁ဝ ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

စနေ တနင်္ဂနွေ အနိုင်အရှုံးပွဲစဉ်များ
ဖူဟမ် ၂-၀ ၀က်စ်ဘရောင်း
နယူးကာဆယ် ၀-၀ အဲဗာတန်
အာဆင်နယ် ၀-၀ ဆန်းဒါးလန်
အက်စတွန်ဗီလာ ၀-၁ ချဲယ်လ်ဆီး
ဘော်လ်တန် ၂-၁ ၀က်စ်ဟမ်း
မစ်ဒယ်ဘရော့စ် ၀-၀ ၀ီဂန်
စတုတ် ၂-၂ ပို့စ်မောက်စ်

No comments: